အဝိုင်းကွင်း | Find My Method
 
  • ထည့်သွင်းရန်လွယ်ကူသည်
  • တစ်ကြိမ်ထည့်ထားလျှင် တစ်လ သင့်ကိုကိုယ်ဝန်မှ ကာကွယ်ထားသည်
  • ထိရောက်မှု- အတိအကျ သောက်ပါက အမျိုးသမီး ၁၀၀ လျှင် ၉၉ ယောက်သည်ကိုယ်ဝန်ကိုကာကွယ်နိုင်လိမ့်မည်။ ပုံမှန်အသုံးပြုခြင်း သို့မဟုတ် အများစုအသုံးပြုသည့်နည်းအရ အဝိုင်းကွင်းသည် အသုံးပြုသောအမျိုးသမီး ၁၀၀ တွင် ၉၁ ဦးကို ကိုယ်ဝန်မှကာကွယ်ပေးသည်။ ”
  • ဘေးထွက်ဆိုးကျိုးများ – အဖြစ်များဆုံးမှာ ပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ မိန်းမကိုယ်ကအရည်ဆင်းခြင်း ပိုလာခြင်း၊ ရင်သားနာခြင်း သို့မဟုတ် ပျို့ခြင်းများ ဖြစ်သည်။ ၎င်းတို့သည် များသောအားဖြင့် ယာယီသာဖြစ်သည်
  • အားထုတ်ရမှု- အလယ်အလတ်။ အဝိုင်းကွင်းကိုထည့်ပါ။ ၃ ပတ် စောင့်ပါ။ အဝိုင်းကွင်းကို ဖယ်ရှားပါ။ ၁ ပတ် စောင့်ပါ။ ပြန် စ လုပ်ပါ။
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

အကျဉ်းချုပ်

မွေးဖွားမှုထိန်းချုပ်ပေးသောအဝိုင်းကွင်း

သန္ဓေတားသောမိန်းမကိုယ်အဝိုင်းကွင်း အကျဉ်းချုပ်

ကွေးနိုင်သည့်အဝိုင်းကွင်းလေးသည် သင်၏လိင်အင်္ဂါအတွင်း ထည့်သွင်းထားရှိနိုင်သည်။ ၎င်းကို တစ်ကြိမ်လျှင် သုံးပတ်ထားခဲ့ပြီး စတုတ္ထအပတ်တွင် ထုတ်ယူသည်။ အဝိုင်းကွင်းသည် ကိုယ်ဝန်ကိုနည်းလမ်းနှစ်မျိုးဖြင့်ကာကွယ်သည်။ ၎င်းသည် မျိုးဥအိမ်မှမျိုးဥကိုတားပေးသောဟိုမုန်းများထွက်စေပြီး သားအိမ်ခေါင်းချွဲကိုပိုထူလာစေကာ သုက်ပိုးများ မျိုးဥသို့မရောက်ရှိအောင် တားဆီးပေးသည်။

အသေးစိတ်များ

လစဉ် အားထုတ်ရမှုအနည်းငယ်သာလိုအပ်သည်။ သင်သည်ဆေးထိုးအပ်များကိုကြောက်လန့်ပါက သို့မဟုတ် နေ့စဉ်ဆေးသောက်ရန်မေ့တတ်သောလူစားမျိုးဖြစ်လျှင် အဝိုင်းကွင်းသည်ရွေးချယ်ခွင့်ကောင်းဖြစ်နိုင်သည်။ ပြုလုပ်ရန် တစ်လလျှင် နှစ်ကြိမ်သာ သတိရဖို့လိုသည်။

သင့်ခန္ဓာကိုယ် သက်တောင်းသက်သာရှိသင့်သည်။ သင့်လက်ချောင်းများကို သင့်ကိုယ်ထဲထည့်ရန်အဆင်မပြေပါက အဝိုင်းကွင်းသည် သင့်အတွက်အကောင်းဆုံးရွေးချယ်ခွင့် မဟုတ်ပါ။ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေးထည့်ခြင်းနှင့် အတော်တူသည်။ ၎င်းကိုလုပ်နိုင်လျှင် အဝိုင်းကွင်းကိုသုံးရန် သင်ယူနိုင်သည်။

သင့်ရာသီချိန်ကို ကျော်သွားနိုင်သည်။ အဝိုင်းကွင်းသည် သင့်အား ရာသီတစ်ခုလုံးကို ကျော်သွားစေနိုင်သောရွေးချယ်ခွင့်ဖြစ်ပြီး ၁၀၀% လုံခြုံမှုရှိသည်။

