သုတ်ပိုးသေဆေး | Find My Method
 
spermicide
  • ရှာရလွယ်၊ ဟိုမုန်းမပါ၊ ဆေးညွှန်းမလို
  • ထိရောက်မှု – သုတ်ပိုးသေဆေးဟာ သူ့ချည်းပဲဆိုရင် သိပ်မကောင်းပါ အခြား ခြားခံနည်းတစ်ခုခုနဲ့တွဲရင် အကောင်းဆုံး အလုပ်လုပ်ပါတယ်။ ၇၂ ယောက်မှ ၈၂ယောက်ထိသာ ဒီနည်းကိုသုံးပြီး ကိုယ်ဝန်ကို တားဆီးဖို့ စီမံနိုင်ပါမယ်။
  • ဘေးထွက်ဆိုးကျိုးများ – အများအားဖြင့် ပြဿနာမရှိလှပါ၊ ဒါပေမဲ့ သင်နဲ့သင့်အဖော်မှာ ယားယံတာဖြစ်လာနိုင်ပါတယ်
  • အားထုတ်ရမှု- မြင့်မားသော။ လိင်ဆက်ဆံတိုင်း ဒါကို သုံးပေးဖို့လိုပါတယ်
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

အကျဉ်းချုပ်

သုတ်ပိုးသေဆေးများ

သုတ်ပိုးသေဆေးများနဲ့သန္ဓေတားခြင်း အကျဉ်းချုပ်

သုတ်ပိုးသေဆေးမှာ သုတ်ပိုးကိုမရွေးလျားအောင် ရပ်တန့်စေတဲ့ဓာတုဗေဒ ပစ္စည်းတွေပါပါတယ်။ ၎င်းကို ကရင်မ် အမျှင်ပြား ရေမြှပ် ဂျယ် ထဲ့စိမ်ထားစရာ အနေနဲ့ရနိုင်ပါတယ် ဘာကိုပဲရွေးရွေး သင့် ယောနိထဲ ထဲထဲဝင်ဝင် ထည့်ပေးမှသာ သုတ်ပိုးကို သားအိမ်ခေါင်းမှတဆင့် သားအိမ်ထဲ မရောက်အောင် တားမှာပါ။

အသေးစိတ်များ

အခြားနည်းလမ်းတစ်ခုခုနဲ့တွဲသုံးရင် အကောင်းဆုံးပါ။ သုတ်ပိုးသေဆေးကို diaphragmအမြှေးပြားလို အမျိုးသားသုံးကွန်ဒုံး အမျိုးသမီးသုံးကွန်ဒုံးလို အခြားနည်းလမ်းတစ်ခုခုနဲ့ တွဲသုံးရင် အကောင်းဆုံး အလုပ်လုပ်ပါမယ်။ သုတ်ပိုးသေဆေးဟာ ခြားခံနည်းလမ်းကို ပိုပြီးထိရောက်စေပေမဲ့ သူတမျိုးတည်းသုံးရင် သိပ်မထိရောက်လှပါဘူး။

သင်ကိုယ်ဝန်ရရန်စိတ်မပူရပါ။ သုတ်ပိုးသေဆေးရဲ့ ကျရှုံးနိုင်ခြေက မြင့်မားပါတယ်။ သင် ကိုယ်ဝန်မဆောင်လိုပါက တခြားနည်းလမ်းတစ်ခုခု ဒါမှမဟုတ် အခြား ခြားခံနည်းလမ်းနဲ့ သုတ်ပိုးသေဆေးကို အတူတွဲတာမျိုး သုံးသင့်ပါတယ်။

ဆေးညွှန်းမလိုပါ။ သုတ်ပိုးသေဆေးသုံးဖို့ သင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ တွေ့ဖို့မလိုပါဘူး။ တချိန်တည်းမှာ ကွန်ဒုံးတွေကိုလဲ စဥ်စားပါ။

