အတွင်းပိုင်းကွန်ဒုံး | Find My Method
 

နောက်ဆုံးပြင်ဆင်ခဲ့သည့်နေ့ဒီဇင်ဘာ 7th, 2020

internal-condom
  • အမျိုးသမီးတွေကို ထိန်းချုပ်မှုပိုပေး
  • latex ဓာတ်မတည်တဲ့စုံတွဲများအတွက် ရွေးချယ်ခွင့်ကောင်း
  • ထိရောက်မှု- အတိအကျလိုက်နာသုံးစွဲပါကပိုကောင်း; သုတ်ပိုးသေဆေးပါရင် ပိုထိရောက်။ မှန်ကန်စွာအသုံးပြုပါက လူ ၁၀၀ လျှင် ၉၅ ယောက် ကိုယ်ဝန်ကို တားဆီးဖို့ စီမံနိုင်ပါမယ်။ သို့သော် အများစုသည်ကွန်ဒုံးကို အတိအကျလိုက်နာမသုံးကြပါ။ အကယ်၍ ထိုသို့ဖြစ်ပါကဤနည်းလမ်းကိုအသုံးပြုသောလူ ၁၀၀ လျှင် ၇၉ ဦး သာလျှင် ကိုယ်ဝန်ကိုရှောင်ရှားနိုင်မည်ဖြစ်သည်။
  • ဘေးထွက်ဆိုးကျိုးများ – များသောအားဖြင့်တစ်ခုမှမရှိပါ။ သို့သော်သင်နှင့်သင့်ကောင်လေးအားအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်
  • အားထုတ်ရမှု- မြင့်မားသော။ သင်လိင်ဆက်ဆံသည့်အခါတိုင်း အသုံးပြုရမည်။

အကျဉ်းချုပ်

အမျိုးသမီးကွန်ဒုံး

အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံး အကျဉ်းချုပ်

အတွင်းပိုင်း (ကွန်ဒုံး – အမျိုးသမီးကွန်ဒုံး) သည်သင်၏လိင်အင်္ဂါ သို့မဟုတ် စအိုထဲသို့ ထည့်သည့် အိတ်ငယ်ဖြစ်သည်။ အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံးတွေဟာ လိင်တံပေါ်မှာ ကပ်ထားခြင်းမဟုတ်ဘဲ (အမျိုးသမီး)အတွင်းထဲ ထည့်ထားပြီး အမျိုးသားကွန်ဒုံးလိုပဲ အလုပ်လုပ်ပါတယ်။ သူတို့က သုက်ပိုးကိုကွန်ဒုံးအတွင်းရှိစေပြီး မိန်းမကိုယ် (သို့) စအိုတွင်း မဝင်စေပါ။

အသေးစိတ်များ

STI ကာကွယ်မှု။ အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံးတွေဟာ အိပ်ချ်အိုင်ဗွီအပါအ ၀င် လိင်မှတဆင့်ကူးစက်သောရောဂါများ (STIs) ကိုကာကွယ်ပေးပါတယ်။

အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံးတွေဟာ အတော် အားထုတ်ဖို့ နဲ့ လိုက်နာကျင့်သုံးဖို့ လိုတယ်။ ထိရောက်စေဖို့ရာ လိင်ဆက်ဆံတိုင်း မှန်မှန်ကန်ကန် သုံးရပါတယ်။

မိမိအဖော်က ကွန်ဒုံးမသုံးပဲ ငြင်းဆန်တယ်။ မိမိအဖော်က ကွန်ဒုံးမသုံးရင် ကိုယ်ကလဲ လိင်မှတဆင့်ကူးစက်သောရောဂါများ (STIs) ကိုကာကွယ်လိုရင် အမျိုးသမီးသုံးကွန်ဒုံး တွေဟာ ကောင်းတဲ့ ရွေးချယ်ခွင့်ပါ။

