lang Burmese

  • English
  • French
  • Burmese
  • ကျွန်ုပ်တို့အကြောင်း
  • ငါ့နည်းလမ်းကို ရှာပါ
  • နည်းလမ်းများကို နှိုင်းယှဉ်ပါ
  • SRHR အရင်းအမြစ်များ
  • FAQs
  • ဖိုရမ်

သန္ဓေတားဆေးတွေကို ဘာဖြစ်လို့ အသုံးပြုသင့်တာလဲ။

မကြာခဏမေးသောမေးခွန်းများ » ဘေးကင်းလုံခြုံမှု » သန္ဓေတားဆေးတွေကို ဘာဖြစ်လို့ အသုံးပြုသင့်တာလဲ။

သန္ဓေတားဆေးတွေကို ဘာဖြစ်လို့ အသုံးပြုသင့်တာလဲ။

သန္ဓေတားဆေးအသုံးပြုခြင်းသည် လူတစ်ဦးချင်းနှင့် ယေဘုယျအားဖြင့် ပိုမိုကျယ်ပြန့်သည့် လူမှုအသိုက်အဝန်းနှင့် လူမှုအဖွဲ့အစည်းကို အကျိုးရှိစေနိုင်ပါသည်6 ။

သန္ဓေတားဆေးများက သင်ကလေးရယူလိုသည့်အချိန်၊ သင်အလိုရှိသည့် ကလေးအရေအတွက်ကိုသာမက သင်ကလေးလုံးဝ အလိုရှိသည်မရှိသည်ကိုပင် ဆုံးဖြတ်နိုင်စေသည့် သင့်အတွက် ရွေးချယ်စရာများကို ပေးစွမ်းပါသည်။

သန္ဓေတားဆေးများသည် ဘေးအန္တရာယ်မဆိုစလောက်မျှသာ ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ၎င်းတို့က ငယ်ရွယ်သည့် အမျိုးသမီးများအား ပိုမိုကြီးရင့်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်များက ကိုယ်ဝန်ဆောင်နိုင်ရန် ထောက်ပံ့ပေးနိုင်လောက်သည်အချိန်အထိ အချိန်စောင့်ဆိုင်းနိုင်စေပြီး အသက်ကြီးသည့် အမျိုးသမီးများအနေဖြင့်လည်း ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းကို သက်တောင့်သက်သာစွာ မလုပ်ဆောင်နိုင်တော့သည့်အချိန်တွင် ကိုယ်ဝန်ရှိခြင်းကို တားဆီးနိုင်စေသည်။

သန္ဓေတားဆေးများသည် ၎င်းတို့၏ ဆက်ဆံရေးများနှင့် သက်မွေးဝမ်းကြောင်းများကို အပျက်သဘော သက်ရောက်စေနိုင်သည့် ကိုယ်ဝန်ဆောင်မှုများကို တားဆီးပေးနိုင်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုများသည် မွေးကင်းစကလေး၏ ကျန်းမာ‌ရေးကို ဆိုးရွားစွာ သက်ရောက်စေနိုင်ပြီး ဆယ်ကျော်သက်မိခင်များမှ မွေးဖွားသောကလေးများသည် ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာနိုင်ခြင်းနှင့် မွေးကင်းစကလေးသေဆုံးနိုင်ခြေ (၂၈ ရက်အတွင်း ကလေးသေဆုံးမှု) ပိုမိုမြင့်တက်စေနိုင်သည်။

အလွန်နီးကပ်သည့်ကိုယ်ဝန်ဆောင်မှုများသည် မွေးကင်းစကလေးသေဆုံးနှုန်း (အသက်တစ်နှစ်အောက်ကလေး သေဆုံးမှုအရေအတွက်) ကို မြင့်မားစေနိုင်သဖြင့် ယေဘုယျအားဖြင့် သန္ဓေတားဆေးများက ပိုမိုကျန်းမာသန်စွမ်းသည့် ကလေးငယ်များကို ဖြည့်ဆည်းပံ့ပိုးပေးလေသည်။ ၎င်းတို့မိဘများသည် သားဆက်အလွန်နီးကပ်သဖြင့် မိဘများသည် ၎င်းတို့မွေးကင်းစကလေးများကို အကောင်းဆုံးစောင့်ရှောက်နိုင်ရန် ရုန်းကန်ကြိုးစားရနိုင်ပါသည်။

သန္ဓေတားဆေးများသည် လူဦးရေးကြီးထွားတိုးတက်လာမှုကို နှေးကွေးစေနိုင်သဖြင့် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေးစနစ်နှင့် ကျန်းမာ‌ရေးဝန်ဆောင်မှုများကို အပြုသဘော သက်ရောက်စေနိုင်သည်။


ကိုးကားချက်များ:

  1. “သန္ဓေတားဆေးများ သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ။” မိသားစုစီမံကိန်း , www.familyplanning.org.nz/news/2013/benefits-of-contraception-use ။ ဒီဇင်ဘာလ 2020 တွင် ဝင်ရောက်အသုံးပြုခွင့်ပေးထားသည်။

FAQ's

  • ကျွန်ုပ်တို့၏ အကြောင်း
  • ခန္ဓာကိုယ်
  • ဘေးကင်းလုံခြုံမှု
  • သားအိမ်ခေါင်းအဖုံး
  • အမြှေးပြား
  • အရေးပေါ်သန္ဓေတားဆေးများ
  • အမျိုးသားသုံးကွန်ဒုံး
  • မျိုးပွားမှုအသိအမြင်
  • ဟော်မုန်းမပါသော IUD (သားအိမ်တွင်းထဲ့ကရိယာ)
  • Implant
  • အတွင်းသုံးကွန်ဒုံး (အမျိုးသမီးကွန်ဒုံး)
  • ဟော်မုန်းမဟုတ်သော IUD
  • အခုမရသေးဘူး
  • သုက်ပိုးသေဆေး
  • ရေမြှုပ်
  • သားကြောဖြတ်ခြင်း
  • ထိုးဆေး
  • ကပ်ခွာပြား
  • ဆေးလုံး
  • အဝိုင်းကွင်း
  • သုတ်ရည်အပြင်ထုတ်နည်း

info@findmymethod.org

Find My Method သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်နွယ်သည်။

Find My Method တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန် အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုနှင့် မသက်ဆိုင်ပါ။

  • စည်းကမ်းသတ်မှတ်ချက်များ
  • ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒ
lang Burmese
  • English
  • French
  • Burmese
ဤ၀ဘ်ဆိုဒ် ပုံမှန်လည်ပတ်ရန် အမျိုးအမည်မသိ cookies ကွတ်ကီးများနှင့ အခြား၀န်ဆောင်မှုအမျိုးမျိုး လိုအပ်နိုင်သည်။ ကျွန်ုပ်တို့၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒများကို သင် ဖတ်ရှုနိုင်ပါသည်။ ဤဆိုဒ်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့် သင်သည် ထိုသို့ပြုလုပ်ရန် ကျွန်ုပ်တို့ကို ခွင့်ပြုချက်ပေးနေသည်။