သားအိမ်အတွင်းသားခွဲစိတ်ခဲ့ရလို့ ကိုယ်ဝန်ဆောင်ဖို့ စိုးရိမ်ပူပန်မိပါတယ်။ သားကြောဖြတ်ခြင်းဟာ စိတ်ကူးကောင်းတစ်ခုလား။

သားအိမ်သားခွဲစိတ်ရပြီးနောက် ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်သလို ဆောင်ဖို့မသင့်ပါ။ ဒါပေမဲ့ ဒါမျိုးဖြစ်နိုင်ပါတယ်။ သားအိမ်အတွင်းသား ခွဲစိတ်ခဲ့ရဖူးသော အမျိုးသမီးတွေဟာ သွေးဆုံးပြီးသည်ထိ သန္ဓေတားဆေးကို အသုံးပြုသင့်ပါတယ်။ အဲဒီလုပ်ဆောင်မှုအပြီး ကိုယ်ဝန်ရရန်ဖြစ်နိုင်ပေမဲ့ သားအိမ်အတွင်းသား ခွဲစိတ်ခဲ့ရဖူးပြီးရတဲ့ ကိုယ်ဝန်ဟာ ရှုပ်ထွေးနိုင်ပါတယ်၊ ဒါ့ကြောင့် သင် (နောက်ထပ်) ကလေးများမလိုချင်တာ သေချာမသိပါက သားကြောဖြတ်ခြင်းမလုပ်သင့်ပါ။ အကယ်၍ သင်ဟာ သားအိမ်အတွင်းသားခွဲစိတ်ခဲ့ရဖူးပြီး အစီအစဉ်မရှိပဲကိုယ်၀န်ရမှာကို ဘယ်အခါမှ ပူပန်စရာမလိုတော့အောင် သေချာစေဖို့ သားကြောဖြတ်လိုက်တာဟာ ရွေးကောင်းစရာဖြစ်နိုင်ပါတယ်။


References:

  1. World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1