တားဆေးဆေ | Find My Method
 

နောက်ဆုံးပြင်ဆင်ခဲ့သည့်နေ့ဒီဇင်ဘာ 10th, 2020

birth-control-pill
  • ထိုဆေးလုံးသည် နှစ် ၅၀ ခန့်ကြာရှိခဲ့ပြီးဖြစ်သည်။ ၄င်းတို့ဟာ မျိုချဖို့လွယ်ပြီး အပြုသဘောဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ် 
  • ထိရောက်မှု – ဆေးလုံးကိုအတိအကျ သောက်လျှင်အလွန်ထိရောက်သည်။ သို့သော်အမျိုးသမီးအများစုသည် အတိအကျမသောက်ကြပါ။ အတိအကျ သောက်ပါက အမျိုးသမီး ၁၀၀ လျှင် ၉၉ ယောက်သည်ကိုယ်ဝန်ကိုကာကွယ်နိုင်လိမ့်မည်။ ပုံမှန်အသုံးပြုခြင်း သို့မဟုတ် အများစုအသုံးပြုသည့်နည်းဖြင့်ဆေးသောက်သည့်အမျိုးသမီး ၁၀၀ တွင် ၉၁ ယောက်တွင်ကိုယ်ဝန်ကိုတားဆီးနိုင်သည်။
  • ဘေးထွက်ဆိုးကျိုးများ – အများအားဖြင့်ရင်သားနာခြင်း၊ ပျို့ချင်ခြင်း၊ သွေးစက်ကျဆင်းခြင်းနှင့် လိင်ဆန္ဒလျော့နဲလာခြင်း
  • အားထုတ်ရမှု- မြင့်မားသော။ နေ့တိုင်းတစ်ချိန်တည်းတွင်ဆေးလုံးကို သောက်သုံးရန်လိုအပ်သည်။
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

အကျဉ်းချုပ်

မွေးဖွားမှုထိန်းချုပ်/သန္ဓေတားဆေးလုံး

သန္ဓေတားဆေးလုံးအကျဉ်းချုပ်

“ဆေးလုံး” သည် လစဉ်သောက်ရန် ထုပ်ပိုးထားသည့် သေးငယ်သည့်ဆေးလုံးတစ်ခုဖြစ်သည်။ အချို့က ၎င်းကို“ သောက်ဆေးဖြင့်သန္ဓေတားခြင်း” ဟုခေါ်သည်။ တစ်နေ့လျှင်တစ်ကြိမ်၊ နေ့စဥ်အချိန်မှန်မှန်သောက်ရသည်။ ဆေးပုံစံအမျိုးမျိုးကိုရရှိနိုင်ပြီး ရွေးချယ်ခွင့်အသစ်များ မကြာခဏထွက်လာပါတယ်။ အများစုမှာသင့်သားဥအိမ်မှမျိုးဥများကိုမလွှတ်နိုင်အောင် ဟော်မုန်းများထုတ်ပေးခြင်းဖြင့်အလုပ်လုပ်သည်။ ဟော်မုန်းတွေကသားအိမ်ခေါင်းချွဲကိုပိုထူလာစေပြီး သုက်ပိုးတွေကိုမျိုးဥသို့မရောက်ရှိအောင်တားဆီးပေးသည်။

ဆေးလုံးအမျိုးအစားများ[5]:

d> ပေါင်းစပ်။ ပေါင်းစပ်ဆေးလုံးများသည် မျိုးဥထွက်ခြင်းမှကာကွယ်ရန် ဟော်မုန်းအမျိုးအစားနှစ်မျိုးဖြစ်သောအက်စထရိုဂျင်နှင့်ပရိုဂျက်စ်တင် တို့ကိုအသုံးပြုသည်။ လစဉ်သောက်ပေါင်းစပ်ဆေးလုံးတစ်ထုပ်တွင် ၃ ပတ်စာ ဟော်မုန်းကိုအခြေခံသည့်ဆေးများနှင့် တစ်ပတ်စာ ဟော်မုန်းမပါသောဆေးများပါရှိသည်။ လတိုင်းသင်၏ရာသီလာချိန်ကိုစောင့်နေစဉ် ဟော်မုန်းမပါသောဆေးများကိုသင်သောက်ရမည်။

ပရိုဂျက်စ်တင်ချည်းသာ။ ဒီဆေးတွေမှာ အီစရိုဂျင် မပါဝင်ပါ။ သင်အီစထရိုဂျင်ကိုစိတ်ချလက်ချမသောက်နိုင်ရင်၊ ဒါမှမဟုတ် ပေါင်းစပ်ဆေးလုံးက ဘေးထွက်ဆိုးကျိုးများရှိရင် သောက်ရန် မကြာခဏညွှန်းလေ့ရှိပါတယ်။ ၄င်းတို့က လစဉ်နေ့တိုင်း progestin အနည်းငယ်ကိုထုတ်ပေးပြီး သတ်မှတ်ရက်သတ္တပတ်စာတွင် သင့်ရာသီမလာစေပါ။

