သန္ဓေတားဆေးတွေဟာ ဘယ်လိုအလုပ်လုပ်သလဲ။

သန္ဓေတားဆေးအမျိုးမျိုးသည် ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်နှင့် လိင်မှတဆင့် ပျံ့နှံ့သော ကူးစက်မှုများနှင့် ရောဂါများကို ကာကွယ်တားဆီးရန် လုပ်ငန်းစဉ်အမျိုးမျိုးကို အသုံးပြုသည်။ အဆိုပါ လုပ်ငန်းစဉ်များတွင်- (သားအိမ်များက မမျိုးဥကို ထုတ်ပေးသည့်အခါ) သားဥထွက်ခြင်းကို ရပ်တန့်ခြင်း၊ သုက်ပိုးအား မမျိုးဥထံသို့ မရောက်ရှိစေရန် ပိတ်ဆို့ခြင်း၊ သုက်ပိုးအား သားအိမ်သို့ ဝင်ရောက်ခြင်းမှ တားဆီးရန် သားအိမ်အချွဲမြှေးကို ထူထဲစေခြင်း၊ သုက်ပိုးသည် ယောနိအတွင်း မဝင်ရောက်မီ အပြည့်အဝ ပိတ်ဆို့ခြင်းနှင့် မမျိုးဥများနှင့် သုက်ပိုးတို့ တွေ့ဆုံသည့်လမ်းကြောင်းတစ်လျောက်ကို ထာဝစဉ်ပိတ်ဆို့ထားခြင်းတို့ပါဝင်သည်။အသေးစိတ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ဘလော့ဂ်ဖြစ်သည့် “ သန္ဓေတားဆေးများ၏ အမှန်တကယ် အလုပ်လုပ်ပုံ” ကို ဖတ်ရှုပါ။