lang ဗမာစာ

  • English
  • Français
  • ဗမာစာ
  • ကျွန်ုပ်တို့အကြောင်း
  • ငါ့နည်းလမ်းကို ရှာပါ
  • နည်းလမ်းများကို နှိုင်းယှဉ်ပါ
  • SRHR အရင်းအမြစ်များ
  • FAQs
  • ဖိုရမ်

သန္ဓေတားဆေးအသုံးပြုခြင်းက စိတ်မူအပြောင်းအလဲတွေကို ဖြစ်စေနိုင်သလား။

မကြာခဏမေးသောမေးခွန်းများ » ဘေးကင်းလုံခြုံမှု » သန္ဓေတားဆေးအသုံးပြုခြင်းက စိတ်မူအပြောင်းအလဲတွေကို ဖြစ်စေနိုင်သလား။

သန္ဓေတားဆေးအသုံးပြုခြင်းက စိတ်မူအပြောင်းအလဲတွေကို ဖြစ်စေနိုင်သလား။

ပုံမှန် ရာသီသွေးစက်ဝန်းတစ်ခု (၂၈ ရက်) တွင်ဟော်မုန်းများသည် အတက်အကျရှိသည်။ အီထရိုဂျင်ဟော်မုန်းသည် စက်ဝန်းတလျှောက်တွင် ထက်ဝက်ခန့် (၁၄ ရက်ခန့်) မှာ အမြင့်မားဆုံး အခြေအနေတွင်ရှိသည်။ ဤအချက်တွင် လူအများစုသည် ရုပ်ပိုင်းဆိုင်ရာအရ ကောင်းမွန်စွာ ခံစားမိကြပြီး စိတ်လှုပ်ရှားခံစားမှုအရ ပီတိဖြစ်ကြသည်။ ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများသည် ဤသို့ အတက်အကျဖြစ်ပေါ်ခြင်းနှင့်အတူ ဟော်မုန်းများ၏ တသမတ်တည်းသော အဆင့်ကို ၂၁ ရက်ကြာ ထိန်းသိမ်းထားသည်။ ထို့‌နောက် စက်ဝန်း၏ နောက်ဆုံး ခုနှစ်ရက်တာကာလအတွင်း ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်းများသည် အလွန်လျင်မြန်စွာ ကျဆင်းသွားပြီး လူအချို့တွင် စိတ်ကသိကအောက်ဖြစ်စေရန် ဦးတည်စေနိုင်လေသည်။

ဟော်မုန်းပါဝင်သည့် သားဆက်ခြားခြင်းကို ပြုလုပ်သည့် အမျိုးသမီးများသည် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကဖြစ်ခြင်းနှင့် ဒေါသထွက်ခြင်းကို ပိုမိုကြုံတွေ့ရကြောင်း သုတေသနအချို့တွင် ဖော်ပြထားသည်။ အလားတူ ဟော်မုန်းပါဝင်သည့် သန္ဓေတားဆေးများနှင့် စိတ်မူအပြောင်းအလဲများအကြား သိသာသောဆက်နွယ်မှုမရှိကြောင်း အခြားသုတေသနပြုမှုတစ်ခုတွင် ဖော်ပြထားသည်။

ဆေးပြားသောက်သုံးသည့် အမျိုးသမီးများနှင့် ဆေးပြားအစားထိုး (ဆေးအတု) ရရှိကြသူအမျိုးသမီးများသည် စိတ်အခြေအနေအတွင်း တစ်မျိုးတည်းသော စိတ်မူအပြောင်းအလဲကို တွေ့ရှိရသည့်အတွက် ဆေးပြားနှင့် စိတ်အခြေအနေအကြားဆက်နွယ်မှုမရှိသည်ကိုတွေ့ရကြောင်း အချို့လေ့လာမှုများက ဖော်ပြပါသည်။
စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ မတည်မငြိမ်ဖြစ်မှုနှင့် ဟော်မုန်းပါဝင်သည့် သန္ဓေတားဆေးများအကြားမှာ ဆက်နွယ်မှုမှာ အထင်အရှားမရှိသော်လည်း လူအများအပြားသည် အောက်ပါအကြောင်းတရားများကြောင့် ဤနှစ်ခုကို ဆက်နွယ်သယောင်ထင်မြင်နေကြဆဲဖြစ်ပါသည် [1] –

  • ဟော်မုန်းအဆင့်များအတွင်း အပြောင်းအလဲများကို မြင့်မားစွာ ခံစားသိရှိလာခြင်း။
  • ကိုယ်ဝန်တားဆီးခြင်းနှင့် သန္ဓေတားဆေးများကို မှန်ကန်စွာ အသုံးပြုခြင်းကြောင့် စိတ်ဖိစီးမှုခံစားရခြင်းနှင့်
  • အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်သောကရောက်ခြင်းကဲ့သို့ စိတ်ကျန်းမာရေးပြဿနာများရှိပြီးသားဖြစ်သည့်

အမျိုးသမီးများအနေဖြင့် ဖြစ်လာနိုင်ခြေရှိသည့် ရောဂါလက္ခဏာများကို ပိုမိုသတိပြုမိလာခြင်း


ကိုးကားချက်များ:

  1. ကိုးကားချက်များ WebMD, www.webmd.com/sex/birth-control/birth-control-mood-link . ဒီဇင်ဘာလ 2020 တွင် ဝင်ရောက်အသုံးပြုခွင့်ပေးထားသည်။

FAQ's

  • ကျွန်ုပ်တို့၏ အကြောင်း
  • ခန္ဓာကိုယ်
  • ဘေးကင်းလုံခြုံမှု
  • သားအိမ်ခေါင်းအဖုံး
  • အမြှေးပြား
  • အရေးပေါ်သန္ဓေတားဆေးများ
  • အမျိုးသားသုံးကွန်ဒုံး
  • မျိုးပွားမှုအသိအမြင်
  • ဟော်မုန်းမပါသော IUD (သားအိမ်တွင်းထဲ့ကရိယာ)
  • Implant
  • အတွင်းသုံးကွန်ဒုံး (အမျိုးသမီးကွန်ဒုံး)
  • ဟော်မုန်းမဟုတ်သော IUD
  • အခုမရသေးဘူး
  • သုက်ပိုးသေဆေး
  • ရေမြှုပ်
  • သားကြောဖြတ်ခြင်း
  • ထိုးဆေး
  • ကပ်ခွာပြား
  • ဆေးလုံး
  • အဝိုင်းကွင်း
  • သုတ်ရည်အပြင်ထုတ်နည်း

info@findmymethod.org

Find My Method သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်နွယ်သည်။

Find My Method တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန် အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုနှင့် မသက်ဆိုင်ပါ။

  • စည်းကမ်းသတ်မှတ်ချက်များ
  • ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒ
lang ဗမာစာ
  • English
  • Français
  • ဗမာစာ
ဤ၀ဘ်ဆိုဒ် ပုံမှန်လည်ပတ်ရန် အမျိုးအမည်မသိ cookies ကွတ်ကီးများနှင့ အခြား၀န်ဆောင်မှုအမျိုးမျိုး လိုအပ်နိုင်သည်။ ကျွန်ုပ်တို့၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒများကို သင် ဖတ်ရှုနိုင်ပါသည်။ ဤဆိုဒ်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့် သင်သည် ထိုသို့ပြုလုပ်ရန် ကျွန်ုပ်တို့ကို ခွင့်ပြုချက်ပေးနေသည်။