ဆေးညွှန်းမလိုပါ။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူဆီမရောက်နိုင်ရင် (ဒါမှမဟုတ် မသွားလိုရင်) အမျိုးသမီးသုံးကွန်ဒုံး ကိုအမြဲသုံးနိုင်ပါတယ်။ ဒါတွေကို တခြားကွန်ဒုံးတွေထက်ရှာရပိုခက်ပါမယ်။

latex ဓါတ်မတည့်သူအတွက် ကောင်းပါတယ်။ အမျိုးသားကွန်ဒုံးအများစုလိုမဟုတ်ပဲ အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံးတွေဟာ ပလပ်စတစ် (သို့) ရော်ဘာနဲ့ပြုလုပ်ပါတယ်။ latex ဓါတ်မတည့်သူပင်လျှင် သုံးနိုင်ပါတယ်။

အသုံးပြုနည်း

အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံးတွေဟာ သုံးရလွယ်ပေမယ့် အလေ့အကျင့်လိုပါတယ်။ ဒီနည်းလမ်းကိုကြိုက်နှစ်သက်တယ်ဆိုရင် တစ်ခါဆက်ဆံတိုင်း တစ်ခုသုံးဖို့ သတိရပါ

အမျိုးသမီးသုံးကွန်ဒုံး ကို ဘယ်လိုထည့်ရမလဲ [8]

  1. စစချင်း မရှက်ပါနှင့်။ အမျိုးသမီးအတွင်းထည့်သုံးတဲ့ကွန်ဒုံးကိုထည့်ရတာ မထည့်ခင် လိင်စိတ်တက်ကြွလာစေပါတယ်။ လိင်ကိစ္စကို အဖော်နဲ့ပြောဆိုရတာ အဆင်ပြေတယ်ဆိုရင် လိင်ဆက်ဆံတုံး ကွန်ဒုံးသုံးပြီး အရသာပိုစေတာကို ဆွေးနွေးပါ။
  2. လက်ကိုဆပ်ပြာနဲ့ရေနှင့် ဆေးကြောပါ။ ဘာနဲ့မှမထိပဲ လေဖြင့် ခြောက်ပါစေ။
  3. သုတ်ပိုးသေဆေး သို့မဟုတ် lubricant အချို့ကို ကွန်ဒုံးရဲ့အဆုံးပိတ်အပြင်ဘက်မှာ ထားပါ။
  4. ထိုင်ရင်း ဒါမှမဟုတ် မတ်တပ်ရပ်ရင်း ခြေထောက်ကားရင်း
  5. အဆုံးပိတ်ပိုင်းကွင်းကိုစုထားပြီး တန်ပွန်တောင့်လေးထည့်သလို သွင်းလိုက်ပါ။
  6. သင့်မိန်းမကိုယ်အတွင်းဝင်နိုင်သလောက် အဝိုင်းကွင်းကို တွန်းထဲ့ပေးပါ။ သားအိမ်ခေါင်းနားတလျောက်ထိတွန်းပို့ပါ။
  7. လက်ချောင်းကိုဆွဲထုတ်ပြီး အပြင်ဘက်ကွင်းကို ယောနိအပြင် တစ်လက်မလောက်မှာ တွဲခိုနေပါစေ။ (နဲနဲရယ်ချင်စရာဖြစ်နိုင်သည်)
  8. အမျိုးသမီးသုံးကွန်ဒုံး ကို စအိုလိင်ဆက်ဆံရန် သုံးလိုပါကလဲ ထိုနည်းအတိုင်းလိုက်နာပြီး စအိုတွင် သွင်းပါ။

လိင်ဆက်ဆံစဉ် ကွန်ဒုံးတစ်ဖက်သို့ရွေ့လျားနေပါက စိတ်မပူပါနှင့်။ အကယ်၍ အမျိုးသားက သင်၏လိင်အင်္ဂါ (သို့) စအိုထဲသို့ ကွန်ဒုံးအပြင်ဘက် ချော်ဝင်လာပါက ကွန်ဒုံးကိုညင်သာစွာဖယ်ပြီး ပြန်ထည့်ပါ။ အမျိုးသမီးသုံးကွန်ဒုံးအပြင်ဘက် မလိင်အင်္ဂါထဲ မတော်တဆသုတ်ရည်လွှတ်မိပါက ကိုယ်ဝန်ကိုရှောင်ရန် အရေးပေါ်သန္ဓေတားနည်းကို စဉ်းစားဖို့လိုပါမယ်။