ထားရှိပုံနှင့် ကိုယ်ရေးကိုယ်တာ သင့်တွင် အပိုကွင်းများရှိပါက ၆၈ ဒီဂရီဖာရင်ဟိုက်မှ ၇၇ ဒီဂရီဖာရင်ဟိုက် (၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်) ကြားရှိ အခန်းအပူချိန်တွင် ၄ လခန့်အထိ သိုလှောင်ထားနိုင်သည်။ ၄ လထက်ပိုကြာကြာထားလိုပါက အေးနေအောင်ထားရပါမည်။ ၎င်းတို့ကိုသက်တမ်းကုန်ဆုံးသည့် နေ့မှစ၍ မသုံးသင့်ပါ။ သင်၏နည်းလမ်းကိုလျှို့ဝှက်ထားရန်အရေးကြီးပါက ၎င်းသည်စိုးရိမ်ဖွယ်ရာဖြစ်နိုင်သည်။ ထို့ပြင် အချို့သောမိတ်ဖက်များက လိင်ဆက်ဆံစဉ် အဝိုင်းကွင်းကိုခံစားနိုင်သည်ဟုဆိုကြသည်။ ၎င်းသည်ပြသနာတစ်ခုဖြစ်ပါက သင်လိင်ဆက်ဆံစဉ် အဝိုင်းကွင်းကိုထုတ်ထားနိုင်သည်။ သင်လိင်ဆက်ဆံစဉ် ထုတ်ထားပါက ၃ နာရီအတွင်းပြန်ထည့်ပါ။ ထို့ပြင် ၂၄ နာရီတွင် အဝိုင်းကွင်းကို တစ်ကြိမ်သာဖယ်ပါ။ ၎င်းကိုမကြာခဏထုတ်ခြင်း (သို့) ၃ နာရီကျော်ကြာထုတ်ထားခြင်းက ထိရောက်မှုလျော့နည်းစေသည်။

အဝိုင်းကွင်းသည် ဟော်မုန်းပမာဏ ပိုနည်းပြီး ထုတ်ပေးသည်။ အခြားသောသန္ဓေတားနည်းများထက် ဟော်မုန်းပမာဏ ပိုမိုနည်းပါးသည်။ ပိုနဲတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

၃၅ နှစ်ကျော်ဆေးလိပ်သောက်သူများ သတိထားပါ။ အသက် ၃၅ နှစ်ကျော်အမျိုးသမီးများအတွက် အဝိုင်းကွင်းကိုသုံးစဉ်တွင် ဆေးလိပ်သောက်ခြင်းသည် အချို့သောဘေးထွက်ဆိုးကျိုးများကိုတိုးစေသည်။ ၎င်းကိုသင်၏ဆေးဘက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ဆွေးနွေးရန်အကြံပြုပါတယ်။

ဘယ်အချိန်မှာ ကိုယ်ဝန်ပြန်ဆောင်နိုင်မလဲ။ သင်အဝိုင်းကွင်းကိုဖယ်ရှားပြီးမကြာမီ ကိုယ်ဝန်ဆောင်နိုင်ပါလိမ့်မည်။ သင်ကိုယ်ဝန်ရချင်ပါက ဒါဟာ အလွန်ကောင်းပါတယ်။ သင်ကိုယ်၀န်မဆောင်လိုသေးပါကအခြားအဝိုင်းကွင်းတစ်ခုထည့်ပါသို့မဟုတ် အခြားနည်းလမ်းဖြင့်မိမိကိုယ်ကိုကာကွယ်ပါ။

အသုံးပြုနည်း

အဝိုင်းကွင်းသည် အသုံးပြုရန်လွယ်ကူသည်။ သင်မှတ်မိရန်မှာ အဝိုင်းကွင်းကို မည်သည့်အချိန် ထည့်မည် ဖယ်မည်ကိုဖြစ်သည်။