အသေးစိတ်များ

ဆေးလုံးသောက်ရန် စည်းကမ်းရှိမှရသည်။ သင်၏ဆေးလုံးကို နေ့စဉ် အချိန်မှန်သောက်ဖို့ သတိရရန်လိုအပ်သည်။ နေ့စဉ် အချိန်မှန်မသောက်ပါက ၎င်းသည်လည်း အလုပ်မဖြစ်ပါ။

သင်ကြိုတင်ခန့်မှန်းနိုင်သောရာသီကိုလိုချင်သည်။ လစဉ်လတိုင်းသင်၏ရာသီလာချိန်ကို သွေးစက်ကျဆင်းခြင်းမရှိဘဲ ရလိုပါက ဆေးသောက်ခြင်းသည် ကောင်းမွန်သောရွေးချယ်ခွင့်ဖြစ်နိုင်သည်။

သင့်ရာသီချိန်ကို ကျော်သွားနိုင်သည်။ အချို့ဆေးလုံးများက သင့်ရာသီချိန်ကို ကျော်သွားစေနိုင်ပြီး ၁၀၀% လုံခြုံမှုရှိသည်။

၃၅ နှစ်ကျော်ဆေးလိပ်သောက်သူများ သတိထားပါ။ အသက် ၃၅ နှစ်အထက်အမျိုးသမီးများအတွက် ဆေးလုံးသုံးနေစဥ်တွင်းဆေးလိပ်သောက်ခြင်းသည် အချို့သောဘေးထွက်ဆိုးကျိုးများဖြစ်ပွားစေနိုင်သည်။ ၎င်းကိုသင်၏ဆေးဘက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ဆွေးနွေးရန်အကြံပြုပါတယ်။

သန္ဓေတားနည်းအသုံးပြုခြင်းကိုရပ်တန့်ပြီး လျင်မြန်စွာကိုယ်ဝန်ဆောင်ရန်လိုသည်။ ဆေးသောက်ရပ်ပြီး ရက်အနည်းငယ်အကြာတွင် သင်ကိုယ်ဝန်ရနိုင်သည်။ ဆေးသောက်ရပ်ပြီး ကိုယ်ဝန်ဆောင်ရန်အဆင်သင့်မဖြစ်သေးပါက အခြားနည်းလမ်းကိုအသုံးပြုပါ။

အသုံးပြုနည်း

သင် Aspirinအကိုက်ခဲပျေက်ဆေး ကိုမျိုချနိုင်ပါက သင်ဆေးသောက်နိုင်သည်။ သို့သော်အရေးကြီးအချက်မှာ – ဘာပဲဖြစ်ဖြစ်နေနေ နေ့စဉ် တစ်ချိန်တည်းမှာ ဆေးသောက်ဖို့သတိရရန်လိုပါတယ်။

အချို့ဆေးလုံးများသည် ၂၁ ရက်စာပါ အထုပ်များဖြင့်လာသည်။ အခြားဆေးများမှာ ၂၈ ရက်စာ ပါရှိသည်။ အချို့ကသင့်ကိုလစဉ်ပုံမှန် ရာသီလာစေသည်။ အခြားဆေးများကသင့်ကို သုံးလတစ်ကြိမ် ရာသီလာစေသည်။ အချို့က သင်၏ရာသီကို တစ်နှစ်လုံးကျော်သွားစေနိုင်သည်။ မတူညီသောဆေးများစွာရှိသည့်အတွက် အနည်းငယ်ရှုပ်ထွေးနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် လေ့ကျင့်ထားသောလူထုကျန်းမာရေးလုပ်သား သည် မည်သည့်ဆေးသည်သင့်အတွက်သင့်လျော်ကြောင်းသိရှိရန်ကူညီနိုင်သည်။[1].

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ – ဆေးလုံးများနှင့် ပတ်သက်၍ သင့်ခန္ဓာကိုယ်အတွက်သာမက သင်၏လိင်မှုဘဝအတွက်ကောင်းမွန်သောအရာများစွာရှိသည်။[7].

ဆေးလုံးသည်အသုံးပြုရန်လွယ်ကူပြီး ရေဖြင့်မျိုချယုံသာဖြစ်သည်

၄င်းကိုအသုံးပြုခြင်းဖြင့် သင်၏လိင်ကိစ္စကို အနှောက်အယှက်မဖြစ်စေပါ

ပိုမိုနဲပါးသောရာသီလာခြင်းများဖြစ်နိုင်သည်

ရာသီလာချိန်ကို ထိန်းချုပ်ထားနိုင်သည်

အချို့ဆေးများက ဝက်ခြံရှင်းသွားစေသည်

ရာသီလာချိန်ဗိုက်အောင့်ခြင်းနှင့်premenstrual Syndrome (PMS) လက္ခဏာများကိုလျှော့ချနိုင်သည်