အမျိုးသမီးသုံးကွန်ဒုံး ကိုဘယ်လိုဖယ်ထုတ်ရမလဲ [7]

  1. အပြင်ဘက်ကွင်းကိုညှစ်ထားပြီးလှည့်ထုတ်ရင် သုတ်ရည်ထွက်ကျမလာနိုင်ပါ။
  2. ကွန်ဒုံးကို ညင်ညင်သာသာ ဆွဲထုတ်ပါ
  3. ကလေးများလက်လှမ်းမမှီရာကို ပစ်ပါ။ အိမ်သာထဲဆွဲမချပါနဲ့၊ ပိုက်လိုင်းအတွက်မကောင်းပါ။

ပုံမှန်ကွန်ဒုံးနဲ့အတူ အမျိုးသမီးသုံးကွန်ဒုံးကိုတွဲသုံးလဲ ကာကွယ်မှုကို နှစ်ဆတိုးမလာစေပါ။ အဲလိုလုပ်ပါကနှစ်ခုလုံးလိန်တွန့်သွားပါမယ် .[4]

သိကောင်းစရာအထာလေးများ အမျိုးသမီးသုံးကွန်ဒုံး မသုံးခင် သက်တမ်းကုန်ဆုံးမည့်ရက်ကို သေချာစစ်ဆေးပြီး အထုပ်ကိုအပေါက်အပြဲကြည့်ပါ။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ : [8]

  • သင့်အား STIs လိင်မှတဆင့်ကူးစက်သောရောဂါများမှ ကာကွယ်ပေး
  • အပြင်ဘက်ကွင်းက သင့်အစေ့ကိုလှုံ့ဆော်ပေးနိုင်
  • ဆေးညွှန်းမလိုပါ
  • latex မတည့်လျှင်သုံးနိုင်
  • ဆီအခြေခံ နှင့် ရေအခြေခံသည့် ချောဆီနှစ်မျိုးလုံးနှင့် အသုံးပြုနိုင်
  • အမျိုးသားလိင်တံမတောင့်တင်းတော့တာတောင် အတွင်းမှာပဲနေမြဲနေပါတယ်

မကောင်းတဲ့အချက်များ – [8]

  • ယားယံစေနိုင်
  • အချို့အမှတ်တံဆိပ်များကို လူတချို့ ဓါတ်မတဲ့နိုင်ပါ (ဖြစ်ခဲ့ရင် အခြားတံဆိပ်ကိုစမ်းသုံးကြည့်ပါ)
  • လိင်ဆက်ဆံစဉ် ခံစားမှုကို လျော့စေနိုင်
  • အချို့ အမျိုးသမီးသုံးကွန်ဒုံးများက တကျွိကျွိအသံမည်နိုင် (မူကွဲအသစ်များမှာမူ မဖြစ်သင့်ပါ)
  • အရက်သောက်ထားပါက သုံးဖို့မေ့နေနိုင်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ အမျိုးသားသုံးကွန်ဒုံးက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။

ထည့်သွင်းရတာ ခက်ခဲလွန်းရင်ကော ဘာလုပ်ရမလဲ။

အမျိုးသမီးသုံးကွန်ဒုံးထည့်သွင်းတာဟာ လုပ်ပါများရင် ပိုလွယ်လာမှာပါ။ လိင်ဆက်ဆံဖို့မလုပ်ခင်ကတဲက အသားတကျနေတတ်အောင် ထည့်သွင်းလေ့ကျင့်ကြည့်ပါ၊
အလုပ်မဖြစ်သေးဘူးလား။ ထည့်သွင်းရတာဘယ်လိုမှလွယ်မလာရင် STIs လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း စိုးရိမ်ပူပန်နေရင် အမျိုးသားသုံးကွန်ဒုံးနဲ့သာသွားပါ။
STI ကာကွယ်မှုအတွက် အခု စိုးရိမ်စရာမရှိပါက တစ်ခုခုထည့်သွင်းစရာမလိုတဲ့ သန္ဓေတားခြင်းကို သင်သွားလိုပေမည်။ IUD နှင့် implant ကို ဆေးခန်းမှာ ထည့်ရပါတယ်။
အခြားနည်းလမ်းသုံးမယ်-implant; IUD

