ကပ်ခွာပြား | Find My Method
 
birth-control-patch
  • အသုံးပြုရန်လွယ်ကူပြီးဆေးလုံးကဲ့သို့အလုပ်လုပ်သည်။ အပတ်တိုင်း ကပ်ခွာပြားအသစ်တစ်ခုသုံးရန်လိုသည်။
  • ထိရောက်မှု- ကပ်ခွာပြားသည်လူအများအသုံးပြုပြီး အလွန်ထိရောက်သည်။ အတိအကျ သောက်ပါက အမျိုးသမီး ၁၀၀ လျှင် ၉၉ ယောက်သည်ကိုယ်ဝန်ကိုကာကွယ်နိုင်လိမ့်မည်။ ပုံမှန်အသုံးပြုခြင်း သို့မဟုတ် လူအများအသုံးပြုသည့်နည်းအရ ဤကပ်ခွာပြားသည်အမျိုးသမီး ၁၀၀ တွင် ၉၁ ယောက် ကိုယ်ဝန်မှ ကာကွယ်ပေးသည်။
  • ဘေးထွက်ဆိုးကျိုးများ – ပျို့ချင်ခြင်း၊ ပုံမမှန်သွေးဆင်းခြင်းနှင့်ရင်သားနာခြင်းတို့မှာအဖြစ်အများဆုံးဖြစ်သော်လည်း များသောအားဖြင့်ယာယီသာဖြစ်သည်။ အရေပြားယားယံခြင်းကိုလည်းဖြစ်ပွားနိုင်သည်။
  • အားထုတ်ရမှု- အလယ်အလတ်။ အပတ်တိုင်း ကပ်ခွာပြားအသစ်တစ်ခုသုံးရန်လိုသည်။
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

အကျဉ်းချုပ်

မွေးဖွားမှုထိန်းချုပ်ရန်ကပ်ခွာပြား

သန္ဓေတား ကပ်ခွာပြား အကျဉ်းချုပ်

ကပ်ခွာပြားသည်ပါးလွှာသောပလတ်စတစ်အပိုင်းအစတစ်ခုဖြစ်ပြီး စတုရန်းပုံ Band-Aidအနာကပ်ပလာစတာ နှင့်တူသည်။ ထောင့်ဖြတ် ၅ စင်တီမီတာထက်နည်းသည်။ သင်၏အရေပြားပေါ်တွင်ကပ်ခွာပြားကိုကပ်ထားရပြီး ၎င်းသည် မျိုးဥအိမ်မှဥများထုတ်လွှတ်မှုကိုတားဆီးသော ဟော်မုန်းများကိုထုတ်ပေးသည်။ ဟော်မုန်းတွေကသားအိမ်ခေါင်းချွဲကိုပိုထူလာစေပြီး သုက်ပိုးတွေကိုမျိုးဥသို့မရောက်ရှိအောင်တားဆီးပေးသည်။

အသေးစိတ်များ

[9]
၎င်းသည်ဆေးလုံးလောက် အားစိုက်ထုတ်ရန် မလိုပဲ ဆေးထိုးအပ်များ မလိုအပ်ပါ။ သင်သည် နေ့စဉ်ဆေးလုံးကို မသောက်လိုလျှင် ကပ်ခွာပြားသည် ရွေးချယ်ခွင့်ကောင်းဖြစ်နိုင်သည်။ ၇ ရက်တစ်ကြိမ်တိုင်း ကပ်ခွာပြား အသစ်တစ်ခုကို အသုံးပြုဖို့သတိရဖို့လိုသည်။

အလေးချိန် ၉၀ ကီလိုဂရမ်အောက်သာရှိလျှင်၊ ကပ်ခွာပြားသည်အကောင်းဆုံးဖြစ်သည်။ သင်သည် ၉၀ ကီလိုဂရမ်ကျော်အလေးချိန်ရှိပါက ကပ်ခွာပြားသည် ထိရောက်မှုနည်းနိုင်သည်။ သင်သည် ၉၀ ကီလိုဂရမ်ကျော် အလေးချိန်ရှိပါက အခြားသန္ဓေတားနည်းကိုအသုံးပြုသင့်သည်။

သင်ကြိုတင်ခန့်မှန်းနိုင်သောရာသီကိုလိုချင်သည်။ လစဉ်လတိုင်း သင်၏ရာသီကို သွေးစက်ကျဆင်းခြင်း မရှိပဲ လာစေလိုပါက၊ ကပ်ခွာပြားသည် ရွေးချယ်ခွင့်ကောင်း ဖြစ်နိုင်သည်။