အချို့ဆေးများသည် ကျန်းမာရေးပြသနာအချို့မှ ကာကွယ်ပေးသည်။ ဥပမာ – မျိုးဥအိမ်နှင့်သားအိမ်ကင်ဆာ၊ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ၊ မျိုးဥအိမ်အရည်အိတ် နှင့် တင်ပါးဆုံတွင်းရောင်ရမ်းရောဂါ

မကောင်းတဲ့အချက်များ – လူတိုင်း အနုတ်လက္ခဏာဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ကြသည်၊ သို့သော်အမျိုးသမီးများစွာအတွက်မူ ၎င်းတို့သည်ပြသနာမဟုတ်ပါ။ အကယ်၍ သင်သည်ဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံခံစားရပါက ၎င်းတို့သည် ပျောက်ကွယ်ကောင်းပျောက်ကွယ်သွားမည်။ သင့်ခန္ဓာကိုယ်ထဲဟော်မုန်းများသွင်းပေးနေသောကြောင့် ကျင့်သားကျဖို့ လအနည်းငယ်လိုနိုင်သည်။ အချိန်ပေးပါ။

နှစ်လ သို့မဟုတ် သုံးလအကြာတွင် ပျောက်ကွယ်သွားနိုင်သည်များ [10]

သွေးစက်ကျဆင်းခြင်း

ရင်သားနာခြင်း

ပျို့ခြင်းနှင့်အန်ခြင်း

ကြာရှည်နိုင်မည့် အရာများ

လိင်ဆန္ဒပြောင်းလဲမှု

အကယ်၍ သုံးလကြာပြီးနောက် ဘေးထွက်ဆိုးကျိုးများကို သင် ခံနိုင်သည်ထက်ပိုပြီးခံစားရသည်ဆိုလျှင်၊ နည်းလမ်းများပြောင်းပြီး ကာကွယ်ထားပါ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။ လူတိုင်း၊ နေရာတိုင်းအတွက် နည်းလမ်းတစ်ခုရှိတယ်ဆိုတာ သတိရပါ။

*အမျိုးသမီးအနည်းစုအတွက်မူ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများရှိနိုင်ပါတယ်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။

သွေးစက်ကျဆင်းခြင်းအတွက်စိုးရိမ်စရာလိုပါသလား[4]?

  • သွေးစက်ကျဆင်းခြင်းဟာ အမျိုးမျိုးသော နည်းလမ်းတွေမှာ ဖြစ်နိုင်ပါတယ်။ သွေးစက်ကျဆင်းခြင်းကြောင့် ထင်သလောက် သွေးများစွာမဆုံးရှုံးပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အီစထရိုဂျင်ပမာဏအနည်းငယ်ပိုသောဆေးလုံးကို သောက်သုံးခြင်း သို့မဟုတ် သင်၏ရာသီစက်ဝန်းအလိုက် အီစရိုဂျင်ကိုထောက်ပံ့ပေးသောဆေးတစ်မျိုးကိုသုံးပါက ပို၍ ကောင်းနိုင်သည်။
  • အခြားနည်းလမ်းတစ်ခုကိုစမ်းကြည့်ပါ။ IUD

ဒီဆေးကငါ့ကိုကင်ဆာဖြစ်စေမလား။[13]?

  • ဆေးလုံးသည်သင့်အားကင်ဆာမဖြစ်စေပါ။ အလွန်ရှားပါးသောဖြစ်ရပ်အနေဖြင့် အမျိုးသမီးများတွင် သွေးခဲလာနိုင်သည်။ ဆေးသောက်ချိန်၌သွေးခဲလာခြင်းသည်ကိုယ်ဝန်ဆောင်စဉ်သွေးခဲခြင်းထက် ဖြစ်နိုင်ခြေနည်းသည်။ အချို့ရောဂါရှိသောအမျိုးသမီးများတွင် ဆေးလုံးကိုမသောက်သင့်ပါ။
  • သင်ကျန်းမာနေပါက၊ သန္ဓေတားဆေးသည်အလွန်ဘေးကင်းသည်။ ၎င်းတို့သည် သင့်အား လတ်တလောပြသနာအချို့ (ရာသီလာများ၍သွေးအားနည်းရောဂါရသကဲ့သို့) နှင့် နောက်ပိုင်းဘဝတွင် (သင့်အားကင်ဆာရောဂါအချို့မှကာကွယ်ရန်) သင့်ကိုကူညီနိုင်သည်။

သွေးခဲမှုအတွက်စိုးရိမ်ရန်လိုအပ်ပါသလား။

  • ဆေးသောက်နေစဉ်သင့်၌သွေးခဲနိုင်ခြေနည်းပါးသည်။ သို့သော် အချို့ မျိုးရိုးဗီဇနှင့်ဆေးဘက်ဆိုင်ရာ အခြေအနေများသည်သင်၏သွေးခဲမှုအန္တရာယ်ကိုမြင့်တက်စေသည်။ အကယ်၍ သင့်တွင်သွေးခဲရောဂါရှိဖူးပါက၊ သို့မဟုတ် သွေးခဲခြင်းနှင့် ပတ်သက်၍ အထူးစိုးရိမ်စရာရှိပါက ဆေးသောက်ရန်အတွက်အကောင်းဆုံးရွေးချယ်ခွင့်ကို သန္ဓေတားဆေးပေးသူနှင့် စစ်ဆေးပါ။

ဆေးသောက်ရန် မေ့လျော့သည့်ပြသနာ ရှိပါက ဘာလုပ်ရမလဲ[10]?