ဘယ်လိုထည့်ရမလဲ။ ပထမဆုံး သင်၏လက်များကို ဆပ်ပြာနှင့်ရေဖြင့် ဆေးပါ။ ၎င်းတို့ကို လေဖြင့် ခြောက်ပါစေ။ အဝိုင်းကွင်းကိုထည့်ရန် သင့်လက်မနှင့်လက်ညှိုးကြားတွင်ကွေးညှစ်ပြီး tampon ကဲ့သို့ထည့်ပါ။ ၎င်းသည်သင်၏လိင်အင်္ဂါနံရံဘေးတွင် တောင့်တောင့်လေး ရှိနေမည်။ သင်သက်သောင့်သက်သာရှိနေပါက အနေအထားအတိအကျသည် အရေးမပါ ပါ။ သင်လိင်ဆက်ဆံစဉ် ထုတ်ရန်ပင်မလိုပါ။ (သင်လိင်ဆက်ဆံစဉ် ထုတ်ထားနိုင်ပါတယ်။ ၃ နာရီအတွင်းပြန်လည်ထည့်သွင်းရန်သာ သေချာပါစေ။ ၂၄ နာရီတွင် တစ်ကြိမ်တည်းသာ ဖယ်ရှားပါ။ [5]

ထုတ်ယူရန် လုပ်ဆောင်ပုံ။ သင်အဝိုင်းကွင်းကိုထည့်သွင်းပြီးသည်နှင့် ၎င်းကိုသုံးပတ်ထားပါ။ စတုတ္ထအပတ်၏အစမှာ ထုတ်ပါ။ တစ်ပတ်ထုက်ထားပါ၊ ထို့နောက် အဝိုင်းကွင်းအသစ်တစ်ခုကိုထည့်သွင်းပြီး ပြန်လည်စတင်ပါ။ (အဝိုင်းကွင်းကိုထုတ်ယူရန် သင်၏လက်ချောင်းဖြင့် အောက်ပိုင်းအစွန်းနှင့်ချိတ်ဆွဲပါ။ ) အဝိုင်းကွင်းထုတ်ထားပြီး သင်၏ရာသီလာကောင်းလာပါမည်။ အဝိုင်းကွင်းအသစ်ထည့်ချိန်တိုင် သွေးဆင်းနေသေးလျှင် စိတ်မပူပါနှင့်။ ၎င်းသည်ပုံမှန်ဖြစ်ပြီး သင့်ရာသီသည်မကြာမီ ရပ်ဆိုင်းသင့်သည်။[6]

သိကောင်းစရာအထာလေးများ ထည့်သွင်းရန် သင့်အတွက်အသင့်တော်ဆုံးအနေအထားကို ရွေးချယ်ပါ။ ဥပမာ – ခြေထောက်တစ်ဖက်မြှင့်၍ မတ်တပ်ရပ်ခြင်း၊ စောင့်ကြောင့်ထိုင်ခြင်း၊ အိပ်ခြင်းစသည်တို့ဖြစ်သည်။ အဝိုင်းကွင်းကိုလိမ်၍ထည့်သည့် “ twist” method ကို သင်စမ်းကြည့်နိုင်ပါသည်၊ ။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ – အဝိုင်းကွင်း နှင့် ပတ်သက်၍ သင့်ခန္ဓာကိုယ်အတွက်သာမကသင်၏လိင်မှုဘဝအတွက်ကောင်းမွန်သောအရာများစွာရှိသည်။[2]

  • သုံးရလွယ်၏ – ရာသီသွေးစုပ်သောတန်ပွန်တောင့်လေးထည့်သလိုသာ
  • ၄င်းကိုအသုံးပြုခြင်းဖြင့် သင်၏လိင်ကိစ္စကို အနှောက်အယှက်မဖြစ်စေပါ
  • ပိုမိုတိုတောင်းပြီးပေါ့ပါးသည့် ရာသီလာြခင်းများ ရနိုင်ပါမည်
  • ဝက်ခြံပျောက်စေနိုင်သည်
  • ရာသီလာချိန်ဗိုက်အောင့်ခြင်းနှင့်premenstrual Syndrome (PMS) လက္ခဏာများကိုလျှော့ချနိုင်သည်
  • ကျန်းမာရေးပြသနာအချို့မှ ကာကွယ်ပေးသည်။ ဥပမာ – မျိုးဥအိမ်နှင့်သားအိမ်ကင်ဆာ၊ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ၊ မျိုးဥအိမ်အရည်အိတ် နှင့် တင်ပါးဆုံတွင်းရောင်ရမ်းရောဂါ

