သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများ

သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများ
သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများ

သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများဆိုတာဘာလဲ?

“သဘာဝမိသားစုအစီအစဥ်ဆွဲခြင်း”၊ “စည်းချက်နည်းလမ်း” သို့မဟုတ် “ရံဖန်ရံခါစောင့်ထိန်းခြင်း” လို့သိကြတဲ့ သန္ဓေအောင်မှုဆိုင်ရာ အသိအမြင်နည်းလမ်းဆိုသည်မှာ သင့်ရဲ့ ဓမ္မတာစက်ဝန်းကို စောင့်ကြည့်ပြီး သင်ကိုယ်ဝန်ရနိုင်မည့် ရက်များကို တွက်ချက်တဲ့ သန္ဓေတားနည်းလမ်းတခုဖြစ်ပါတယ်။ သင့်အနေနဲ့ အခြား ပစ္စည်းများ ဒါမှမဟုတ် ဆေးဝါးများ မလိုအပ်ပါဘူး။ သင့်ရဲ့ သန္ဓေအောင်နိုင်တဲ့ ကာလ အစ နဲ့ အဆုံးကို တွက်ချက်ဖို့ တခုတည်း ဒါမှမဟုတ် တွဲဖက်အသုံးပြုနိုင်တဲ့ သန္ဓေအောင်မှုဆိုင်ရာ အသိအမြင်နည်းလမ်းများရှိပါတယ် (၁)။

သန္ဓေအောင်မှုဆိုင်ရာအသိအမြင် အခြေခံနည်းလမ်းများဟာ သင်ကိုယ်ဝန်ရနိုင်သောရက်များ (သင့်ရဲ့ သန္ဓေအောင်နိုင်တဲ့ရက်များ) ကို ခန့်မှန်းပြီး အဆိုပါရက်များအတွင်း အကာအကွယ်မဲ့ မအင်္ဂါဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ရှားစေတာဖြစ်ပါတယ်။ ဒီနည်းလမ်းများအတွက် သင့်ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများကို သတိထားမိခြင်း သို့မဟုတ် သင်ရွေးချယ်သည့်နည်းလမ်း၏ စည်းမျဥ်းများအတိုင်း ရက်များကို တွက်ချက်ခြင်းတို့ ပါဝင်ပါတယ်။

သင့်ဓမ္မတာကာလ၏ သန္ဓေအောင်နိုင်သည့်အချိန်အတွင်းမှာ သင်ဟာ ကိုယ်ဝန် ရရှိနိုင်ပါတယ်။​အဆိုပါအချိန်ဟာ ၈ ရက်မှ ၉ ရက်အထိကြာမြင့်နိုင်ပါတယ်။ ဒီသန္ဓေအောင်နိုင်တဲ့ အချိန်အတွင်းမှာ သားဥအိမ် (မျိုးဥထွက်ခြင်းဟုခေါ်သည့်ဖြစ်စဥ်)မှ မျိုးဥကို ထုတ်လုပ်ပြီး ၎င်းဟာ ၂၄ နာရီအထိ ရှင်သန်နိုင်ပါတယ်။ သို့သော်လည်း သုက်ကောင်ဟာ သင့်ရဲ့ မျိုးပွားစနစ်အတွင်းမှာ ၇ ရက်အထိ ရှင်သန်နိုင်ပါတယ်။ မျိုးဥထုတ်လုပ်တဲ့အချိန်မှာ သုက်ကောင်ရှိနေရင်၊ သုက်ကောင်နဲ့ ဥတို့ဟာ ချိတ်ဆက်မိပြီး ကိုယ်ဝန်ရစေနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ မျိုးဥထွက်ခြင်းမတိုင်မှီ ခုနှစ်ရက်လောက်အထိ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုလုပ်ထားရင်၊ ကိုယ်ဝန်ရနိုင်ချေရှိတယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ် (၃)။