  • သင်၏လက်ကိုင်ဖုန်းတွင် နေ့စဉ်သတိပေးချက်ထည့်ထားကြည့်ပါ။
  • အလုပ်မဖြစ်သေးဘူးလား။ သတိပေးစနစ်ကိုသုံးပြီးမှတ်မိဖို့အခက်တွေ့နေသေးလျှင် မကြာခဏစဉ်းစားရန်မလိုသောနည်းလမ်းတစ်ခုကို သင် လိုကောင်းလိုနိုင်သည်။
    • တစ်ပတ်လျှင် တစ်ခါသာ ကပ်ခွာပြားလဲဖို့ သတိရရန်လိုသည်။
    • အဝိုင်းကွင်းအတွက် လတိုင်း သတိရရန်လိုသည်။
    • နှစ်နှင့်ချီပြီးမေ့ထားနိုင်သော ရွေးချယ်ခွင့်များပင်ရှိသည် IUD နှင့် implant အမျိုးအစားနှစ်မျိုးကိုကြည့်ပါ။
  • အခြားနည်းလမ်းသုံးမယ်- implant; IUD; ကပ်ခွာပြား အဝိုင်းကွင်း

ဝက်ခြံထွက်တာပုံမှန်လား[5]?

  • ဆေးလုံးအများစုသည်ဝက်ခြံရောဂါကိုသက်သာစေနိုင်သည်။ သင့်ဆေးလုံးသည်ဝက်ခြံထွက်စေသည်ဟုထင်လျှင် အခြားဆေးအမျိုးအစားကိုပြောင်းရန်စဉ်းစားပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ အခြားဆေးအမျိုးအစားတစ်မျိုးကိုစမ်းသပ်ပြီး အဆင်မပြေပါက၊ နောက်ထပ်ဟော်မုန်းပါသည့်နည်းကို ပြောင်းသုံးနိုင်သည်။ အဝိုင်းကွင်း၊ ထိုးဆေး၊ implant သို့မဟုတ် IUD ကို စဉ်းစားပါ။ သို့မဟုတ် အမျိုးသားသုံးကွန်ဒုံးကဲ့သို့သော ဟော်မုန်းမပါသောနည်းလမ်းကို သင်ပြောင်းလဲနိုင်သည်။
  • အခြားနည်းလမ်းသုံးမယ်- အမျိုးသမီးသုံးကွန်ဒုံး၊ implant၊ IUD၊ ကွန်ဒုံး၊ အဝိုင်းကွင်း၊ ထိုးဆေး

ဆေးလုံးသောက်ရင် ဘာ့ကြောင့်အော့အန်စေသလဲ။[8]?

  • ဒီလိုလုပ်ကြည့်ပါ –  လက်ရှိဆေးအမျိုးအစားကိုပဲ ဆက်လက်အသုံးပြုလိုပါက ညအချိန်တွင်ဆေးသောက်ပါ။ အက်စထရိုဂျင်နည်းသောဆေးကို သောက်ရန်လဲ စဉ်းစားနိုင်သည်။
  • အလုပ်မဖြစ်သေးဘူးလား။ Implant၊ IUD၊ ကပ်ခွာပြား၊ အဝိုင်းကွင်း၊ ထိုးဆေး ကဲ့သို့သော ပါးစပ်ဖြင့်သောက်ရန်မလိုသည့် အခြားဟော်မုန်းပါနည်းလမ်းကို စမ်းချင်စမ်းပါ။ 
  • အခြားနည်းလမ်းသုံးမယ်-implant၊ IUD၊ ကပ်ခွာပြား၊ အဝိုင်းကွင်း၊ ထိုးဆေး 

ဘာကြောင့် ရာသီများအကြား သွေးဆင်းရတာလဲ [4]?

