ငါ့ IUS ထွက်လာခဲ့တယ်။ နောက်တစ်ခါထပ်ဖြစ်ဦးမလား။
အမျိုးသမီးရာနှုန်းအနည်းငယ်တွင် IUS ထွက်လာခြင်းသည် ထဲ့သွင်းပြီးနောက်တစ်နှစ်တွင် ဖြစ်ပွားနိုင်သည်။ ထွက်ကျလာချေများနိုင်သော အမျိုးသမီးများမှာ[1]:
ကိုယ်ဝန်မရှိဖူးသူ
အသက် ၂၀ ထက်ငယ်သူ
အလွန်များသော သို့မဟုတ် အလွန်နာကျင်သည့်ရာသီလာခြင်းဖြစ်ဖူးသူ
IUS ကိုမီးဖွားပြီးပြီးချင်း သို့မဟုတ် ဒုတိယသုံးလပတ်ကိုယ်ဝန်ပျက်ကျခဲ့ပြီး ထည့်သွင်းခဲ့သည်
IUS တစိတ်တပိုင်းထွက်လာခြင်းသည် နေရာမှန်မရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ သားအိမ်တွင်းအတော်နိမ့်သည့်နေရာတွင်ရှိခဲ့၍ ထွက်လာခြင်းဖြစ်နိုင်သည်။ ၎င်းသည်ထည့်သွင်းသည့်အချိန်တွင်ဖြစ်ခဲ့သည် သို့မဟုတ် သားအိမ်၏ဝိသေသလက္ခဏာများနှင့်ဆက်စပ်သော အရွယ်အစား၊ ထောင့် (သို့) အသားလုံးကဲ့သို့ ပုံသဏ္ဍန်မမှန်စေသော အခြေအနေများရှိနေခြင်းကြောင့်ဖြစ်နိုင်သည်။ IUS ထွက်ကျသောအမျိုးသမီးများအတွက် နောက်ထပ် IUS ထွက်ကျနိုင်ချေ ပိုမိုမြင့်မားနိုင်သည်။[2].
အလုပ်မဖြစ်သေးဘူးလား။ IUS ကို သုံးရလွယ်ပေမယ့် ထွက်ကျလာသောြပသနာရှိနေပါက တာရှည်ခံပြီးထိန်းသိမ်မှုသိပ်မလိုသည့်ရွေးချယ်ခွင့်ဖြစ်သော implant ကို ပြောင်းသုံးနိုင်သည်။
အခြားနည်းလမ်းသုံးမယ်-implant
ကိုးကားချက်များ
- Nelson, A. L., & Massoudi, N. (2016). New developments in intrauterine device use: focus on the US. မှရယူရန် https://www.dovepress.com/new-developments-in-intrauterine-device-use-focus-on-the-us-peer-reviewed-fulltext-article-OAJC
- World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. မှရယူရန် https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1