သန္ဓေအောင်မှုဆိုင်ရာအသိအမြင်အခြေခံနည်းလမ်းများဟာ ရိုးရှင်းပါတယ်။ သင့်ရဲ့ ဓမ္မတာကာလကို ခြေရာခံပြီး ကိုယ်ဝန်ရနိုင်တဲ့​ရက်များမှာ လိင်မဆက်ဆံရုံပါပဲ။ ဒီရက်များမှာ သင်ဟာ လိင်ဆက်ဆံမိတယ်ဆိုရင်တော့၊ ပြင်ပ သို့မဟုတ် အတွင်း ကွန်ဒုံး သို့မဟုတ် diaphragm များကဲ့သို့ အခြားနည်းလမ်းများကို သုံးစွဲပေးပါ။

မတူညီသော သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းအမျိုးအစားများကဘာလဲ?

သင့်ရဲ့ သန္ဓေအောင်နိုင်တဲ့အခြေအနေကို စောင့်ကြည့်ပြီး ဓမ္မတာကာလအတွင်း ကိုယ်ဝန်ရနိုင်တဲ့ရက်များကို ဆုံးဖြတ်ဖို့ သင်အသုံးပြုနိုင်တဲ့ နည်းလမ်းအများအပြားရှိပါတယ်။ ဓမ္မတာကာလဘယ်နှရက်အတွင်း ရောက်ရှိနေလဲဆိုတာကို တွက်ချက်နိုင်ဖို့အတွက် သင့်ရဲ့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို စောင့်ကြည့်နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ အားစိုက်ထုတ်မှု နဲ့ တစိုက်မတ်မတ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သင်ဒီနည်းလမ်းကို မရွေးချယ်ခင်မှာ၊ သင်လုပ်ဆောင်ရမည့်အရာများကို နားလည်ဖို့ သေချာပါစေ။ လစဥ်လတိုင်း ခုနှစ်ရက်ကာလအတွင်း လိင်မဆက်ဆံဖို့ ပြင်ဆင်ထားပါ သို့မဟုတ် အဆိုပါရက်များတွင် အရန်နည်းလမ်းကို အသုံးပြုပါ။

သန္ဓေအောင်မှုအခြေခံနည်းလမ်းများကို ပြက္ခဒိန် နှင့် လက္ခဏာအခြေခံနည်းလမ်းများဟူ၍ ပိုင်းခြားနိုင်ပါတယ် (၄)။

ပြက္ခဒိန်အခြေခံနည်းလမ်းများ

ပြက္ခဒိန်အခြေခံနည်းလမ်းများအတွက် သင့်ရဲ့ဓမ္မတာစက်ဝန်းကို စောင့်ကြည့်ပြီး သန္ဓေအောင်နိုင်သည့်ရက်များ စတင်သည့်ရက် နှင့် ပြီးဆုံးသည့်ရက်များကို စောင့်ကြည့်ရန် လိုအပ်ပါတယ်​။

ပြက္ခဒိန်အခြေခံနည်းလမ်းများ :

ပြက္ခဒိန်အခြေခံစည်းချက်နည်းလမ်း။ ပြက္ခဒိန်အခြေခံစည်းချက်နည်းလမ်းဟာ သင့်ရဲ့ ဓမ္မတာစက်ဝန်းကို လပေါင်းများစွာစောင့်ကြည့်လေ့လာပြီး သန္ဓအောင်နိုင်တဲ့ရက်များကို ကူညီတွက်ချက်ပေးတာဖြစ်ပါတယ်။ စက်ဝန်းဟာ သင်ဓမ္မတာစလာတဲ့ရက်မှာ စတင်ပြီးတော့ ဒီရက်မှာ သင်စတင်ရေတွက်ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သန္ဓေအောင်နိုင်တဲ့ရက်များကို ဆုံးဖြတ်နိုင်ဖို့၊ ဒီနည်းလမ်းကို မသုံးခင်မှာ သင့်ရဲ့ ဓမ္မတာ ၆ ခု ကနေ ၁၂ ခုအထိ အရင်ဆုံးမှတ်တမ်းတင်ထားသင့်ပါတယ်၊ ပြီးနောက်မှာ စက်ဝန်းတခုစီရဲ့ ပထမရက်များကြားထဲက ရက်များကို ရေတွက်ပါ။