ယောက်ျားရဲ့လိင်တံကို ကပ်နေရင် ဘာလုပ်မလဲ။ [10]

ချောဆီနဲနဲထဲ့ပြီး ကပ်သေးလား စမ်းသုံးကြည့်ပါ။
အလုပ်မဖြစ်သေးဘူးလား။ နှစ်ဦးသဘောတူပါက အမျိုးသားသုံးကွန်ဒုံးကို ပြောင်းသုံးပါ။ ၎င်းတို့က STIs လိင်မှတဆင့်ကူးစက်သောရောဂါများမှလည်း ကာကွယ်ပေးပါမည်။
အကယ်၍ သင်သည် STI လိင်မှတဆင့်ကူးစက်သောရောဂါများ ကာကွယ်မှုကိုစိတ်မ၀င်စားပါက အခြားနည်းလမ်းတစ်ခုသို့ ပြောင်းရန်စဉ်းစားပါ။ အဝိုင်းကွင်း၊ ကပ်ခွာပြား၊ ထိုးဆေး တို့ကလဲ ရွေးကောင်းစရာ ဖြစ်နေနိုင်ပါတယ်။
အခြားနည်းလမ်းသုံးမယ်-အမျိုးသားသုံးကွန်ဒုံး၊ ကပ်ခွာပြား၊ အဝိုင်းကွင်း၊ ထိုးဆေး

အမျိုးသမီးသုံးကွန်ဒုံးက တကျွိကျွိအသံမည်ရင် ဘယ်လိုလုပ်မလဲ? [4]

ချောဆီနဲနဲထဲ့ပြီး အသံမည်သေးလား စမ်းသုံးကြည့်ပါ။ အမျိုးသမီးသုံးကွန်ဒုံးမူကွဲသစ်များဟာ အသံမမည်တော့လို့ စမ်းသုံးကြည့်ပါ။
အလုပ်မဖြစ်သေးဘူးလား။ သဘောတူပါက အမျိုးသားသုံးကွန်ဒုံးကိုပြောင်းသုံးပါ။ ၎င်းတို့က STIs လိင်မှတဆင့်ကူးစက်သောရောဂါများမှလည်း ကာကွယ်ပေးပါမည်။
အကယ်၍ အခုသင်သည် STI လိင်မှတဆင့်ကူးစက်သောရောဂါများ ကာကွယ်မှုကို စိတ်မ၀င်စားပါက အခြားနည်းလမ်းတစ်ခုသို့ပြောင်းရန်စဉ်းစားပါ။ IUD၊ အဝိုင်းကွင်း၊ ကပ်ခွာပြား၊ ထိုးဆေး တို့ကလဲ ရွေးကောင်းစရာဖြစ်နေနိုင်ပါတယ်။
အခြားနည်းလမ်းသုံးမယ်-IUD

ယောက်ျားက အတွင်းကကွင်းကို ခံစားမိတယ်ဆို ဘာလုပ်ရမလဲ။ [7]

ယောက်ျားက အတွင်းကကွင်းကို ခံစားမိတယ်ဆိုပါက မိန်းမကိုယ်ထဲ (သို့) စအိုထဲ လုံလုံလောက်လောက် မသွင်းထားလို့ ဖြစ်နိုင်ပါတယ်။ နည်းနည်းဝေးသွားအောင် တွန်းပြီးစမ်းပါ။
အလုပ်မဖြစ်သေးဘူးလား။ နှစ်ဦးသဘောတူပါက အမျိုးသားသုံးကွန်ဒုံးကိုပြောင်းသုံးပါ။ ၎င်းတို့က STIs လိင်မှတဆင့်ကူးစက်သောရောဂါများ မှလည်း ကာကွယ်ပေးပါမည်။
ကိုယ့်အဖော်နဲ့ STIs လိင်မှတဆင့်ကူးစက်သောရောဂါများလည်း ပူစရာမလိုဘူးဆိုရင် ခြားခံမလိုတဲ့နည်းကို ပြောင်းလိုကပြောင်းပါ။ ထိုးဆေးနဲ့ implant ကလဲ နှစ်ခုလုံး အလွန်ထိ‌ရောက်ပါတယ်။
အခြားနည်းလမ်းသုံးမယ်-အမျိုးသားသုံးကွန်ဒုံး၊ implant၊ ထိုးဆေး

