diaphragmအမြှေးပြား | Find My Method
 
  • ချက်ချင်းထိရောက်ပါတယ်၊ လိင်ကိစ္စမတိုင်မီနာရီပိုင်းအတွင်း ထည့်ထားနိုင်ပြီး၊ သင့်ဟော်မုန်းကိုမသက်‌ရောက်စေပါ
  • ထိ‌ရောက်မှု – diaphragmအမြှေးပြား ဟာ အတန်အသင့် ထိရောက်ပြီး သုတ်ပိုးသေဆေးနဲ့ဆို ပိုကောင်းပါတယ်၊ အသေအချာသုံးပါက အမျိုးသမီး ၁၀၀ လျှင် ၉၄ ယောက်မှာ ကိုယ်ဝန်ကိုကာကွယ်နိုင်ပါမယ်။ ပုံမှန်အသုံးပြုခြင်း (သို့) လူအများအသုံးပြုသည့်နည်းဖြင့် diaphragmအမြှေးပြား ဟာ သုံးစွဲတဲ့အမျိုးသမီးများကို ၁၀၀ မှာ ၈၈ ယောက် ကိုယ်ဝန်မှ ကာကွယ်ပေးပါတယ်။
  • ဘေးထွက်ဆိုးကျိုးများ – အများစုမှာ ပြဿနာမရှိပေမဲ့ ယားယံတာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ပါတယ်။
  • အားထုတ်ရမှု- မြင့်မား – လိင်ဆက်ဆံတိုင်း ဒါကို နေရာတကျ ထားရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ၂၄ နာရီထိကြာအောင် အထဲမှာထားနိုင်ပါတယ်
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

အကျဉ်းချုပ်

မွေးဖွားမှုထိန်းချုပ်ခြင်း diaphragmအမြှေးပြား

diaphragmအမြှေးပြား သန္ဓေတားနည်း အကျဉ်းချုပ်

diaphragmအမြှေးပြား မှာ ဆီလီကွန်ဟုခေါ်သောပစ္စည်းဖြင့် ပြုလုပ်ထားသော အမိုးခုံးပုံခွက်ပါးပါးလေးဖြစ်သည်။ diaphragmအမြှေးပြား ကို သင့်ယောနိထဲသို့ထည့်ပါ။ ၎င်းသည်သင်၏သားအိမ်ခေါင်းကိုဖုံးအုပ်ပေးပြီး သုက်ပိုးကို သားအိမ်ထဲမရောက်အောင် ကာကွယ်ပေးသည်။ ထိရောက်စွာအလုပ်လုပ်နိုင်ဖို့ ၎င်းကို သုတ်ပိုးသေဆေးဖြင့် အသုံးပြုရန် လိုအပ်ပါတယ်။

အသေးစိတ်များ

[10]

သင့်ခန္ဓာကိုယ်နှင့်အဆင်ပြေပါတယ်။ သင့်လက်ချောင်းများကို သင့်ကိုယ်ထဲထည့်ရန်အဆင်မပြေပါက diaphragmအမြှေးပြားဟာ သင့်အတွက်အကောင်းဆုံးရွေးချယ်ခွင့် မဟုတ်ပါ။ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေးထည့်ရသလို တူပါတယ်။ ၎င်းကိုလုပ်နိုင်လျှင် diaphragmအမြှေးပြား ကိုသင်စီမံနိုင်သည်။

ဒါဟာစည်းကမ်းလိုက်နာဖို့လိုပါတယ်။ လိင်မဆက်ဆံမီ သင့် diaphragmအမြှေးပြားကို ထည့်ရန် သတိရ ရမည်။ လိင်ဆက်ဆံတိုင်း ဒါကိုသတိရဖို့ လိုအပ်ပါတယ်။ ဒါဟာ မိမိကိုယ်ကိုစည်းကမ်း နှင့် အစီအစဥ်တကျရှိဖို့ လိုပါတယ်။ လိုရင် ကိုယ်နဲ့အတူ သယ်ဆောင်နိုင်ပါတယ်။