သင့်ရဲ့ သန္ဓေအောင််နိုင်သောကာလစတင်တဲ့ရက်ကို တွက်ဖို့၊ သင့်ရဲ့ အတိုဆုံး ဓမ္မတာကာလကနေ ရက် ၂၀ ကို နုတ်ပါ။ သင့်ရဲ့ သန္ဓေအောင်နိုင်တဲ့ကာလပြီးဆုံးရက်ကို တွက်နိုင်ဖို့၊ အရှည်ဆုံးဓမ္မတာကာလကနေ ၁၀ ရက်ကို နုတ်ပါ။ သင့်ရဲ့ သန္ဓေအောင်နိုင်တဲ့ကာလအတွင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ရှားသင့်ပါတယ်​ (၅)။

သင်ဟာ ဓမ္မတာအက်ပ် သို့မဟုတ် ဓမ္မတာကာလဘီးကဲ့သို့ ကူညီမှတ်သားပေးနိုင်သည့်အရာများကို သုံးစွဲသင့်ပါတယ်၊ သို့မဟုတ်လည်း သင့်ရဲ့ ပုံမှန်ပြက္ခဒိန်မှာ ဓမ္မတာရက်များကို အမှတ်အသားပြုလုပ်ပါ။

သင်ရဲ့ ဓမ္မတာစက်ဝန်းများအကြား ရက်များဟာ ၂၇ ရက်အောက် နည်းနေတယ်ဆိုရင်၊ ဒီနည်းလမ်းကို သင့်အတွက် အကြံမပြုပါဘူး။ ဒီနည်းလမ်းကို ဓမ္မတာပုံမှန်ရှိတဲ့အမျိုးသမီးများသာလျှင် အသုံးပြုနိုင်ပါတယ်။

စံနှုန်းရက်များနည်းလမ်း (SDM)။ ဒီနည်းလမ်းကို ဓမ္မတာကာလ ၂၆ ရက်မှ ၃၂ ကြားရှိသူအမျိုးသမီးများအတွက် အကြံပြုပါတယ်။ သင့်ရဲ့ ဓမ္မတာစက်ဝန်းရက်များကို မှတ်သားထားရန်လိုအပ်ပြီး သင့်ဓမ္မတာစက်ဝန်းရဲ့ ၈ ရက်မြောက်မှ ၁၉ ရက်မြောက်အတွင်း အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို ရှောင်ရှားရပါမယ်။ အချို့အမျိုးသမီးများဟာ ရောင်ခြယ်ပုတီးများ (ဥပမာ၊ စက်ဝန်းပုတီးများ) ကို သုံးစွဲပြီး သူတို့ရဲ့ ဓမ္မတာစက်ဝန်းများကို မှတ်သားပါတယ်​။ ဒီပုတီးများမှာဆိုရင် အဖြူရောင်ပုတီးများဟာ အကာအကွယ်မဲ့လိင်ဆက်ဆံမှုရှောင်ရှားရမည့်ရက်များ (သန္ဓေအောင်နိုင်သောရက်များ) သို့မဟုတ် အရန်သန္ဓေတားနည်းလမ်းသုံးစွဲရမည့်ရက်များကို ညွှန်ပြပါတယ်။