  • အကယ်၍ သင်သည်လွန်ခဲ့သောလအနည်းငယ်ကစပြီး ဆေးစတင်သောက်ခဲ့ပါက ပမာဏတိုးပြီး အားဖြည့်ကြည့်ပါ။ ဤပြသနာအလိုလို ပြေလည်သွားဖို့များသည်။ ဆေးလုံးကိုနေ့တိုင်းတစ်ချိန်တည်း၌သောက်ပြီးဆေးများကိုကျော်မသွားပဲ တစ်ကြိမ်ထဲနှစ်လုံးသောက်ပါ။ ဆေးများကိုကျော်သွားခြင်း သို့မဟုတ် တစ်ကြိမ်လျှင်နှစ်လုံးသောက်ခြင်းသည်သွေးစက်ကျဆင်းခြင်းဖြစ်နိုင်သည်။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ သင်သည်လအနည်းငယ်ကမှ ဆေးလုံးကို မှန်မှန်သောက်နေခဲ့ပြီး သွေးစက်ကျဆင်းခြင်းရှိနေသေးလျှင် နည်းလမ်းအသစ်ကိုစဉ်းစားပါ။ STIလိင်မှတဆင့်ကူးစက်သော‌ရောဂါများနှင့် ကိုယ်၀န်တို့ကြောင့် သွေးထွက်ရခြင်း ဟုတ်/မဟုတ်သိရန် စစ်ဆေးရန်လိုသည်၊ 

အခြားနည်းလမ်းသုံးမယ်-ကပ်ခွာပြား၊ အဝိုင်းကွင်း၊ ထိုးဆေး

အကယ်၍ အခြားအချိန်မတူသော‌ဒေသသို့ ခရီးသွားလျှင် ဘာလုပ်ရမည်နည်း။ ဆေးသောက်ချိန်ညှိဖို့ လိုပါသလား။
ရွေးချယ်ခွင့်များရှိပါတယ်။[13]:

ရွေးချယ်ခွင့် ၁- မိမိနေရင်းနိုင်ငံ၏အချိန်အတိုင်းပဲထားရန်

  • သင်နေရင်းနိုင်ငံ၏အချိန်တွင် မည်သည့်အချိန်ရောက်သည်ကိုခန့်မှန်းပြီး ထိုအချိန်တွင်သောက်ပါ။ ဥပမာအားဖြင့်၊ အကယ်၍ သင်သည်မက္ကဆီကိုစီးတီးတွင် နေထိုင်ပြီး ၆ နာရီရှေ့ရောက်နေသောမော်ရိုကိုသို့သွားလျှင်၊ သင့်ဆေးကို ပုံမှန်ထက် ၆ နာရီနောက်ကျမှသာ သောက်သင့်သည်။ ထို့ကြောင့်မက္ကဆီကိုရှိ မနက် ၉ နာရီတွင် သင်ဆေးသောက်လျှင် မော်ရိုကိုတွင် ညနေ ၃ နာရီတွင် သောက်သင့်သည်။
  • သင်၏ဖုန်းတွင်အချက်ပြခြင်းဖြင့် သင်ဆေးသောက်ရန်မှတ်ထားပါက သင်လမ်းခရီးတွင်ရှိစဉ် လိုအပ်သလိုချိန်ညှိပါ။

ရွေးချယ်ခွင့် ၂- အချိန်ဇုန်အသစ်အတိုင်း ညှိယူခြင်း 

  • ပိုမိုလွယ်ကူလျှင် (သို့) နေရာအသစ်သို့အချိန်ကြာမြင့်စွာ သွားနေပါက ဆေးမသောက်ပဲ ၂၄ နာရီကျော်မသွားပါက သင်၏အချိန်ဇယားကိုပြောင်းနိုင်သည်။ ဒါ့ကြောင့်သင်ဟာမက္ကဆီကိုစီးတီးမှာနေထိုင်ပြီး မော်ရိုကိုသို့သွားရောက်ရာ မနက် ၉ နာရီအချိန်တိုင်း နေထိုင်လိုပါက သင့်နောက်ဆေးလုံးကိုမော်ရိုကိုမနက် ၉ နာရီတွင် (မက္ကဆီကိုနောက်ဆုံးဆေးလုံးပြီး ၁၈ နာရီ) သောက်သုံးခြင်းဟာ လုံးဝအဆင်ပြေပါတယ်။

သင်၏ခရီးဝေးကို နောက်ဆေးထုပ်အသစ်တခု စ သောက်သည်ထိ ကြာမည်ဆိုလျှင် သင်ဆေးလုံးသစ်တစ်ထုပ် သင်အိတ်ထဲတွင်ထဲ့သွားရန် မမေ့ပါနှင့်။ အကယ်၍ သင်၏ဆေးလုံးထုပ် မပါရှိပဲ ရုတ်တရက်ခရီးသွားရလျှင်၊ (ဥပမာ၊ သင်သည် ဘေးအန္တရာယ်ကျရောက်သောနေရာ၌ရှိနေသည်) ဆိုလျှင် သင့်ဒေသအသစ်ရှိဒေသခံကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ရပ်ရွာကျန်းမာရေးပံ့ပိုးသူကို အမြန်ဆုံးရှာဖွေရန်ကြိုးစားပါ။  ကွန်ဒုံးကဲ့သို့သောအခြားရွေးချယ်ခွင့်များကိုသင်မရရှိနိုင်ပါက ထိုအချိန်တွင်သဘာဝနည်းလမ်းများအသုံးပြုပါ။

အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ သင်သည် မကြာခဏ ခရီးသွားရပြီး ဟော်မုန်းပါသောနည်းလမ်းကို နှစ်သက်ပါက အဝိုင်းကွင်း (သို့) ကပ်ခွာပြား သို့ ပြောင်းရန်စဉ်းစားဖို့လိုလိမ့်မည်။ သို့မှသာ အချိန်ဇုန်အတိုင်းထားရှိဖို့နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်စရာမလိုပါ။ အကယ်၍ သင်သည်အချိန်ဇုန်တွက်ချက်ဖို့ လုံးဝမေ့ထားလိုလျှင် implant သို့မဟုတ် IUD ကို စစ်ဆေးပါ။

အခြားနည်းလမ်းသုံးမယ်-implant; IUD; ကပ်ခွာပြား; အဝိုင်းကွင်း

ငါဆေးမသောက်လိုက်မိဘူး၊ ဒါမှမဟုတ် ငါဆေးသောက်ဖို့ နောက်ကျသွားတယ်။ ငါဘာလုပ်ရမလဲ[6]?

  • သင်သတိရသည်နှင့်ချက်ချင်း နောက်ဆေးလုံးကိုသောက်ပါ၊ ထို့နောက် ၇ ရက်ခန့်အရန်နည်းလမ်းတခုကိုသုံးပါ။ အကယ်၍ ၄ ပတ်မြောက်စာ ဟော်မုန်းမပါသောဆေးဖြစ်ပါက၊ ထိုနေ့အတွက်ဟော်မုန်းမပါသောဆေးကို ပစ်လိုက်ပြီး နောက်နေ့တွင်အချိန်ဇယားအတိုင်းပြန်သွားပါ။
  • သင် အချိန်လွဲသွားပြီးသာမက ပြီးခဲ့သည့်ငါးရက်အတွင်း လိင်ဆက်ဆံခဲ့လျှင် အရေးပေါ်သန္ဓေတားနည်းကို အသုံးပြုရန်လိုကောင်းလိုပေမည်။

မနေ့ကငါဆေးမသောက်လိုက်ရဘူး တစ်ရက်တည်း ဆေးနှစ်လုံးသောက်လိုက်ရင် စိတ်ချရပါ့မလား။

  • အကယ်၍ သင် ဆေးသောက်ရန်မေ့သွားပါက တစ်ခါတစ်ရံ တစ်ရက်တည်း ဆေးနှစ်လုံးသောက်လိုက်ရန် အကြံပြုသည်။ အနည်းဆုံး ၁၀ နာရီခြားပြီး  ဆေးနှစ်လုံးသောက်ခြင်းသည် ပြသနာမဖြစ်နိုင်ပါ။ အချိန်နီးကပ်ပြီး ဆေးများကိုသောက်မိပါက သင်အနည်းငယ်ပျို့အန်ချင်သလို ဖြစ်နိုင်သည်။ ဆေးသောက်ပြီးနောက် သင်အန်ပစ်လိုက်ချင်မှာမဟုတ်ပါ။
  • အကယ်၍ ပုံမှန်သန္ဓေတားဆေးကို အရေးပေါ်တားနည်းအဖြစ် အသုံးပြုလိုပါက၊ သင်သည် ဆေးကို ၂လုံးမှ-၄လုံး ချက်ချင်းသောက်နိုင်သည်။
  • အကယ်၍ နောက်ဆုံးဆေးသောက်ပြီး ၂၄ နာရီကျော်သွားပါက ကွန်ဒုံး သို့မဟုတ်  အမျိုးသမီးသုံးကွန်ဒုံး ကဲ့သို့ နည်းလမ်းကို နောက် ၇ ရက်တွင်လိင်ဆက်ဆံမှုပြုတိုင်း အသုံးပြုပါ။

ဆေးကို နေ့တိုင်း အချိန်မတူပဲသောက်မယ်ဆိုရင် ဘာဖြစ်နိုင်မလဲ

  • ရပါတယ်။ အလွယ်ဆုံးကတော့ နောက်ဆေးလုံးထုပ်ကို သင်ကြိုက်သည့်အချိန်တွင် စတင်ရန်ဖြစ်သည်။ အဲလိုဆို အရန်နည်းဖြင့် ကူစရာ မလိုတော့ပါ။
  • နောက်လာမည့်ဆေးထုပ်ကို မစောင့်နိုင်ပါက ဆေးတလုံးနှင့်တလုံးကြား ၂၄ နာရီထက် ပို၍ မစောင့်ရန်သတိပြုပါ။

ဆေးက ပတ်ဝန်းကျင်အတွက် ကောင်းပါ့မလား[13]?