မကောင်းတဲ့အချက်များ – လူတိုင်းဟာ အနုတ်လက္ခဏာဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ကြတယ်၊ ဒါပေမဲ့ အမျိုးသမီးများစွာအတွက်မူ ၎င်းတို့သည်ပြသနာမဟုတ်ပါ။ သင့်ခန္ဓာကိုယ်ထဲဟော်မုန်းများသွင်းပေးနေသောကြောင့် ကျင့်သားကျဖို့ လအနည်းငယ်လိုနိုင်သည်။ အချိန်ပေးပါ။ နှစ်လ သို့မဟုတ် သုံးလအကြာတွင် ပျောက်ကွယ်သွားနိုင်သည်များ :[2]

  • ရာသီများကြားသွေးထွက်ခြင်း
  • ရင်သားနာခြင်း
  • ပျို့ခြင်းနှင့်အန်ခြင်း

ကြာရှည်နိုင်မည့် အရာများ

  • မိန်းမကိုယ်ကအရည်ဆင်းခြင်း တိုးလာခြင်း၊ ယားယံခြင်း သို့မဟုတ် ‌ရောဂါပိုးဝင်ခြင်း
  • လိင်ဆက်ဆံလိုသောဆန္ဒပြောင်းလဲခြင်း

အကယ်၍ သုံးလကြာပြီးနောက် ဘေးထွက်ဆိုးကျိုးများကို သင် ခံနိုင်သည်ထက်ပိုပြီးခံစားရသည်ဆိုလျှင်၊ နည်းလမ်းများပြောင်းပြီး ကာကွယ်ထားပါ။ လူတိုင်း၊ နေရာတိုင်းအတွက် နည်းလမ်းတစ်ခုရှိတယ်ဆိုတာ သတိရပါ။

* အမျိုးသမီးများအနည်းစုအတွက်မူ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါတယ်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။

ထည့်သွင်းရတာကို မကြိုက်လျှင် ဘာလုပ်ရမလဲ။

  • အဝိုင်းကွင်းဟာ အခြားရွေးချယ်ခွင့်များထက် အားထုတ်ရမှုနည်းပါတယ်။ သို့သော် လုပ်ကိုင်ရမှုနည်းသော အခြားထိရောက်သည့်နည်းလမ်းများရှိသည်။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ တစ်လတစ်ကြိမ်ထည့်ရခြင်းသည်သင့်အတွက် အဆင်မပြေပါက implant သို့မဟုတ် IUD ကဲ့သို့နှစ်အတော်ကြာမေ့ထားနိုင်သည့်အရာကို စဉ်းစားနိုင်ပါသည်။
  • အခြားနည်းလမ်းသုံးမယ်-implant; IUD

 

မိန်းမကိုယ်က အရည်ဆင်းတာများလာပါက ဘာလုပ်ရမလဲ?[6]

  • အဝိုင်းကွင်းကိုအသုံးပြုခြင်းမှ သင်ခံစားရသော အရည်ဆင်းခြင်းများသည် ပုံမှန်ဖြစ်နိုင်သည်။ လအနည်းငယ်အကြာမှာလျော့သွားသင့်ပါတယ်။ အဝိုင်းကွင်းသည် သင့်အား ဘက်တီးရီးယား vaginosis ခေါ် ရောဂါကူးစက်မှုမှ ကာကွယ်ပေးနေခြင်းလည်းဖြစ်နိုင်သည်။
  • သင်စိုးရိမ်နေဆဲဖြစ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ နှင့်တိုင်ပင်ပြောဆိုပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ အရည်ဆင်းခြင်းသည် လအနည်းငယ်ကျော်ကြာပြီး သင်အမှန်တကယ်မနှစ်သက်ပါက အခြားနည်းလမ်းတစ်ခုကို အသုံးပြုရန်စဉ်းစားပါ။ ဆေးလုံး၊ ကပ်ခွာပြား၊ သို့မဟုတ် ထိုးဆေးကို ကြိုးစားနိုင်ပါတယ်။ သင့်ရာသီပုံမှန်လာလိုလျှင် ဆေးလုံးနှင့် ကပ်ခွာြပားသည် ကောင်း၏။ သင့်ရာသီပုံမှန်မဟုတ်ခြင်း သို့မဟုတ် မလာတော့ခြင်းကို လက်ခံနိုင်ပါက ထိုးဆေးသည်အကြံကောင်းတစ်ခုဖြစ်နိုင်သည်။
  • အခြားနည်းလမ်းသုံးမယ်-ကပ်ခွာပြား၊ ဆေးလုံး၊ ထိုးဆေး

 