သင်သည်အသက် ၃၅ နှစ်အောက် ဆေးလိပ်သောက်သူ ဖြစ်သည်။ အကယ်၍ သင်သည်အသက် ၃၅ နှစ်ကျော်လျှင်၊ ကပ်ခွာပြားသုံးစဉ်ဆေးလိပ်သောက်ခြင်းသည် အချို့သောဘေးထွက်ဆိုးကျိုးများ၏အန္တရာယ် ပိုဖြစ်စေနိုင်သည်။ ၎င်းကိုသင်၏ဆေးဘက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ဆွေးနွေးရန်အကြံပြုပါတယ်။

သန္ဓေတားနည်းအသုံးပြုမှုကိုရပ်တန့်ပြီး မြန်မြန် ကိုယ်ဝန်ဆောင်လိုပါသလား? သင် ကပ်ခွာပြားကိုဆက်မသုံးခြင်းဖြင့် ချက်ချင်း ကိုယ်ဝန်ဆောင်နိုင်ပါလိမ့်မည်။ သင်ကပ်ခွာပြားအသုံးပြုခြင်းကိုရပ်တန့်ပြီး ကိုယ်ဝန်ဆောင်ရန် အဆင်သင့်မဖြစ်သေးပါက အခြားနည်းလမ်းကိုအသုံးပြုပါ။

အသုံးပြုနည်း

[5]

  • သန္ဓေတားနည်းအသုံးပြုမှုကိုရပ်တန့်ပြီး မြန်မြန် ကိုယ်ဝန်ဆောင်လိုပါသလား? သင် ကပ်ခွာပြားကိုဆက်မသုံးခြင်းဖြင့် ချက်ချင်း ကိုယ်ဝန်ဆောင်နိုင်ပါလိမ့်မည်။ သင်ကပ်ခွာပြားအသုံးပြုခြင်းကိုရပ်တန့်ပြီး ကိုယ်ဝန်ဆောင်ရန် အဆင်သင့်မဖြစ်သေးပါက အခြားနည်းလမ်းကိုအသုံးပြုပါ။
  • ကပ်ခွာပြားကိုအသုံးပြုရန်လွယ်ကူသည်။ အခက်ခဲဆုံးအပိုင်းမှာ အပတ်တိုင်း အသစ်တစ်ခုကို အသုံးပြုရန် သတိရဖို့ဖြစ်သည်။ တစ်ပတ်လျှင်တစ်ကြိမ် သုံးပတ်ဆက်တိုက် ကပ်ခွာပြားအသစ်တခု ကပ်ပေးပါ။ စတုတ္ထအပတ်တွင် ကပ်ခွာပြားကို မသုံးပါနှင့်။
  • ကပ်ခွာပြားကို သင့်တင်ပါး၊ ဝမ်းဗိုက်၊ လက်မောင်းအပေါ်အပြင်ဖက် ဒါမှမဟုတ် ကိုယ်ထည်အထက်ပိုင်း တို့တွင် ထားရှိနိုင်ပါတယ်။ သင်၏ရင်သားပေါ် မကပ်ပါနှင့်။
  • ကပ်ခွာပြားမပါသည့်ရက်သတ္တပတ်အတွင်း သင့်ရာသီ လာနိုင်ပါတယ်။ ကပ်ခွာပြားကိုပြန်တပ်ဆင်ရန်အချိန်တွင် သင်သွေးဆင်းနေ ဦး မည်။ ဒါဟာ ပုံမှန်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကပ်ခွာပြားအသစ်ကို ကပ်ထားပါ။
  • ကပ်ခွာပြား ကို သုံးရပိုလွယ်စေရန် အောက်ဖော်ပြပါ သိကောင်းစရာအထာလေးများ ကိုစစ်ဆေးပါ။

 

သိကောင်းစရာ ၁ – သင့်ရာသီ၏ပထမ ၅ ရက်အတွင်း စတင်သုံးပါက သင်သည် ကိုယ်ဝန်မှချက်ခြင်းကာကွယ်ခံရသည်။ နောက်မှစတင်ပါက သင့်အားအကာအကွယ်မပေးမီ ၇ ရက်စောင့်ဆိုင်းရပါလိမ့်မည်။ ထိုကာလအတောအတွင်းသင်သည်အရန်နည်းလမ်းကိုအသုံးပြုရမည်။