  • ပတ်ဝန်းကျင်အတွက်ဆို ဘယ်နည်းလမ်းကမဆို ပိုကောင်းပါတယ်။ဆေးလုံးမှဟော်မုန်းအချို့ အမျိုးသမီး၏ဆီးမှတစ်ဆင့် ပတ်ဝန်းကျင်သို့ ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ ပတ်ဝန်းကျင်ရှိ အခြားအီစရိုဂျင်ရင်းမြစ်များထက် နဲပါတယ်။
  • စက်မှုနှင့်ကုန်ထုတ်လုပ်မှုဖြစ်စဉ်များ၊ ဓာတ်မြေသြဇာများနှင့်ပိုးသတ်ဆေးများ၊ တိရိစ္ဆာန်များအတွက်သုံးသောဆေးများမှ အက်စထရိုဂျင် အားလုံးသည် ဆေးလုံးမှအမျိုးသမီးဆီးတွင်ရှိအီစရိုဂျင်ထက် ပိုမိုများပြားပြီး သဘာဝပတ်ဝန်းကျင်သို့ရောက်ပါတယ်။
  • အကယ်၍ သင်သည် ပတ်ဝန်းကျင် သို့မဟုတ် သင်၏ခန္ဓာကိုယ်ထဲသို့ ဟော်မုန်းများမထည့်လိုပါက သင့်အတွက်ရွေးချယ်ခွင့်များရှိပါသည်။ သဘာဝ latex ကွန်ဒုံးနှင့် ကြေးနီ IUD နှစ်ခုစလုံးသည် ကောင်းသည့်ရွေးချယ်ခွင့်များဖြစ်သည်။ ဘာကိုဆုံးဖြတ်သည်ဖြစ်စေ၊ နည်းလမ်းတစ်ခုကိုရွေးပြီးဆက်အသုံးပြုပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ ဟော်မုန်းမပါဘဲ အလွန်ထိရောက်သောနည်းလမ်းကို အသုံးပြုလိုပါကဟော်မုန်းမပါသော IUD ကိုစမ်းကြည့်ပါ။
  • အခြားနည်းလမ်းတစ်ခုကိုစမ်းကြည့်ပါ။ IUD

ငါပဋိဇီဝဆေးတွေသောက်နေရင် တားဆေးက ကိုယ်ဝန်ကိုတားဆီးသလား။

  • Rifampin သည် တားဆေး၏ ထိရောက်မှုကို လျော့နည်းစေကြောင်း ပြသည့် တစ်ခုတည်းသော ပဋိဇီဝဆေးဖြစ်သည်။ ၎င်းကိုများသောအားဖြင့်တီဘီရောဂါကုသရန်အသုံးပြုသည်။
  • အကယ်၍ သင်သည် rifampin သောက်ရန်လိုအပ်ပါက မည်သည့်နည်းလမ်းသည်အကောင်းဆုံးဖြစ်ကြောင်း သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်တိုင်ပင်ပါ။

တားဆေးသောက်ပြီး အန်လိုက်ပါက ဘာလုပ်ရမလဲ [9]?

  • အကယ်၍ သင်ဆေးသောက်ပြီးနှစ်နာရီအတွင်းအန်ပါက ၎င်းကိုလွတ်သွားသည့်ဆေးအဖြစ် မှတ်ယူပါ။ နောက်ထပ်ဆေးကို ချက်ချင်းသောက်ပါ။
  • စိတ်ချရရန် အမျိုးသမီး ကွန်ဒုံး  ကဲ့သို့သော နောက်နည်းလမ်းတခုကို  လာမည့်ခုနစ်ရက်ပတ်လုံးသုံးပါ။

ဆေးသောက်ပြီး ဝမ်းလျှောဖြစ်ရင် ဘာလုပ်ရမလဲ။

  • တစ်ခါတစ်ရံဝမ်းလျှောခြင်းသည်သင်၏ဆေးလုံးအလုပ်လုပ်သည်ကို သက်ရောက်လိမ့်မည်မဟုတ်ပါ။
  • (တစ်နေ့လျှင်အကြိမ်များစွာ)အပြင်းအထန်ဝမ်းလျှောပါက ဆေးလုံး၏အလုပ်ကို အကျိုးသက်ရောက်နိုင်သည်။
  • အပြင်းအထန်ဝမ်းလျှောပါက (ကွန်ဒုံးကဲ့သို့) ဒုတိယနည်းလမ်းကိုအသုံးပြုသင့်ပါတယ်။ သင် နေမကောင်းဖြစ်စဉ်နှင့်ပြန်လည်ကျန်းမာလာပြီး ၇ ရက်အထိ အရံနည်းလမ်းကို လိင်ဆက်ဆံတိုင်းသုံးပါ။
  • အလုပ်မဖြစ်သေးဘူးလား။ ဆေးသောက်ရန်မေ့ခြင်း၊ ဆေးသောက်ပြီးပြီးချင်းအန်ပစ်ခြင်း သို့မဟုတ် ၀မ်းပျက်ဝမ်းလျှောခြင်းများသည် ဆေးလုံး၏ ၉% အလုပ်မဖြစ်သည့် အကြောင်းရင်းများဖြစ်သည်။ အလွန်အမင်းစိုးရိမ်ရပါက အရန်နည်းလမ်းကိုအသုံးပြုပါ။ နောက်ရွေးချယ်ခွင့်တစ်ခုမှာ သိပ်အားထုတ်စရာမလိုသော နည်းလမ်းသို့ပြောင်းရန်ဖြစ်သည်။
  • အခြားနည်းလမ်းသုံးမယ်- ကွန်ဒုံး၊ implant၊ IUD၊ အဝိုင်းကွင်း