ကွန်ဒုံးနှစ်ခုသုံးပါက ကိုယ်ဝန်နဲ့ STIs လိင်မှတဆင့်ကူးစက်သောရောဂါတွေ အတွက် ပိုပြီး ကောင်းကောင်း ကာကွယ်မလား?[10]

ကွန်ဒုံးနှစ်ခုဟာ တစ်ခုထက် သေချာပေါက်ပိုမကောင်းပါ။ ကွန်ဒုံး နှစ်ခုထပ်သုံးရင် ပွတ်တိုက်မှုပိုလာလို့ ကွန်ဒုံးပြဲနိုင်ခြေ ပိုများပါတယ်။
အပြတ်စိတ်ချရလိုပါက ကွန်ဒုံးနှင့်အတူ ထိရောက်တဲ့ သန္ဓေတားဆေးနည်းလမ်းကို အသုံးပြုပါ။
အခြားနည်းလမ်းသုံးမယ်-implant

အမျိုးသမီးသုံးကွန်ဒုံးက မတ်တပ်ရပ်လိုက်ရင် ဘာလို့ နဲနဲထွက်လာလဲ ?[10]

အမျိုးသမီးသုံးကွန်ဒုံးကို လိင်မဆက်ဆံခင် ရှစ်နာရီလောက်ကတည်းက ထည့်ထားနိုင်ပါတယ်။
အမျိုးသမီးသုံးကွန်ဒုံးထဲ့ပြီး မတ်တပ်ရပ်ပါက မိန်းမကိုယ် (သို့) စအိုမှ နည်းနည်းတွဲကျလာနိုင်ပါတယ်။ စော‌စောထည့်ထားပြီး တွဲကျမလာစေလိုပါက အောက်ခံဘောင်းဘီအကြပ်ဝတ်ပြီး ကိုယ်နဲ့ကပ်နေအောင်ထိန်းထားနိုင်ပါတယ်။

ကိုးကားချက်များ

[1] Beksinska, et al. (2015). A randomized noninferiority crossover controlled trial of the functional performance and safety of new female condoms: an evaluation of the Velvet, Cupid2, and FC2. Contraception, Volume 92, Issue 3,. Retrieved from https://www.ncbi.nlm.nih.gov/pubmed/26002805
[2] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[3] FPA the sexual health charity. (2015). Your guide to male and female condoms. Retrieved from https://www.victoriaparkhealthcentre.co.uk/website/C82124/files/male-and-female-condoms-your-guide.pdf
[4] IPPF and UNFPA. (2010). MYTHS, MISPERCEPTIONS AND FEARS: ADDRESSING CONDOM USE BARRIERS. New York . Retrieved from http://bibliobase.sermais.pt:8008/BiblioNET/Upload/PDF4/002988.pdf
[5] Mome, et al. (2018). Effectiveness of female condom in preventing HIV and sexually transmitted infections: a systematic review protocol. BMJ Open. Retrieved from https://www.ncbi.nlm.nih.gov/pmc/articles/PMC6078242/
[6] Reproductive Health Access Project. (2015). FEMALE/INTERNAL CONDOM. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2015/03/factsheet_female_condom.pdf
[7] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 5: Barrier Methods. JOGC Journal of Obstetrics and Gynaecology Canada , 37. Retrieved from https://www.jogc.com/article/S1701-2163(16)39376-8/pdf
[8] Shoupe, D. (2016). Barrier Contraceptives: Male Condoms, Vaginal Spermicides, and Cervical Barrier Methods. En D. Shoupe, The Handbook of Contraception: A Guide for Practical Management. Retrieved from http://eknygos.lsmuni.lt/springer/677/147-177.pdf
[9] Ting RS, et al. (2018). A pilot study on the functional performance and acceptability of an innovative female condom (Wondaleaf®) in Malaysia. Open Access J Contracept., 9. Retrieved from https://www.ncbi.nlm.nih.gov/pmc/articles/PMC5804018/
[10] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[11] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ဗမာစာ