လူအချို့ဟာ သုတ်ပိုးသေဆေးနဲ့ ဓါတ်မတည့်ပါ။ သုတ်ပိုးသေဆေးသုံးပြီး ယားယံတာဖြစ်လာပါက မတည့်တာဖြစ်နိုင်ပါတယ်။ ရောင်းချတဲ့ သုတ်ပိုးသေဆေးတော်တော်များများနဲ့ သန္ဓေတားဂျယ်တွေမှာ Nonoxynol-9 တူညီတဲ့ပါဝင်မှုရှိပါတယ်။ သင်ဒါကိုမတည့်ပါက သုတ်ပိုးသေဆေးဟာ သင့်အတွက် အကောင်းဆုံးရွေးချယ်ခွင့်မဟုတ်‌တော့ပါ။

အဖော်နှစ်ဦးစလုံး HIVမရှိပါ။ တက်ကြွတဲ့ပါဝင်မှုတခုဖြစ်တဲ့ Nonoxynol-9 ဟာ မတဲ့တဲ့ အရေပြားမှာ ပြောင်းလဲမှုဖြစ်စေပါတယ်။ ဒီလိုဆို သင့်ကို HIV ပိုရလွယ်သွားစေပါတယ်။ သင် သို့မဟုတ် သင့်အဖော်မှာ HIVရှိရင် မကြာသေးခင်က စစ်မထားတာ ဒါမှမဟုတ် သင့်မှာလိင်ဆက်ဆံဖော်များတာဆိုရင် သင့်ကို HIVကူးမှာကနေ ကာကွယ်ပေးနိုင်တဲ့နည်းလမ်းကို ရွေးချင်မှာပါ။

အသုံးပြုနည်း

သုတ်ပိုးသေဆေးတွေတခုနဲ့တခု မတူပါ၊ ပြီးတော့ အမျိုးအစား တော်တော်များများ ရရှိနိုင်ပါတယ်။ အထုပ်ပေါ်က လမ်းညွှန်ချက်တွေ သေချာဖတ်ပါ၊ ပြီးတော့ သက်တမ်းကုန်ဆုံးမည့်ရက်ကို စစ်ဆေးပါ။ သုတ်ပိုးသေဆေးက သုံးရတာလွယ်ပါတယ်၊ သုတ်ပိုးသေဆေးကို သင့်လက်ချောင်းနဲ့ ဒါမှမဟုတ် ထည့်တံလေးနဲ့ ထည့်ပေးရတယ်။

ထည့်ပြီးရင် တချို့ သုတ်ပိုးသေဆေးတွေက လိင်မဆက်ဆံမီ ဆယ်မိနစ်‌လောက် စောင့်ရတယ်။ အဲလို သုတ်ပိုးသေဆေးတွေက ထည့်ပြီး တစ်နာရီစာပဲ ထိရောက်ပါ တယ်။ သုတ်ပိုးသေဆေးထည့်ပြီးစောင့်ရတဲ့အချိန်နဲ့ လိင်ဆက်ဆံဖို့ အချိန်တွေကိုတော့ ဂရုစိုက်ရပါမယ်။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ:[3]

သုံးရလွယ်ပြီး ဆောင်ထားဖို့အဆင်ပြေတယ်
လိင်မဆက်ဆံခင် မြှုတဲ့အနေနဲ့ထည့်နိုင်တယ်
ဟိုမုန်းကင်းပါတယ်
ဆေးညွှန်းမလိုပါ
နို့တိုက်နေစဉ်ကာလ အသုံးပြုနိုင်သည်
မကောင်းတဲ့အချက်များ:[2]
ရှုပ်ထွေးပွထနေနိုင်ပြီး ယောနိမှ ထွက်ကျလာနိုင်တယ်
ယောနိကို ဒါမှမဟုတ် သင့်အဖော်ရဲ့လိင်တံကို ယားယံစေနိုင်တယ်
အချို့လူတွေ သုတ်ပိုးသေဆေးကို ဓါတ်မတည့်ပါ
အရသာကို မနှစ်သက်တာဖြစ်နိုင်
သုတ်ပိုးသေဆေးအတော်များများမှာ ယားယံစေနိုင်တဲ့ Nonoxynol-9 ပါဝင်တယ် (အထူးသဖြင့် တနေ့ထဲ တစ်ခါထက် ပိုပြီးသုံးတဲ့အခါ) ။ ဒါက HIVနဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါရနိုင်ခြေ များစေတယ်။