နှစ်ပေါင်းများစွာ မပျက်မကွက် ဆေးသောက်သုံးခြင်းသည် အန္တရာယ်ကင်းပါလား [13]?

  • သင်ကိုယ်ဝန်ရလိုလျှင်, သောက်ဆေးကိုသာ ရပ်တန့်ပါ။ နှစ်ပေါင်းများစွာ သန္ဓေတားသောက်ဆေးများနှင့် ပတ်သက်၍ သုတေသနပြုချက်အရ ဆေးလုံးကိုနှစ်ပေါင်းများစွာသုံးခြင်းသည် ဆေးရပ်သည်နှင့်တပြိုင်နက်ကိုယ်ဝန်ရနိုင်စွမ်းကို ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။
  • သင်သည် သွေးစက်ကျဆင်းခြင်း ကြုံတွေ့ရပါက ဆေးခဏနားခြင်းဖြင့် တစ်ခါတစ်ရံအဆင်ပြေနိုင်သည်။  ခဏနားမည်ဆိုပါက ဆေးကို ၃ရက်မှ -၇ ရက်ထိ မသောက်ပဲနေပါ။ ဆေးနားထားစဉ် နှင့် စတင်ဆေးပြန်သောက်ပြီးနောက် ခုနစ်ရက်ထိ ကွန်ဒုံးကဲ့သို့သော နောက်ထပ်နည်းလမ်းတခုကို လိင်ဆက်ဆံတိုင်းသုံးပါ ။
  • အလုပ်မဖြစ်သေးဘူးလား။ သင်သည် ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးသောက်ရန်အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေရှိပါက ပရိုဂျက်စတင်သီးသန့် နည်းလမ်းကို အသုံးပြုရန်စဉ်းစားပါ။
  • အခြားနည်းလမ်းသုံးမယ်-implant၊ IUD၊ ထိုးဆေး

ကိုးကားချက်များ

[1] Cooper, D. B., & Mahdy, H. (2019). Oral Contraceptive Pills. StatPearls Publishing. Retrieved from https://www.ncbi.nlm.nih.gov/books/NBK430882/
[2] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[3] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). UK MEDICAL ELIGIBILITY CRITERIA. RCOG, London. Retrieved from https://www.fsrh.org/standards-and-guidance/documents/ukmec-2016/
[4] FSRH Faculty of Sexual and Reproductive Healthcare. (Amended 2019). Faculty of Sexual & Reproductive Healthcare Clinical Guidance: Progestogen-only Pills. Retrieved from https://www.fsrh.org/standards-and-guidance/documents/cec-ceu-guidance-pop-mar-2015/
[5] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). FSRH Guideline: Combined Hormonal Contraception. Retrieved from https://www.fsrh.org/standards-and-guidance/documents/combined-hormonal-contraception/
[6] Family Planning NSW. (2015). The Combined Oral Contraceptive Pill. Retrieved fromhttps://www.fpnsw.org.au/sites/default/files/assets/combined_oral_contraceptive_pill.pdf
[7] FPA the sexual health charity. (2019). Your guide to the combined pill. Retrieved from https://www.fpa.org.uk/sites/default/files/the-combined-pill-your-guide.pdf
[8] Reproductive Heath Access Project. (2019). The pill. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2014/12/factsheet_pill.pdf
[9] SHINE SA. (2017). Fact Sheet: The Pill. Retrieved from https://www.shinesa.org.au/media/product/2015/04/The-Pill.pdf
[10] Shukla, A., & Jamwal, R. (2017). Adverse effect of combined oral contraceptive pills. Asian Journal of Pharmaceutical and Clinical Research, 10. Retrieved from https://www.researchgate.net/publication/312596820_Adverse_effect_of_combined_oral_contraceptive_pills
[11] Society of Obstetricians and Gynaecologists of Canada. (2017). Canadian Contraception Consensus Chapter 9: Combined Hormonal Contraception. Retrieved from https://www.jogc.com/article/S1701-2163(16)39786-9/pdf
[12] The Royal Women’s Hospital and Family Planning Victoria. (2018). THE CONTRACEPTIVE PILL. Retrieved from https://thewomens.r.worldssl.net/images/uploads/fact-sheets/Contraception-the-pill-2018.pdf
[13] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[14] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ဗမာစာ