သင့်ရဲ့ စက်ဝန်းကိုပုတီးများအသုံးပြုပြီး ဘယ်လိုမှတ်သားမလဲ

လက္ခဏာအခြေခံနည်းလမ်းများ

လက္ခဏာအခြေခံနည်းလမ်းများဟာ အဖြူဆင်းခြင်း နှင့် သဘာဝကိုယ်အပူချိန် (basal body temperature) များကဲ့သို့ လက္ခဏာများကို စောင့်ကြည့်ခြင်းဖြစ်ပါတယ်။ ပြီးနောက်မှာ သင့်အနေနဲ့ ဒီလိုလက္ခဏာများထင်ရှားတဲ့ ရက်များမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းများမှာ အောက်ပါတို့ပါဝင်ပါတယ်

နှစ်ရက်နည်းလမ်း (TDM)။ သင့်ရဲ့ မအင်္ဂါပစ္စည်းဆင်းခြင်းများကို နေ့စဥ်စောင့်ကြည့်ပြီး သင့်မှာ သားအိမ်ခေါင်းအဖြူချွဲဆင်းခြင်း ရှိ၊ မရှိဆုံးဖြတ်ရပါမယ်။ ကိုယ်ဝန်ဆောင်ရခြင်းမှ ရှောင်ရှားနိုင်ရန်၊ သင်ဟာ အဖြူချွဲဆင်းသည့်ရက် နှင့် နောက်တစ်ရက်တို့မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ရပါမယ်။ သင့်အနေနဲ့ လိင်ဆက်ဆံရန် ဆုံးဖြတ်ပါက၊ အဖြူချွဲဆင်းခြင်းများ ရှင်းသွားသည်အထိ ကွန်ဒုံးကဲ့သို့ အခြားသန္ဓေတားနည်းလမ်းကို အသုံးပြုသင့်ပါတယ်။​
သဘာဝကိုယ်အပူချိန် (BBT) နည်းလမ်း။ ဒီနည်းလမ်းဟာ အမျိုးသမီးရဲ့ ကိုယ်အပူချိန်ကို အသုံးပြုပြီး သန္ဓေအောင်နိုင်ခြင်း ရှိ၊ မရှိဆုံးဖြတ်တာဖြစ်ပါတယ်။ မျိုးဥထွက်ပြီးနောက်မှာ အမျိုးသမီးရဲ့ ပုံမှန်ကိုယ်အပူချိန်ဟာ အနည်းငယ်မြင့်တက်ပါတယ်။ ကိုယ်အပူချိန်တက်လာပြီးနောက် သုံးရက်အကြာ မှ သင့်ရဲ့နောက်ထပ်ဓမ္မတာစလာသည့်ပထမဆုံးရက်ကာလအတွင်းမှာ သင်ဟာ ကိုယ်ဝန်ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒီနည်းလမ်းအတွက်၊ မနက်တိုင်းမှာ သင့်ရဲ့ ကိုယ်အပူချိန်ကိုတိုင်းကြည့်ပြီး မျိုးဥထွက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သင်မနက်နိုးနိုးချင်း သင့်ကိုယ်အပူချိန်ကို တိုင်းရမှာဖြစ်ပြီး ဇယားတခုထဲမှာ မှတ်တမ်းတင်ရပါမယ်။ အပူလက္ခဏာနည်းလမ်း သို့မဟုတ် စံနှုန်းရက်များနည်းလမ်းများနှင့် တွဲဖက်သုံးစွဲတဲ့အခါ ဒီနည်းလမ်းဟာ အထိရောက်ဆုံးဖြစ်ပါတယ် (၁)။