အဝိုင်းကွင်းသည် ဘာ့ကြောင့်လျှောထွက်နေရလဲ။?[8]

  • သင်အဝိုင်းကွင်းကိုမှန်မှန်ကန်ကန်မထည့်သွင်းသောကြောင့်ဖြစ်နိုင်သည်။
  • ဒီလိုလုပ်ကြည့်ပါ – ၎င်းကိုတွန်းပို့ရန် tampon inserter အလွတ်တခုကို အသုံးပြုပါ။
  • အလုပ်မဖြစ်သေးဘူးလား။ ၎င်းသည်ပြဿနာတခုဖြစ်နေသေးပါကသင်ကိုယ်တိုင်ထည့်သွင်းရန်မလို
  • သည့် နည်းလမ်းတစ်ခုကိုစဉ်းစားပါ။ ထိုးဆေး၊ implant ကိုစဉ်းစားပါ။

အခြားနည်းလမ်းသုံးမယ်-implant၊ IUD၊ ထိုးဆေး

 

သွေးခဲမှုအတွက်စိုးရိမ်ရန်လိုအပ်ပါသလား။

သင်အဝိုင်းကွင်းကိုအသုံးပြုနေစဉ် သွေးခဲနိုင်ခြေနည်းပါးသည်။ သို့သော် အချို့ မျိုးရိုးဗီဇနှင့်ဆေးဘက်ဆိုင်ရာ အခြေအနေများသည်သင်၏သွေးခဲမှုအန္တရာယ်ကိုမြင့်တက်စေသည်။ အကယ်၍ သင်စိုးရိမ်နေပါက အဝိုင်းကွင်းသည် သင့်အတွက် အကောင်းဆုံးရွေးချယ်ခွင့်ဟုတ်မဟုတ်သိရန် သင့်အားသန္ဓေတားဆေးပေးသူနှင့် စစ်ဆေးပါ၊ အကယ်၍ သင့်တွင်သွေးခဲရောဂါရှိပါက၊ သို့မဟုတ် သွေးခဲမှုအတွက် အထူးစိုးရိမ်စရာရှိပါက၊ သင့်အတွက်အကောင်းဆုံးရွေးချယ်ခွင့်သည် ဤ အဝိုင်းကွင်း ဟုတ်မဟုတ်သိရန် သန္ဓေတားဆေးပေးသူနှင့်စစ်ဆေးပါ။ [8]

 

ငါ့အဖော်က လိင်ဆက်ဆံရင် အဝိုင်းကွင်းကိုခံစားရတယ် ဆိုလာရင် ဘာလုပ်ရမလဲ [4]

  • သင်မလိင်ဆက်ဆံမီအဝိုင်းကွင်းကို အမြဲထုတ်ယူနိုင်သည်။ ၎င်းကို ရေသန့်ဖြင့်ဆေးပြီး ၃ နာရီအတွင်းပြန်ထည့်ရန် သေချာပါစေ။ ၂၄ နာရီအတွင်းတစ်ကြိမ်သာ ထိုသို့ပြုလုပ်ပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ နေ့စဉ်မှတ်မိရန်နှင့်လိင်ဆက်ဆံလျှင်ဖယ်ရှားရန်မလိုပဲ သင့်အဖော်အနေဖြင့်လည်းမခံစားမိစေသည့်နည်းလမ်းကို လိုချင်ပါက implant ထိုးဆေး သို့မဟုတ် ကပ်ခွာပြားကို သုံးနိုင်ပါသည်။
  • အခြားနည်းလမ်းသုံးမယ်-implant; ကပ်ခွာပြား; ထိုးဆေး

 

အမျိုးသမီးဆီးထဲမှာရှိတဲ့ဟော်မုန်းတွေကြောင့် ပတ်ဝန်းကျင်ကိုထိခိုက်စေပါသလား?[8]

