သုတ်ရည်အပြင်ထုတ်နည်း | Find My Method
 
withdrawal
  • သုတ်ရည်အပြင်ထုတ်ခြင်းဟာ အခမဲ့ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံသွားစရာမလိုပါ။
  • ထိရောက်မှု- အတန်သင့်ထိရောက်သော။ ဒါပေမဲ့ အမျိုးသားက အကြိမ်ရေတိုင်းမှာ ဆွဲထုတ်မှသာ။ သာမန်အသုံးပြုမှုဖြင့်လူ ၁၀၀ လျှင် ၇၈ ယောက်သာလျှင် ကိုယ်ဝန်ကို တားဆီးဖို့ စီမံနိုင်ပါမယ်။
  • ဘေးထွက်ဆိုးကျိုးများ – ဟော်မုန်းမပါ၊ ကိရိယာများမလို၊ ဘေးထွက်ဆိုးကျိုးများမရှိပါ
  • အားထုတ်ရမှု- မြင့်မားသော။ လိင်ဆက်ဆံတိုင်းမှာ အမျိုးသားက ဆွဲထုတ်ရပါမယ်။
  • လိင်မှတဆင့်ကူးစက်သောရောဂါများ (STIs) မှကာကွယ်ခြင်းမရှိပါ

အကျဉ်းချုပ်

သုတ်ရည်အပြင်ထုတ်နည်းလမ်းနဲ့ သန္ဓေတားခြင်း

သုတ်ရည်အပြင်ထုတ်နည်းလမ်းအကျဉ်းချုပ်

သုတ်ရည်အပြင်ထုတ်ခြင်းဟာ ရှေးအကျဆုံး သန္ဓေတားဆေးပုံစံတစ်မျိုး ဖြစ်တယ်။ အလွန်ရိုးရှင်းပါတယ် – ယောက်ျားက သုတ်ရည်မထွက်ခင် မိန်းမထဲကနေ ဆွဲထုတ်ရပါတယ်။ ဒီနည်းလမ်းမှာ သင်ဟာ အကြိမ်တိုင်းမှာ မှန်ကန်စွာလုပ်ဖို့ လိုပါတယ်။

အသေးစိတ်များ

သင်ကိုယ်ဝန်ရရန်စိတ်မပူရပါ။ သုတ်ရည်အပြင်ထုတ်ခြင်းရဲ့ မအောင်မြင်တဲ့နှုန်းက မြင့်ပါတယ်။ ကိုယ်ဝန်မရချင်ရင်တော့ အခြားနည်းလမ်းတစ်ခုကို သုံးရပါမယ်။
အမျိုးသားမှာ သူ ဘယ်အချိန်မှာ သုတ်ရည်ထွက်မယ်ဆိုတာကို သိပါတယ်။ သုတ်ရည်အပြင်ထုတ်ခြင်းမှာ အတော်မြင့်မြင့်အသိရှိဖို့နဲ့ သုတ်ရည်ထွက်မဲ့အချိန်ကိုကြိုတင်ခန့်မှန်းတဲ့စွမ်းရည်(မဖြစ်ခင်ဆွဲထုတ်လိုက်ဖို့) လိုပါတယ်။ သုတ်မထွက်ခင်အရည်မှာလဲ သုတ်ပိုးပါလာနိုင်တာ သတိထားပါ။ ဒါကြောင့် သုတ်မထွက်မှီ ဆွဲထုတ်တာတောင်မှ မိန်းမမှာ ကိုယ်ဝန်ရှိနေနိုင်ခြေရှိပါသေးတယ်။
ဒါကိုအခြားနည်းလမ်းနဲ့အတူ သုံးနိုင်ပါတယ်။ သုတ်ရည်အပြင်ထုတ်ခြင်းကို အခြားနည်းလမ်းနဲ့ အရန်အနေနဲ့ သုံးနိုင်ပါတယ်။
အတော်ကို အကုန်အကျသက်သာပါတယ်။ သုတ်ရည်အပြင်ထုတ်ခြင်းဟာ ဘာမှမရှိတာထက်တော့ ကောင်းပြီး လုံးဝအခမဲ့ပါ။ [3]
ဆေးညွှန်းမလိုပါ။

အသုံးပြုနည်း

သုတ်ရည်အပြင်ထုတ်ခြင်းနည်းလမ်းဟာအမျိုးသားနဲ့ သူ့ချုပ်တည်းမှုအပါ်မှာ မူတည်ပါတယ်။ သူဟာ သုတ်ရည်မထွက်ခင် ဆွဲထုတ်ဖို့ လိုအပ်ပြီး သူ့သုတ်ရည်ကို အမျိုးသမီးအင်္ဂါဇာတ်နှင့်ဝေးဝေးထားဖို့ရန် လိုအပ်ပါတယ်။ ဒါ့ကြောင်း အမျိုးသားဟာသူ့လိင်ပိုင်းဆိုင်ရာတုံ့ပြန်ပုံကို နားလည်ထားဖို့ အတော်အရေးကြီးပါတယ်။
သုတ်ရည်အပြင်ထုတ်ခြင်းဟာ ဘာမှမရှိတာထက်ပိုကောင်းပေမဲ့ သင်ကိုယ်ဝန်မရဖို့အတွက် အလေးအနက်ထားရင်တော့ အတော်အသင့် အန္တရာယ်များပါတယ်။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။
ကောင်းတဲ့အချက်များ:[5]
စျေးမကြီးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ
ဆေးညွှန်းမလိုပါ
မကောင်းတဲ့အချက်များ:[3]
သုတ်ရည်အပြင်ထုတ်ခြင်းရဲ့တခုတည်းသောဘေးထွက်ဆိုးကျိုးကတော့ သင်အသင့်မဖြစ်ခင် ကိုယ်ဝန်ရလာနိုင်တာပါပဲ။
အကြီမ်တိုင်းမှာ အတိအကျလိုက်လုပ်ဖို့ ခက်ခဲတယ်
အရက်မူးနေပါက သတိရဖို့ခက်
သုတ်ရည်အပြင်ထုတ်ခြင်းကို ပိုပြီးထိရောက်အောင် သုတ်ပိုးသေဆေးနဲ့တွဲသုံးချင်ပါလိမ့်မယ်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

ကိုးကားချက်များ

[1] Planned Parenthood . (2020). Withdrawal (Pull Out Method). Retrieved from Planned Parenthood https://www.plannedparenthood.org/learn/birth-control/withdrawal-pull-out-method
[2] SOGC The Society of Obstetricians and Gynaecologists of Canada. (2016). Contraception. Retrieved from https://www.sexandu.ca/wp-content/uploads/2016/09/Contraception_Methods_Booklet.pdf
[3] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 4: Natural Family Planning. JOGC Journal of Obstetrics and Gynaecology Canada. Retrieved from https://www.jogc.com/article/S1701-2163(16)39375-6/pdf
[4] Vogelsong, K. M. (2017). Natural Contraceptive Methods. UNDP/UNFPA/WHO/World Bank Special Programme of Research, Development and Research Training in Human Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[5] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[6] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ဗမာစာ