ရရှိနိုင်မှု။ အများအားဖြင့်diaphragmအမြှေးပြားအမျိုးအစား နှစ်မျိုး ရရှိနိုင်ပါတယ်။ သင် ဒီနည်းလမ်းကိုသုံးချင်ပါသလား? သင့်တည်နေရာတွင် ရနိုင်သည့်အမျိုးအစားကို လေ့လာရန် “ ငါ့နိုင်ငံမှ နည်းလမ်းများ” အပိုင်းကိုလေ့လာပါ။

ဓာတ်မတည့်တဲ့ ကိစ္စများ။ သင် silicone သို့မဟုတ် သုတ်ပိုးသေဆေး ဓာတ်မတည့်ပါက diaphragmအမြှေးပြားကိုမသုံးသင့်ပါ။

ကိုယ်ဝန်အတွက်မေးစရာ။ diaphragmအမြှေးပြားကိုမသုံးတော့ပါက သင်ကိုယ်ဝန်ရနိုင်ပါလိမ့်မည်။ အကယ်၍ diaphragmအမြှေးပြားကို အသုံးရပ်လိုက်ပြီး ကိုယ်ဝန်မဆောင်လိုပါက အခြားသန္ဓေတားနည်းကိုအသုံးပြုပါ။

အသုံးပြုနည်း

လိင်မှုကိစ္စမတိုင်မီ diaphragmအမြှေးပြားကို ထည့်နိုင်သည်။ နာရီအနည်းငယ်ကြိုတင်ပြီး ထည့်ထားနိုင်သည်။ ဘယ်အချိန်ကထည့်ထားသည်ဖြစ်စေ လိင်ဆက်ဆံပြီး အနည်းဆုံး ၆ နာရီခန့် ထားရှိရန်လိုအပ်သည်။ အကယ်၍ ထိုနေ့တွင် ထပ်မံလိင်ဆက်ဆံလိုပါက diaphragmအမြှေးပြားကို ဒီအတိုင်းထားရှိပြီး မိန်းမကိုယ်ထဲ သုက်ပိုးသေဆေးထပ်ထည့်ပါ။ diaphragmအမြှေးပြားကို ၂၄ နာရီထက် ပို၍ မထားပါနှင့်။

မထည့်ခင်မှာ diaphragmအမြှေးပြားရဲ့အတွင်းပိုင်းမှာ သုက်ပိုးသေဆေး ပမာဏ ၅ mL ခန့်ထည့်ပါ။ အနားပတ်လည်မှာလည်း အနည်းငယ်ဖြန့်ရောက်ပါစေ။ (သိပ်များများမထဲ့ရ၊ မဟုတ်ပါက ကိုင်ဆွဲထားဖို့ ချောလွန်းနေမည်။ ) အချို့ သုတ်ပိုးသေဆေး ရွေးစရာတွေဟာ diaphragms အတွက်အထူး ထုတ်ထားတာပါ။ ၆ နာရီအတွင်း တစ်ကြိမ်ထက်ပိုပြီး လိင်ဆက်ဆံရင် (နောက်ထပ် သုတ်ပိုးသေဆေး ထည့်သွင်းဖို့လို) အသုံးပြုနိုင်တဲ့ ထည့်စရာ applicator လေးတစ်ခု ပါရှိ ပါတယ်။ အမျှင်ပြား သို့မဟုတ် ထိုးထည့်ထားရတဲ့ အမျိုးအစားများမှအပ သန္ဓေတားဆေးဂျယ်လ် (သို့) သုတ်ပိုးသေဆေး ဘာမဆို သုံးနိုင်ပါတယ်။ သက်တမ်းကုန်ဆုံးမည့်ရက်ကို စစ်ဆေးဖို့ မမေ့ပါနှင့်။ အကယ်၍ သက်တမ်းကုန်သွားလျှင် သုတ်ပိုးသေဆေး အသစ်ဝယ်ရန် လိုအပ်သည်။.[3]

ဘယ်လိုထည့်ရမလဲ။ diaphragmအမြှေးပြားထည့်တာ ပိုခက်သလိုထင်ရတယ်။ ဒီအဆင့်တွေအတိုင်းလုပ်ပါ:[5]