  • ပတ်ဝန်းကျင်အတွက်ဆို ဘယ်နည်းလမ်းကမဆို ပိုကောင်းပါတယ်။
  • အဝိုင်းကွင်းမှဟော်မုန်းအချို့ အမျိုးသမီး၏ဆီးမှတစ်ဆင့် ပတ်ဝန်းကျင်သို့ ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ ပတ်ဝန်းကျင်ရှိ အခြားအီစရိုဂျင်ရင်းမြစ်များထက် နဲပါတယ်။
  • စက်မှုနှင့်ကုန်ထုတ်လုပ်မှုဖြစ်စဉ်များ၊ ဓာတ်မြေသြဇာများနှင့်ပိုးသတ်ဆေးများ၊ တိရိစ္ဆာန်များအတွက်သုံးသောဆေးများမှ အက်စထရိုဂျင် အားလုံးသည် အဝိုင်းကွင်းမှအမျိုးသမီးဆီးတွင်ရှိအီစရိုဂျင်ထက် ပိုမိုများပြားပြီး သဘာဝပတ်ဝန်းကျင်သို့ရောက်ပါတယ်။
  • အကယ်၍ သင်သည် ပတ်ဝန်းကျင် သို့မဟုတ် သင်၏ခန္ဓာကိုယ်ထဲသို့ ဟော်မုန်းများမထည့်လိုပါက သင့်အတွက်ရွေးချယ်ခွင့်များရှိပါသည်။ သဘာဝ latex ကွန်ဒုံးနှင့် ကြေးနီ IUD နှစ်ခုစလုံးသည် ကောင်းသည့်ရွေးချယ်ခွင့်များဖြစ်သည်။ ဘာကိုဆုံးဖြတ်သည်ဖြစ်စေ၊ နည်းလမ်းတစ်ခုကိုရွေးပြီးဆက်အသုံးပြုပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ ဟော်မုန်းမပါဘဲ အလွန်ထိရောက်သောနည်းလမ်းကို အသုံးပြုလိုပါကဟော်မုန်းမပါသော IUD ကိုစမ်းကြည့်ပါ။

 

ရာသီသွေးစုပ်သောတန်ပွန်တောင့်လေးနှင့်ရာသီခံခွက်များကို အဝိုင်းကွင်းဖြင့်အသုံးပြုခြင်းသည် အန္တရာယ်ရှိသလား။?[8]

  • ရာသီသွေးစုပ်သောတန်ပွန်တောင့်လေးနှင့်ရာသီခံခွက်များသည် ကိုယ်ဝန်ဆောင်ခြင်းကိုကာကွယ်သည့်အဝိုင်းကွင်းနှင့် အနှောက်အယှက်မဖြစ်စေပါ။ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး (သို့) ခွက်ကိုဖယ်သည့်အခါ အဝိုင်းကွင်းကိုပါအနည်းငယ်ဆွဲထုတ်နိုင်သည်။ ထိုသို့ခဏခဏဖြစ်နေလျှင် အနှောင့်အယှက်ဖြစ်နိုင်သည်။
  • သင်၏ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး (သို့) ခွက်ကို ထည့်သောအခါ အဝိုင်းကွင်းကို အရင် နေရာတကျဖြစ်အောင် လုပ်ပါ။ ထို့နောက်မှ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး (သို့) ခွက်ကို နေရာချပေးပါ။ အကယ်၍ သင်သည်အဝိုင်းကွင်းကိုဆွဲထုတ်လိုက်မိလျှင် ရေသန့်ဖြင့်ဆေးကြောပြီး ချက်ချင်းပြန်ထည့်နိုင်သည်။
  • အကယ်၍ မကြာမကြာဖြစ်တတ်ပြီး သင်မကြိုက်ပါသော်လည်း၊ အဝိုင်းကွင်းကိုဆက်သုံးချင်သေးလျှင်၊ သန့်ရှင်းရေးအခံpads ကိုသုံးကြည့်ပါ။

ကိုးကားချက်များ

[1] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[2] FPA the sexual health charity. (2019). Your guide to the contraceptive vaginal ring. Retrieved fromhttps://www.fpa.org.uk/sites/default/files/contraceptive-vaginal-ring-your-guide-2019.pdf
[3] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). FSRH Guideline: Combined Hormonal Contraception. Retrieved from https://www.fsrh.org/standards-and-guidance/documents/combined-hormonal-contraception/
[4] RamaRao, et al. (2015). PROGESTERONE VAGINAL RING: RESULTS OF A THREE-COUNTRY ACCEPTABILITY STUDY. Population Council . Retrieved from https://www.popcouncil.org/uploads/pdfs/2015RH_PVRAcceptability3Country.pdf
[5] Reproductive Health Access Project. (2015). THE RING. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2015/03/factsheet_ring.pdf
[6] SHINE SA. (2017). Contraceptive Vaginal Ring. Retrieved from https://www.shinesa.org.au/media/product/2015/04/Contraceptive-vaginal-ring.pdf
[7] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1
[8] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1


lang Burmese