သိကောင်းစရာ ၂ – ဘယ်နေရာမှာကပ်ခွာပြား ကပ်ချင်တယ်ဆိုတာ သေချာစဉ်းစားပါ၊ ထိုနေရာတွင်တစ်ပတ်လုံးရှိနေပါမည်။ အသားအရေတွန့်ရာများ သို့မဟုတ် တွဲနေသည့်နေရာကို ကပ်ခွာပြားမကပ်ပဲ ရှောင်ပါ။

သိကောင်းစရာ ၃ – ဦးဆုံး ပလပ်စတစ်အကြည်တစ်ဝက်ကို ခွာခြင်းဖြင့် စေးကပ်မှုမရှိသောနေရာကို ကိုင်ထားနိုင်ပါမည်။

သိကောင်းစရာ ၄ – ကပ်ခွာပြားရဲ့စေးကပ်သောအပိုင်းကို လက်ချောင်းများဖြင့်မထိပါစေနှင့်။

သိကောင်းစရာ ၅ – ရွေးချယ်ထားသောကိုယ်ခန္ဓာအစိတ်အပိုင်းပေါ်တွင် ကပ်ခွာပြား ကိုဖိထားပါ။ မြဲမြံခိုင်ခံ့စေရန် ၁၀ စက္ကန့်ကြာအောင် ထားပါ။

သိကောင်းစရာ ၆ – သင်၏ ကပ်ခွာပြား ကိုတင်ထားသည့်နေရာ၌ lotion၊ oil, powder, creamy soap သို့မဟုတ် makeup ကိုအသုံးမပြုပါနှင့်။ ၎င်းတို့က ကပ်ခွာပြား ကို မကပ်အောင် တားနိုင်သည်။

သိကောင်းစရာ ၇ – မှန်ကန်စွာကပ်နေခြင်း ရှိမရှိ သေချာအောင်နေ့စဉ် ကပ်ခွာပြား ကိုစစ်ဆေးပါ။

သိကောင်းစရာ (၈) – သင်ဤ ကပ်ခွာပြား ၏အစွန်းပတ်ပတ်လည်၌ပိုးကြိုးစလေးများကပ်ထားနိုင်သည်။

သိကောင်းစရာ ၉ – ကပ်ခွာပြား ကိုဖယ်ရှားသည့်အခါ လွှင့်မပစ်မီ တဝက်ပိုင်း ခေါက်ပါ။ ၎င်းသည်ဟော်မုန်းများကို မြေကြီးထဲမထွက်ရန် ကူညီလိမ့်မည်။ ၎င်းကိုအိမ်သာထဲသို့မချပါနှင့်။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ – ကပ်ခွာပြား နှင့် ပတ်သက်၍ သင့်ခန္ဓာကိုယ်အတွက်သာမကသင်၏လိင်မှုဘဝအတွက်ကောင်းမွန်သောအရာများစွာရှိသည်။[8].

  • သုံးရလွယ်၏ – စေးကပ်သော တိပ်တစ်စ ကပ်ခြင်းနှင့်တူသည်
  • ၄င်းကိုအသုံးပြုခြင်းဖြင့် သင်၏လိင်ကိစ္စကို အနှောက်အယှက်မဖြစ်စေပါ
  • ပုံမှန်၍နဲပါးသည့်ရာသီများလာနိုင်သည်
  • ဝက်ခြံပျောက်စေနိုင်သည်
  • ရာသီလာချိန်ဗိုက်အောင့်ခြင်းနှင့်premenstrual Syndrome (PMS) လက္ခဏာများကိုလျှော့ချနိုင်သည်
  • ကျန်းမာရေးပြသနာအချို့မှ ကာကွယ်ပေးသည်။ ဥပမာ – မျိုးဥအိမ်နှင့်သားအိမ်ကင်ဆာ၊ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ၊ မျိုးဥအိမ်အရည်အိတ် နှင့် တင်ပါးဆုံတွင်းရောင်ရမ်းရောဂါ

မကောင်းတဲ့အချက်များ – လူတိုင်းဟာ အနုတ်လက္ခဏာဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ကြတယ်၊ ဒါပေမဲ့ အမျိုးသမီးများစွာအတွက်မူ ၎င်းတို့သည်ပြသနာမဟုတ်ပါ။ သင့်ခန္ဓာကိုယ်ထဲဟော်မုန်းများသွင်းပေးနေသောကြောင့် ကျင့်သားကျဖို့ လအနည်းငယ်လိုနိုင်သည်။ အချိန်ပေးပါ။

နှစ်လ သို့မဟုတ် သုံးလအကြာတွင် ပျောက်ကွယ်သွားနိုင်သည်များ [1]:

  • ရာသီချိန်များအကြား သွေးဆင်းခြင်း၊ (သို့) သွေးစက်ကျဆင်းခြင်း
  • ရင်သားနာခြင်း
  • ပျို့ခြင်းနှင့်အန်ခြင်း

ကြာရှည်နိုင်မည့် အရာများ

  • ကပ်ခွာပြား ကပ်ထားသော အရေပြားယားယံခြင်း
  • လိင်ဆန္ဒပြောင်းလဲမှု

အကယ်၍ သုံးလကြာပြီးနောက် ဘေးထွက်ဆိုးကျိုးများကို သင် ခံနိုင်သည်ထက်ပိုပြီးခံစားရသည်ဆိုလျှင်၊ နည်းလမ်းများပြောင်းပြီး ကာကွယ်ထားပါ။ သင့်လိုအပ်ချက်များနှင့်ကိုက်ညီသည့်နည်းလမ်းကိုဆုံးဖြတ်နေစဉ် ကွန်ဒုံးများသည်ကောင်းမွန်သောကာကွယ်မှုပေးသည်။ လူတိုင်း၊ နေရာတိုင်းအတွက် နည်းလမ်းတစ်ခုရှိတယ်ဆိုတာ သတိရပါ။

*အမျိုးသမီးအနည်းစုအတွက်မူ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများရှိနိုင်ပါတယ်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။

 

ကပ်ခွာပြား ခဏခဏပြုတ်ကျနေလျှင် ဘာလုပ်ရမလဲ [7]?

  • ကပ်ခွာပြား ခဏခဏပြုတ်မကျပါ။ ဒါပေမယ့် ကပ်ခွာပြား ပြုတ်ကျရင်လည်း စိတ်မပူပါနဲ့။ ၂၄ နာရီထက်နည်းပြီး ကပ်ခွာပြား ကဆက်ပြီးကပ်နေသေးလျှင် ၎င်းကိုဆက်သုံးနိုင်ပါတယ်။ သို့မဟုတ် သင် ကပ်ခွာပြား အသစ်တစ်ခုကိုသုံးနိုင်သည်။
  • မကပ်သော ကပ်ခွာပြား ကိုကပ်နေအောင် ပတ်တီး၊ တိပ် သို့မဟုတ် ကော်ကိုမသုံးပါနှင့်။ သင့်ကိုကိုယ်ဝန်မဆောင်ရန်တားဆီးသောဟော်မုန်းများသည် ကော်နှင့်ရောစပ်ထားသည်။ ထို့ကြောင့်၎င်းသည်မကပ်တော့ပါက ထိရောက်သောနည်းလမ်းတစ်ခုလည်းမဟုတ်တော့ပါ။
  • ဒီလိုလုပ်ကြည့်ပါ – သင်၏ကပ်ခွာပြားကပ်မည့် အရေပြားပေါ်တွင်လိမ်းဆေး၊ အဆီ၊ အမှုန့်၊ ခရင်မ်၊ ဆေးများကိုမသုံးပါနှင့်။ ရေချိုးပြီး လိုးရှင်း သို့မဟုတ် ဆီသုံးခြင်းသည် ကပ်ခွာပြား ကပ်ရာတွင် အနှောက်အယှက်ဖြစ်စေနိုင်သည်။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ ၎င်းသည် ဆက်၍ ကွာကျနေပါက အတွင်းပိုင်းတွင်ထားရှိသောနည်းလမ်းတစ်ခုကို သင်စမ်းချင်ပေမည်။ Implant၊ IUD သို့မဟုတ် အဝိုင်းကွင်း
  • အခြားနည်းလမ်းသုံးမယ်-Implant၊ IUD၊ အဝိုင်းကွင်း

 

ကပ်ခွာပြား ပြောင်းရန်သတိမရပဲ မေ့မေ့နေပါက ဘာလုပ်ရမလဲ [7]?

  • ဒီလိုလုပ်ကြည့်ပါ – သင့်ဖုန်းတွင် သတိပေးချက်တစ်ခုထားပါ။
  • အလုပ်မဖြစ်သေးဘူးလား။ သတိပေးစနစ်ကိုသုံးပြီး မှတ်မိဖို့အခက်တွေ့နေသေးလျှင် လအတော်ကြား သို့မဟုတ် နှစ်အတော်ကြာမေ့ထားနိုင်သည့် နည်းလမ်းတစ်ခုကို သင် လိုကောင်းလိုနိုင်သည်။ ထိုးဆေးအမျိုးအစားများ၊ implant (သို့) IUD ။
  • အခြားနည်းလမ်းသုံးမယ်-implant၊ IUD၊ ထိုးဆေး

 

အကယ်၍ ကပ်ခွာပြား မှအရေပြားယားယံမှု ရှိနေလျှင် ဘာလုပ်ရမည်နည်း [9]?

  • အမျိုးသမီးအချို့သည် ကော်မှ ယားယံခြင်းကို ခံစားရသည်။
  • ဒီလိုလုပ်ကြည့်ပါ – ကပ်ခွာပြား ကို အခြားအကြံပြုထားသောနေရာသို့ ပြောင်းကြည့်ပါ။ ၎င်းသည် ထိရောက်မှုကို နည်းကောင်းနည်းသွားစေနိုင်သည်။ အကယ်၍ သင်သည်၎င်းကိုလှည့်ပြောင်းနေခဲ့ပါက တစ်နေရာတည်းတွင် ထားရှိရန်ကြိုးစားပါ။ သင့်အရေပြား ယားယံနေဆဲဖြစ်ပါက cortisone cream အနည်းငယ်သုံးပါ။ ၎င်းအားဖြင့် မြန်မြန်ပိုကောင်းလာနိုင်သည်။
  • အလုပ်မဖြစ်သေးဘူးလား။ ပိုကောင်းလာပါက ကော်မပါသည့် နည်းလမ်းကိုစဉ်းစားပါ။ ကပ်ခွာပြား အပြင် စဉ်းစားနိုင်သည့် ရွေးချယ်ခွင့်အချို့မှာ – ထိုးဆေး၊ implant၊ IUD, အဝိုင်းကွင်း
  • အခြားနည်းလမ်းသုံးမယ်-implant၊ IUD, အဝိုင်းကွင်း၊ ထိုးဆေး

 

ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကိုမကြိုက်ဘူးဆိုရင် ဘာလုပ်ရမလဲ။

  • ကပ်ခွာပြားကို နှစ်လခန့်ကြာအောင်သုံးပါ။ ဘေးထွက်ဆိုးကျိုးများသည်ထိုကာလအတွင်း ပြေလျော့လာနိုင်သည်။
  • အလုပ်မဖြစ်သေးဘူးလား။ အခြားဟော်မုန်းပါသည့်နည်းများနှင့် သင် အလားတူဘေးထွက်ဆိုးကျိုးများမရနိုင်ပါ။ အချိန်နဲ့အမျှ အခြေအနေပိုမကောင်းလာပါက အဝိုင်းကွင်း၊ ထိုးဆေး၊ IUD ဒါမှမဟုတ် implant ကိုသုံးပါ။
  • အခြားနည်းလမ်းသုံးမယ်-implant အဝိုင်းကွင်း ထိုးဆေး

 

ကပ်ခွာပြား သည် သဘာဝပတ်၀န်းကျင်အတွက် မကောင်းဘူးလား [9]?

  • ပတ်ဝန်းကျင်အတွက်ဆို ဘယ်နည်းလမ်းကမဆို ပိုကောင်းပါတယ်။
  • ကပ်ခွာပြား မှဟော်မုန်းအချို့ အမျိုးသမီး၏ဆီးမှတစ်ဆင့် ပတ်ဝန်းကျင်သို့ ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ ပတ်ဝန်းကျင်ရှိ အခြားအီစရိုဂျင်ရင်းမြစ်များထက် နဲပါတယ်။
  • စက်မှုနှင့်ကုန်ထုတ်လုပ်မှုဖြစ်စဉ်များ၊ ဓာတ်မြေသြဇာများနှင့်ပိုးသတ်ဆေးများ၊ တိရိစ္ဆာန်များအတွက်သုံးသောဆေးများမှ အက်စထရိုဂျင် အားလုံးသည် ကပ်ခွာပြား မှအမျိုးသမီးဆီးတွင်ရှိအီစရိုဂျင်ထက် ပိုမိုများပြားပြီး သဘာဝပတ်ဝန်းကျင်သို့ရောက်ပါတယ်။
  • အကယ်၍ သင်သည် ပတ်ဝန်းကျင် သို့မဟုတ် သင်၏ခန္ဓာကိုယ်ထဲသို့ ဟော်မုန်းများမထည့်လိုပါက သင့်အတွက်ရွေးချယ်ခွင့်များရှိပါသည်။ သဘာဝ latex ကွန်ဒုံးနှင့် ကြေးနီ IUD နှစ်ခုစလုံးသည် ကောင်းသည့်ရွေးချယ်ခွင့်များဖြစ်သည်။ ဘာကိုဆုံးဖြတ်သည်ဖြစ်စေ၊ နည်းလမ်းတစ်ခုကိုရွေးပြီးဆက်အသုံးပြုပါ။
  • အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ ဟော်မုန်းမပါဘဲ အလွန်ထိရောက်သောနည်းလမ်းကို အသုံးပြုလိုပါကဟော်မုန်းမပါသော IUD ကိုစမ်းကြည့်ပါ။

 

သွေးခဲမှုအတွက်စိုးရိမ်ရန်လိုအပ်ပါသလား။

  • သင် ကပ်ခွာပြား ကိုအသုံးပြုနေစဉ် သွေးခဲခြင်းဖြစ်ရန်အန္တရာယ် အလွန်နည်းပါးသည်။ သို့သော် အချို့ မျိုးရိုးဗီဇနှင့်ဆေးဘက်ဆိုင်ရာ အခြေအနေများသည်သင်၏သွေးခဲမှုအန္တရာယ်ကိုမြင့်တက်စေသည်။ အကယ်၍ သင့်တွင်သွေးခဲရောဂါရှိပါက၊ သို့မဟုတ် သွေးခဲမှုအတွက် အထူးစိုးရိမ်စရာရှိပါက၊ သင့်အတွက်အကောင်းဆုံးရွေးချယ်ခွင့်သည် ဤ ကပ်ခွာပြား ဟုတ်မဟုတ်သိရန် သန္ဓေတားဆေးပေးသူနှင့်စစ်ဆေးပါ။

ဘာ့ကြောင့် ကပ်ခွာပြား ပတ်ပတ်လည်မှာ မဲမဲလေးထောင့်ကွက် ကပ်ကျန်ခဲ့သလဲ

  • အလုပ်မဖြစ်သေးဘူးလား။ စေးကပ်သောအရာများသည် သင့်ကိုအနှောင့်အယှက်ပေးပြီး သင်နေ့စဉ် သို့မဟုတ် လိင်ဆက်ဆံသည့်အခါတိုင်း သတိရစရာမလိုသည့် သန္ဓေတားနည်းကို လိုချင်ပါက implant, IUD, အဝိုင်းကွင်း သို့မဟုတ် ထိုးဆေးတို့ကို စစ်ဆေးရန် လိုပေမည်။
  • အခြားနည်းလမ်းသုံးမယ်-implant၊ IUD၊ အဝိုင်းကွင်း၊ ထိုးဆေး

ကိုးကားချက်များ

[1] Cornell Health. (2019). The Contraceptive Patch. Cornell University , New York . Retrieved from https://health.cornell.edu/sites/health/files/pdf-library/the-patch.pdf
[2] Contraceptive Choice Center . (2015). Contraceptive Patch FACT SHEET. Washington University in St. Louis School of Medicine, Department of Obstetrics & Gynecology, St. Louis. Retrieved from https://contraceptivechoice.wustl.edu/wp-content/uploads/2015/07/Contraceptive-Patch-Fact-Sheet.pdf
[3] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[4] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). FSRH Guideline: Combined Hormonal Contraception. Retrieved from https://www.fsrh.org/standards-and-guidance/documents/combined-hormonal-contraception/
[5] FPA the sexual health charity. (2019). Your guide to the contraceptive patch. Retrieved from https://www.fpa.org.uk/sites/default/files/contraceptive-patch-your-guide-2019_0.pdf
[6] Galzote, et al. (2017). Transdermal delivery of combined hormonal contraception: a review of the current literature. International Journal of Women´s Health. Retrieved from https://www.ncbi.nlm.nih.gov/pmc/articles/PMC5440026/
[7] Reproductive Health Access Project. (2015). THE PATCH. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2014/12/factsheet_patch.pdf
[8] Society of Obstetricians and Gynaecologists of Canada. (2017). Canadian Contraception Consensus Chapter 9: Combined Hormonal Contraception. Retrieved from https://www.jogc.com/article/S1701-2163(16)39786-9/pdf
[9] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[10] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ဗမာစာ