မျိုးဥထွက်ခြင်းနည်းလမ်း။ သားအိမ်ခေါင်းအဖြူချွဲဆင်းခြင်း သို့မဟုတ် အဖြေထုတ်ခြင်းနည်းလမ်းဟု သိရှိကြသော ဤနည်းလမ်းဟာ အမျိုးသမီးရဲ့ သန္ဓေအောင်နိုင်တဲ့ရက်အစ နှင့် အဆုံးကို အဖြူချွဲဆင်းခြင်းအားစောင့်ကြည့်ပြီး တွက်ချက်တာဖြစ်ပါတယ်။ ရက်အများစုမှာ အမျိုးသမီးတဦးရဲ့ သားအိမ်ခေါင်းအဖြူချွဲဟာ ထူပြီးကပ်စေးပါတယ်၊ သို့သော်လည်း မျိုးဥထွက်ချိန်မှာတော့ ၎င်းဟာ ရေဓာတ်များပြီးချောပါတယ်။ သင့်ရဲ့ သားအိမ်ခေါင်းအဖြူချွဲကို နေ့စဥ်စစ်ဆေးရန်လိုအပ်ပါတယ်။​ သင့်ရဲ့ အဖြူချွဲစဆင်းသည့်ရက် (သားအိမ်ခေါင်းအဖြူချွဲဟာ ကြည်လင်၊ ကျုံ့ဆန့်နိုင်ပြီး ချောနေတယ်၊ ပြီးတော့ စိုစွတ်နေတယ်) မှ အချွဲဆင်းတာရပ်ပြီးနောက် သုံးရက်အထိ သင်ဟာ ကိုယ်ဝန်ရနိုင်ပါတယ်။ ဤနည်းလမ်းကို သဘာဝကိုယ်အပူချိန်နည်းလမ်း သို့မဟုတ် စံနှုန်းရက်များနည်းလမ်းများနဲ့ တွဲဖက်သုံးစွဲခြင်းဟာ ပိုပြီးထိရောက်စေပါတယ် (၅)။
အပူလက္ခဏာနည်းလမ်း။ ဒီနည်းလမ်းဟာ သင်ကိုယ်ဝန်ရရှိနိုင်သည့်ရက်များကို ခန့်မှန်းနိုင်ရန် သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများစွာကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ သင်ကိုယ်ဝန်ရရှိနိုင်ကြောင်းပြသဖို့ သင့်ခန္ဓာကိုယ်မှာ လက္ခဏာများစွာရှိပြီး ဒီနည်းလမ်းဟာ ၎င်းလက္ခဏာများစွာကို တကြိမ်တည်းမှာမှတ်သားတာဖြစ်ပါတယ်။ ဒီလိုလက္ခဏာများမှာ သင့်တင်ပါးဆုံမည်မျှပွင့်နေကြောင်း၊ သင့်ရဲ့သဘာဝကိုယ်အပူချိန် နဲ့ သင့်ရဲ့ သားအိမ်ခေါင်းအဖြူချွဲတို့ပါဝင်ပါတယ်။ နည်းလမ်း နှစ်ခု သို့မဟုတ် နှစ်ခုအထက်သုံးစွဲခြင်းဟာ ကိုယ်ဝန်ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်​ (၇)။

သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများဟာ ဘယ်လောက်ထိရောက်ပါသလဲ?

– သန္ဓအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများဟာ အများအပြားသိပ်မထိရောက်ပါဘူး။ ပြီးပြည့်စုံစွာကျင့်သုံးမှသာ ၎င်းတို့ဟာ အကောင်းဆုံးအလုပ်လုပ်ပါတယ် (၈)။
– ပြီးပြည့်စုံသည့်သုံးစွဲမှုနှင့်အတူ၊ ၎င်းတို့ဟာ ၉၅-၉၉% ခန့်ထိရောက်ပါတယ်။ ပုံမှန်သုံးစွဲမှုနဲ့ဆိုရင် ၎င်းတို့ဟာ ၇၆-၈၈% ထိရောက်ပါတယ် (၉)။

သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းတခုချင်းစီရဲ့ ထိရောက်မှုကို သိရှိနိုင်ဖို့ အောက်ပါဇယားကို ကြည့်ပေးပါ။

မည်သည့်အချိန်မှု သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများဟာ ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ပါသလဲ?

သင်ဟာ သင့်ရဲ့ခန္ဓာကိုယ်ကိုပိုပြီးကောင်းမွန်စွာ သိချင်တယ်ဆိုရင်။ သန္ဓအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများဟာ သင့်ခန္ဓာကိုယ်ရဲ့ အမူအကျင့်တွေကို ဖော်ထုတ်နိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ သင်ဟာ ပြောင်းလဲမှုများကို သတိပြုမိမှာဖြစ်ပြီး သင့်ရဲ့ ဓမ္မတာစက်ဝန်းကို ပိုပြီးနားလည်မှာပါ။
သင််ဟာ ကိုယ်ဝန်ဆောင်ရခြင်းကို စိတ်မရှိရင်။သင်ဟာ ဒီနည်းလမ်းများကို မှန်ကန်စွာ မသုံးစွဲရင်၊ ၎င်းတို့ရဲ့ ကျရှုံးနှုန်းဟာ မြင့်မားပါတယ်။ သင်ဟာ သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများကို စူးစမ်းချင်တယ်ဆိုရင်တော့၊ သင့်ရဲ့ ပြက္ခဒိန် နှင့်/ သို့မဟုတ် လက္ခဏာများကို မှတ်သားဖို့ သင်ယူနေဆဲမှာ ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းကို သုံးစွဲဖို့ အကြံပြုပါတယ်။ သို့သော်လည်း သင်ဟာ သန္ဓေအောင်မှုဆိုင်ရာအသိအမြင်မှတ်သားခြင်းမှာ သိပ်မကျွမ်းကျင်ဘူး၊ ကိုယ်ဝန်ဆောင်ဖို့လည်း ပြဿနာရှိတယ်ဆိုရင်တော့၊ အခြားသန္ဓေတားနည်းလမ်းကိုရွေးချယ်ရန် စဥ်းစားပါ။
သင့်မှာပြီးပြည့်စုံတဲ့တကိုယ်ရည်စည်းကမ်းရှိတယ်ဆိုရင်။ သင်ရော သင့်လက်တွဲဖော်ရောဟာ ဒီနည်းလမ်းကို လိုက်နာဖို့ သဘောတူရမှာဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကို ကောင်းမွန်စွာ သိရှိဖို့လည်း လိုအပ်ပါတယ်။
သင့်ဓမ္မတာစက်ဝန်းအတွင်း ရက်အနည်းငယ် လိင်မဆက်ဆံရတာ သို့မဟုတ် သန္ဓေအောင်နိုင်သောရက်များအတွင်း အခြားအကာအကွယ်နည်းလမ်းသုံးစွဲရတာအဆင်ပြေတယ်ဆိုရင်။ ဤနည်းလမ်းနဲ့ဆိုရင်၊ လစဥ်သင်ကိုယ်ဝန်ရနိုင်တဲ့ရက်များကို မှတ်သားရမှာဖြစ်ပါတယ်။ ဒီရက်များမှာ သင့်အနေနဲ့ လိင်ဆက်ဆံမှုရှောင်ရှားခြင်း သို့မဟုတ် ဟော်မုန်းမပါဝင်သည့် သန္ဓေတားနည်းလမ်းသုံးစွဲခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ သင်ဟာ လိင်မဆက်ဆံရတာ သို့မဟုတ် အခြားသန္ဓေတားနည်းလမ်းသုံးစွဲရတာ အဆင်မပြေဘူးဆိုရင်တော့၊ သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများကို အသုံးမပြုပါနှင့်။
သင်ဟာ ဘေးထွက်ဆိုးကျိုးမရှိသောနည်းလမ်းကို လိုချင်တယ်ဆိုရင်။ ဒီနည်းလမ်းဟာ သင့်ခန္ဓာကိုယ်အတွင်းသို့ ပြင်ပဟော်မုန်းများ မထည့်သွင်းပါဘူး။ ဒီနည်းလမ်းကို သုံးစွဲကြသူအများစုဟာ ၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေမဲ့ တစုံတခုကို လိုချင်ပါတယ်။

သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများဇယား

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles