• (သဘောတူပြီးဖြစ်စေ မတူပဲဖြစ်စေ) အကာအကွယ်မဲ့လိင်ဆက်‌ဆံမှုအရ သို့မဟုတ် နည်းလမ်းမအောင်မြင်၍ ဖြစ်လာနိုင်သော ကိုယ်ဝန်ကာကွယ်နိုင်ခြေကို အရေးပေါ်သန္ဓေတားခြင်းက ပေးသည်။ အရေးပေါ်သန္ဓေတားဆေးများ သို့မဟုတ် ဟိုမုန်းမပါသော IUDကို သုံးနိုင်သည်။
  • ကမ္ဘာ့နေရာအနှံ့အပြားတွင် အရေးပေါ်သန္ဓေတားဆေးများသည် ဆေးလုံးနှစ်လုံးပါပြီး အချို့တွင် တစ်လုံးသာပါရှိသည်။ ဆေးနှစ်လုံးပါနှင့် တစ်လုံးပါ နှစ်မျိုးလုံး အတူတူပဲ ထိရောက်ပါတယ်။
    ထိရောက်မှု- အရေးပေါ်သန္ဓေတားခြင်းရွေးချယ်ခွင့်များဟာ အလွန် ထိ‌ရောက်ပါတယ်။ ဒီရွေးချယ်ခွင့်များသုံးသူ လူ ၁၀၀ မှာ ၉၉ ယောက်ဟာ ကိုယ်ဝန်ကို တားဆီးဖို့ စီမံနိုင်ပါမယ်။ ဒါပေမယ့် လိင်ကိစ္စမတိုင်ခင်နဲ့လိင်ကိစ္စအတွင်းမှာသုံးတဲ့ နည်းတွေက ပိုပြီးအားသာချက်ရှိနိုင်ပါတယ်။
  • ဘေးထွက်ဆိုးကျိုးများ – ကြေးနီ IUD က သွေးပိုဆင်းပြီးအောင့်စေတယ်၊ EC ဆေးတွေက အစာအိမ်မသက်မသာဖြစ်ပြီးအန်စေတတ်ပါတယ်။
  • အားထုတ်ရမှု- တသမတ်တည်းမရှိ ကြေးနီ IUD ကိုတစ်ကြိမ်ထည့်ပြီးနှစ်နဲ့ချီပြီးခံပါတယ်။ ဆေးအ‌ရေအတွက်နဲ့ဆေးပမာဏက အမှတ်တံဆိပ်ပေါ် မူတည်တယ်။
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

Living in Ghana, Liberia, Nigeria or Sierra Leone? Get more information

အကျဉ်းချုပ်

အရေးပေါ်သန္ဓေတားဆေးများအနှစ်ချုပ်

အရေးပေါ်သန္ဓေတားဆေးများအနှစ်ချုပ်

အရေးပေါ်သန္ဓေတားခြင်း (EC)ဟာ ကိုယ်ဝန်မစခင်မှာပဲ တားဆီးပေးတာပါ။ (ဆိုလိုချင်တာက EC ဆေးတွေဟာ ကိုယ်ဝန်ဖျက်ချဆေးလုံးနဲ့ မတူပါ။) သင်နေတဲ့ နေရာပေါ် မူတည်ပြီး EC အမျိုးအစားအများကြီး ရွေးချယ်ခွင့်ရှိနိုင်ပါတယ်။ အမျိုးအစားအများစုက အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၅ ရက် (ဒါမှမဟုတ်နာရီ ၁၂၀) ထိ အလုပ်လုပ်ကြပြီး၊ မြန်မြန်အသုံးပြုလေ၊ ပိုမိုထိရောက်လေလေဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားနည်း ဥပမာများ

Ulipristal acetate ဆေးလုံးများ။ ဒီ EC ပုံစံအသစ်ဟာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၅ ရက်ကြာထိ အလုပ်လုပ်နိုင်ပြီး တစ်ခြားဆေးနဲ့ မတူဘဲ အဲဒီ ၅ ရက်အတွင်း ထိရောက်မှုကျမသွားပါ။

Levonorgestrel-based ဆေးများ – Lydia Postpil, Postinor 2, Norpill, Unwanted72, Nowill Pill, Plan B One-Step, Next Choice One Dose, Next Choice, My Way, After Pill, Levonorgestrel. သင်နေထိုင်ရာနိုင်ငံပေါ် မူတည်ပြီး အဲဒီဆေးတွေကို ဆေးညွှန်းနဲ့ဖြစ်ဖြစ်၊ ဆေးညွှန်းမလိုပဲဖြစ်ဖြစ် ရနိုင်ပါတယ်။ ဒါတွေက အခြားသန္ဓေတားဆေးများနဲ့တူပေမဲ့ ဆေးပမာဏအတော်ပိုများတယ်။ ဒါတွေက အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၅ ရက်အထိအလုပ်လုပ်နိုင်ပေမဲ့ ထိရောက်မှုက တရက်ပြီးတရက် ကျဆင်းလာပါတယ်။ ဒီနည်းကိုသုံးချင်ရင် အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် အမြန်ဆုံးအသုံးပြုသင့်ပါတယ်။

ဟော်မုန်းမပါတဲ့ IUD ။ ဒီဟာကအထိရောက်ဆုံးသော EC ပဲ။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၅ ရက်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ထည့်ပေးပါတယ်။ ဒါက ကိုယ်ဝန်ရနိုင်ခြေကို 99.9% လျှော့ချပေးမယ်

Yuzpe နည်းလမ်း။ သင်ဟာ တိကျတဲ့အဆင့်တွေကိုလိုက်နာမယ်ဆိုရင် ပုံမှန်သန္ဓေတားဆေး တချို့ကို EC အနေနဲ့ သုံးနိုင်တယ် (အောက်တွင်ဖော်ပြထားသော“ သုံးစွဲနည်း” ကိုကြည့်ပါ။ ) ဒီနည်းက အခြား EC ရွေးချယ်ခွင့်တွေလောက် ထိရောက်မှုမရှိပါ။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၃ ရက်အထိ အကောင်းဆုံးအလုပ်လုပ်ပါတယ်။

အသေးစိတ်များ

[12]

မင်းရဲ့သန္ဓေတားနည်းမှာ မတော်တဆတစ်ခုခုဖြစ်ခဲ့တာ။ တကယ်လို့ ကွန်ဒုံးပြဲသွားရင်၊ ဒါမှမဟုတ် ဆေးလုံးကို ယူလာဖို့၊ အဝိုင်းကွင်းကိုထည့်ထားဖို့၊ ကပ်ခွာပြား ကိုသုံးဖို့ မေ့ခဲ့ရင် ဒါမှမဟုတ် diaphragmအမြှေးပြား လျှောထွက်သွားတာမျိုးဖြစ်ခဲ့ရင် – EC သုံးဖို့ လိုကောင်းလိုလိမ့်ပါမယ်။

(သုတ်မထွက်ခင်) ဆွဲမထုတ်လိုက်ရတာ။ သင့်အဖော်က အချိန်မီဆွဲထုတ်ခဲ့တာ မသေချာရင် EC ကို သုံးနိုင်ပါတယ်။

လောလောဆယ်အခြေအနေအရ ဘာမှလုပ်ခဲ့ရ။ လိင်ဆက်ဆံစဉ် ဘာကာကွယ်မှုမှ မသုံးလိုက်ရပါက၊ ကိုယ်ဝန်မဆောင်လိုပါက EC ကိုစဉ်းစားပါ ဒါပေမဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ငါးရက်အတွင်းသေချာအောင်လုပ်ပါ။

ကြောက်စရာအခြေအနေများအတွက်။ တကယ်လို့ အဓမ္မပြုကျင့်ခံရပါက ဒါမှမဟုတ် အခြားသန္ဓေတားဆေးတစ်မျိုးမျိုးကို သုံးဖို့ ငြင်းဆန်သူနဲ့ လိင်ဆက်ဆံမိပါက EC ကိုစဉ်းစားပါ။

အချို့ကို လိုတာနဲ့ရအောင် ဆောင်ထားပါ။ EC ကိုမြန်မြန်သုံးလေလေ၊ ပိုမိုထိရောက်လေလေဖြစ်ပါတယ်။ ဒါကြောင့် ရနိုင်တဲ့ EC ဆေးလုံးအမျိုးမျိုးထဲက တစ်ဘူးလောက်ကို ဆောင်ထားဖို့ကောင်းတယ် လိုရမယ်ရပေါ့။

အာနိသင် ဆက်တိုက်ရှိစေတဲ့ EC ။ တကယ်လို့ သင်ဟာ EC လိုအပ်နေပြီး ရေရှည်မှာ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုပါက ကြေးနီ IUD ဟာ ထိရောက်တဲ့ EC ရွေးချယ်ခွင့်ဖြစ်ပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၅ ရက်ထိ ထည့်သွင်းနိုင်ပါတယ်။။ လွယ်ကူပြီး အ‌တော် ထိရောက်ကာ ၁၂ နှစ်လောက်ထိခံတဲ့ နည်းလမ်း ရရှိလိမ့်ပါမယ်။

အသုံးပြုနည်း

EC နဲ့ အလုပ်ဖြစ်ပေမဲ့ ရေရှည်ပိုအကျိုးရှိပြီး လိင်ဆက်ဆံတဲ့အခါ ပိုပြီးသက်တောင့်သက်သာရှိဖို့ ကူညီပေးမယ့် တခြားရွေးချယ်ခွင့်တွေရှိပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက်မှာဆိုရင်တော့ ဒါက အမြန်ဆုံးနှင့်အလွယ်ကူဆုံးရွေးချယ်ခွင့်ဖြစ်ပါတယ်။ ဒီမှာ ရွေးချယ်နိုင်တာ အမျိုးမျိုးရှိပါတယ်။ [10]

ကြေးနီ IUD ဒါဟာ အထိရောက်ဆုံးသော EC ဖြစ်ပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း သင် {IUD} ထည့်သွင်းပါက၊ ကိုယ်၀န်ကို ၉၉.၉% လျှော့ချနိုင်ပါတယ်။ ဒီနည်းလမ်းကို ရရှိရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ ရက်ချိန်းယူဖို့ လိုအပ်ပါလိမ့်မယ်။

Ulipristal acetate ဆေးလုံးများ။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း ဆေးလုံးတစ်လုံးသောက်သုံးပါ။

Levonorgestrel-based ဆေးလုံး။ levonorgestrel အခြေပြု EC ဆေးများအားလုံးဟာ ပုံမှန်သန္ဓေတား ဆေးများလို အလုပ်လုပ်ပေမဲ့ ဆေးပမာဏများများနဲ့ ခေတ္တခဏသောက်ရတာပါ။ ချက်ချင်းသောက်နိုင်ရင်အကောင်းဆုံးပါ၊ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၅ ရက်အထိ သောက်နိုင်တယ်။

ဟော်မုန်းမပါတဲ့ IUD ။ ဒီဟာကအထိရောက်ဆုံးသော EC ပဲ။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ကိုထည့်သွင်းခဲ့ရင် ကိုယ်၀န်ကို ၉၉.၉% လျှော့ချနိုင်ပါတယ်။ ဒီနည်းလမ်းကို ရရှိရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ ရက်ချိန်းယူဖို့ လိုအပ်ပါလိမ့်မယ်။

The Yuzpe Regimen. ပုံမှန်သန္ဓေတားဆေးအမျိုးအစားအချို့ကို EC အဖြစ် အသုံးပြုနိုင်တယ်။ သင်ဟာ Yuzpe regimen လို့ခေါ်တဲ့ လမ်းကြောင်းကိုရွေးရင် ၁၂ နာရီခြားပြီး ဆေးနှစ်ဆ သောက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဒါက အချို့အမှတ်တံဆိပ်တွေနဲ့ပဲ အလုပ်ဖြစ်ပါတယ်။

သတိရပါ: သင်အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့ကြပြီးနောက် တတ်နိုင်သမျှမြန်မြန် EC ကို အသုံးပြုပါ။ မြန်မြန်သုံးလေ ကောင်းလေဖြစ်ပြီး ၂၄ နာရီကနေ သုံးရက်အတွင်းမှာ အကောင်းဆုံးပါ။ အရေးပေါ်သန္ဓေတားဆေးသည် ၅ ရက်အထိ ကိုယ်ဝန်ဆောင်ခြင်းအန္တရာယ်ကို လျှော့ချနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ – သင့်ခန္ဓာကိုယ်အတွက်သာမက သင်၏လိင်မှုဘဝအတွက်ကောင်းမွန်သော EC အစားထိုးစရာ များစွာရှိသည်။

  • အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ဒါမှမဟုတ် နည်းလမ်းမအောင်မြင်တဲ့အချိန်မှာ အကာအကွယ်နဲ့ စိတ်ငြိမ်းချမ်းမှုပေး

မကောင်းတဲ့အချက်များ – လူတိုင်းဟာ အနုတ်လက္ခဏာဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ကြတယ်၊ ဒါပေမဲ့ အမျိုးသမီးများစွာအတွက်မူ ၎င်းတို့သည်ပြသနာမဟုတ်ပါ။ အကယ်၍ သင်သည် EC ရဲ့ ဘေးထွက်ဆိုးကျိုးခံစားရပါက ၎င်းတို့သည် ၂၄ နာရီအကြာတွင်ပျောက်သွားနိုင် [5]

  • Ulipristal Acetate နဲ့ Levonorgestrel-အခြေခံတဲ့ ဆေးလုံးများ
    • အစာအိမ်မသက်မသာြဖစ်ပြီးအန်စေနိုင်
    • ရင်သားနာ၊ သွေးဆင်းမမှန်၊ မူးဝေခြင်း နှင့် ခေါင်းကိုက်ခြင်း ဖြစ်စေနိုင် တချို့နိုင်ငံတွေမှာ ဆေးညွှန်းလိုတယ်
  • Yuzpe Regimen
    • အစာအိမ်မသက်မသာြဖစ်ပြီးအန်စေနိုင်
    • ရင်သားနာ၊ သွေးဆင်းမမှန်၊ မူးဝေခြင်း နှင့် ခေါင်းကိုက်ခြင်း ဖြစ်စေနိုင်
    • အမျိုးသမီးများမှာ Yuzpe က အခြား EC ဆေးတွေထက် ဘေးထွက်ဆိုးကျိုးများ – အထူးသဖြင့်ပျို့ – လေ့ရှိသည်
    • ၎င်းသည် EC ရွေးချယ်ခွင့်ထဲမှ ထိရောက်မှုအနည်းဆုံးဖြစ်သည်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

အရေးပေါ်သန္ဓေတားခြင်းကို သန္ဓေတားနည်းအဓိကနည်းလမ်းအဖြစ် အကြံမပြုပါ။ ယခုအသုံးပြုနေသည့်နည်းလမ်းနှင့် ပတ်သက်၍ ပြဿနာရှိပါက IUD (သို့) implant ကဲ့သို့ ထိန်းသိမ်းရနည်းသည့်နည်းလမ်းကို သင်ပြောင်းချင်ပေမည်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။

အရေးပေါ်သန္ဓေတားခြင်းက ကိုယ်ဝန်ဖျက်ချဆေးလုံးလိုပဲ အတူတူ အလုပ်လုပ်သလား။ [4]

သင်ကိုယ်ဝန်ရှိပြီးဖြစ်ပါက (သင်မသိသေးသည့်တိုင်) EC အလုပ်မလုပ်ပါ။ EC သည် ကိုယ်ဝန်စတင်ခြင်းမှသာ တားဆီးနိုင်သည်။ ရှိပြီးသားတစ်ခုကို မရပ်နိုင်ပါ။ အကယ်၍ ကိုယ်ဝန်ရှိနေပြီကိုမသိပဲ EC ကို မတော်တဆသုံးလျှင် ၎င်းသည် သင် (သို့) ကိုယ်ဝန်ကိုထိခိုက်မည်မဟုတ်ပါ။

(Dilantin၊ rifampicin, griseofulvin သို့မဟုတ် St. John’s Wort စတဲ့) အင်ဇိုင်းတက်ဆေးတွေကို အသုံးပြုနေရင် EC ထိရောက်မှု နည်းပါသလား။ [12]

ပုံမှန်သန္ဓေတားဆေးများကိုထိရောက်မှုနည်းစေသည့် ဆေးများနှင့်ဆေးဖက်ဝင်အပင်များဟာ EC ဆေးထိရောက်မှုကိုလည်း နည်းစေနိုင်သည်။ အကယ်၍ သင်ကအင်ဇိုင်းတက်ဆေးကိုအသုံးပြုနေတယ်ဆိုပါက EC ဆေးပမာဏကို တိုးမြှင့်ခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ ဆေးပမာဏ ဘယ်လောက် တိုးသောက်ရမယ်ဆိုတာ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ ပြောသင့်တယ်။

EC ဆေးတွေကြောင့် အန်ချင်နေရင် ဘာလုပ်ရမလဲ။ [3]

ပျို့ချင်အန်ချင်တာကိုကာကွယ်ဖို့ EC ပထမဆုံးဆေးကိုမသောက်ခင် တစ်နာရီလောက်မှာ ဆေးညွှန်းမလိုတဲ့ ပျို့အန်ပျောက်ဆေး သောက်နိုင်ပါတယ်။ ဒါက အိပ်ငိုက်စေနိုင်တယ်ဆိုတာ သတိပြုပါ။
အကယ်၍ EC ဆေးသောက်ပြီးတစ်နာရီအကြာမှာ မအန်ချင်တော့ပေမဲ့ သင်ခန္ဓာကိုယ့်ဟာ ဟော်မုန်းတွေကို မစုပ်ယူသေးတာ ဖြစ်နိုင်လို့ အဲဒီဆေးကို ထပ်သောက်ဖို့ လိုကောင်းလိုပါမယ်။

ကိုးကားချက်များ

[1] Black, K. I., & Hussainy, S. Y. (2017). Emergency contraception: Oral and intrauterine options. The Royal Australian College of General Practitioners . Retrieved from https://www.racgp.org.au/download/Documents/AFP/2017/October/V2/AFP-2017-10-Focus-Emergency-Contraception.pdf
[2] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[3] FSRH Faculty of Sexual & Reproductive Healthcare. (Amended 2017). FSRH Guideline Emergency Contraception. London. Retrieved from https://www.fsrh.org/standards-and-guidance/documents/ceu-clinical-guidance-emergency-contraception-march-2017/
[4] FPA the sexual health charity. (2017). Your guide to emergency contraception. Retrieved from https://www.fpa.org.uk/sites/default/files/emergency-contraception-your-guide.pdf
[5] FPA the sexual health charity. (2017). Emergency contraception. Retrieved from https://www.fpa.org.uk/sites/default/files/emergency-contraception-pdf-information.pdf
[6] ICEC The International Consortium for Emergency Contraception . (2018). EMERGENCY CONTRACEPTIVE PILLS: Medical and Service Delivery Guidance. Endorsed by FIGO. Retrieved from https://www.cecinfo.org/wp-content/uploads/2018/12/ICEC-guides_FINAL.pdf
[7] Matyanga, C. M., & Dzingirai, B. (2018). Clinical Pharmacology of Hormonal Emergency Contraceptive Pills. International Journal of Reproductive Medicine. Retrieved from https://www.ncbi.nlm.nih.gov/pmc/articles/PMC6193352/
[8] Trussell, et al. (2019). Emergency Contraception: A Last Chance to Prevent Unintended Pregnancy. Office of Population Research, Princeton University. Retrieved from https://ec.princeton.edu/questions/ec-review.pdfhttps://ec.princeton.edu/questions/ec-review.pdf
[9] The American College of Obstetricians and Gynecologists. ((Reaffirmed 2018)). Emergency Contraception. Washington, D.C. Retrieved from https://www.acog.org/-/media/project/acog/acogorg/clinical/files/practice-bulletin/articles/2015/09/emergency-contraception.pdf
[10] Upadhya, K. K. (2019). Emergency Contraception. AAP COMMITTEE ON ADOLESCENCE. Retrieved from https://pediatrics.aappublications.org/content/pediatrics/144/6/e20193149.full.pdf
[11] World Health Organization . (2018). Emergency contraception. World Health Organization . Retrieved from https://www.who.int/news-room/fact-sheets/detail/emergency-contraception
[12] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[13] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved fromhttps://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang Burmese