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။
သုတ်ပိုးသေဆေးက ယားယံလာစေရင် ဘာလုပ်ရမလဲ ?[4]
ကိုယ်သုံးတဲ့သုတ်ပိုးသေဆေးအမှတ်တံဆိပ်ကြောင့် ယားယံတာလဲ ဖြစ်နိုင်တယ်။ သုတ်ပိုးသေဆေးကိုပဲ ဆက်သုံးချင်ရင် တခြားအမျိုးအစားကို ရှာကြည့်ပါ။
အလုပ်မဖြစ်သေးဘူးလား။ သုတ်ပိုးသေဆေးအများစုမှာ အဓိကပါတဲ့ Nonoxynol-9ကို ဓါတ်မတည့်ရင် တခြားနည်းလမ်းကို စစ်ဆေးဖို့လိုမယ် ဟိုမုန်းမပါတာကို ပိုနှစ်သက်ရင် အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး နဲ့ ကြေးနီ IUD တို့က ရွေးချယ်ခွင့်ကောင်းတွေ ဖြစ်နိုင်တယ်။
အခြားနည်းလမ်းသုံးမယ်-အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး၊ IUD
သုတ်ပိုးသေဆေးက ပြန့်ကြဲရှုပ်ထွေးနေရင် ဘယ်လိုလုပ်မလဲ။
သုတ်ပိုးသေဆေးဟာ ရှုပ်ထွေးပါတယ် တံဆိပ်ပြောင်းသုံးကြည့်ပါ၊ ပြီးတော့ သုတ်ပိုးသေဆေးကို လမ်းညွှန်ချက်တွေအတိုင်းတိတိကျကျသုံးစွဲနိုင်ပါစေ။ သိပ်ရှုပ်ထွေးပွထနေတယ်ထင်ရင်တော့ တခြားနည်းလမ်းသုံးဖို့ စဥ်စားပါ။

အခြားနည်းလမ်းသုံးမယ်-အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး၊ IUD၊ ထိုးဆေး

ကိုးကားချက်များ

[1] Banerjee, et al. (2014). Insights of Spermicidal Research: An Update. Journal of Fertilization: In vitro – IVF-Worldwide, Reproductive Medicine, Genetics & Stem Cell Biology, 3. Retrieved from https://www.longdom.org/open-access/insights-of-spermicidal-research-an-update-2375-4508.1000138.pdf
[2] CHIJIOKE, M. K. (2016). SPERMICIDES AND DIAPHRAGMS. UNIVERSITY OF BENIN CITY: DEPARTMENT OF HEALTH, SAFETY AND ENVIRONMENTAL EDUCATION. Retrieved from https://www.academia.edu/24646826/SPERMICIDES_AND_DIAPHRAGMS
[3] Shoupe, D. (2016). Barrier Contraceptives: Male Condoms, Vaginal Spermicides, and Cervical Barrier Methods. En D. Shoupe, The Handbook of Contraception: A Guide for Practical Management. Retrieved from http://eknygos.lsmuni.lt/springer/677/147-177.pdf
[4] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 5: Barrier Methods. JOGC Journal of Obstetrics and Gynaecology Canada , 37. Retrieved from https://www.jogc.com/article/S1701-2163(16)39376-8/pdf
[5] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[6] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1
[7] Xia, et al. (2020). DL-Mandelic acid exhibits high sperm-immobilizing activity and low vaginalirritation: A potential non-surfactant spermicide for contraception. Elsevier Masson. Retrieved from https://reader.elsevier.com/reader/sd/pii/S0753332220302961?token=063F3CA5FE829FE276755EF2EE8152EBC11B2906592153330A395D73878C354BC3E701A06960C98C04FA57B0D8AB401A


lang ဗမာစာ