လက်ကိုဆပ်ပြာနဲ့ရေနှင့် ဆေးကြောပါ။ ဘာနဲ့မှမထိပဲ လေနဲ့ခြောက်သွေ့ပါစေ။
diaphragmအမြှေးပြားမှာ အပေါက်တွေ ချို့ယွင်းချက်တွေ ရှိမရှိစစ်ဆေးပါ။ သူ့ကို ရေသန့်ထဲ့ပြီးစစ်ကြည့်နိုင်ပါတယ် ရေစိမ့်ထွက်လာရင် ပေါက်လို့ပေါ့။ အပေါက်ရှိခဲ့ရင် ကောင်းကောင်းအလုပ် မလုပ်တော့ပဲ ကိုယ်ဝန်ရနိုင်ပါတယ်။
အခွက်ထဲ သုတ်ပိုးသေဆေး 5 mL လောက်ထဲ့ပါ။ အနားပတ်လည်ကို နဲနဲဖြန့်ပေးပါ။
ထိုင်ရင်း ဒါမှမဟုတ် မတ်တပ်ရပ်ရင်း ခြေထောက်ကားရင်း
ယောနိရဲ့ အပြင်ဘက်နှုတ်ခမ်းတွေကို လက်တစ်ဖက်နဲ့ ဟဖြဲပါ။ diaphragmအမြှေးပြားရဲ့အနားကိုလက်တစ်ဖက်နဲ့ဆိတ်ပြီးအလယ်မှ ခေါက်ချိုးပါ။
ခေါက်ထားတဲ့ထဲ လက်ညှိုးထဲ့ပြီး ကောင်းကောင်းဖမ်းကိုင် ထားပါ။ (သုတ်ပိုသေဆေးကို ထိနေမှာပါ)
diaphragmအမြှေးပြားကိုယောနိနောက်ဘက်ထဲရောက်အောင် တတ်နိုင်သလောက် မ ပြီး သွင်းပေးပါ။ သင့်သားအိမ်ခေါင်းကိုဖုံးမိထားရှိပါစေ။

ထပ်ပြီးလိင်ဆက်ဆံအုံးမှာလား? diaphragmအမြှေးပြားကို အထဲမှာ ၆နာရီကြာ ထားဖို့လိုပါတယ်။ ၆နာရီအတွင်း နောက်တကြိမ် လိင်ဆက်ဆံရင် သုတ်ပိုးသေဆေး ထပ်ထည့်ပေးရပါမယ်။ နောက်ဆုံးလိင်ဆက်ဆံတဲ့အချိန်ကစ နောက်ထပ် ၆နာရီ ထပ်ရေတွက်ထားပါ။

ထုတ်ယူရန် လုပ်ဆောင်ပုံ။ ဒီလိုလုပ်မယ် :[5]

လက်ကို ထပ်ဆေးပါ။ ဆပ်ပြာနဲ့ရေသုံးပါ။ လက်ကို ဘာနဲ့မှမထိပဲ လေသလပ်ခံ ခြောက်ပါစေ။
လက်ညှိုးနဲ့လက်မကို ‌‌ယောနိထဲ ထဲ့ပြီး diaphragmအမြှေးပြားရဲ့ အနားပတ်ထိပ်ကို ဆွဲပါ။
diaphragmအမြှေးပြားကို အောက်ဖက်ဆွဲထုတ်ပါ။

အဆင်မပြေဖြစ်နေလား ဆရာဝန်ကို ထည့်စရာလေး တောင်းပါ ဒါမှမဟုတ် နောက်နည်းလမ်းတစ်ခုကို ပြောင်းဖို့စဥ်းစားပါ။

နောက်ဆုံးကတော့ diaphragmအမြှေးပြားကို ကောင်းကောင်းဂရုစိုက် ကိုင်တွယ်ရင် နှစ်အတော်ကြာအောင် ခံပါတယ်။

ထုတ်ယူပြီး ဆပ်ပြာနှင့်ရေနွေးနဲ့ ဆေးကြောပါ။
၎င်းကို လေဖြင့် ခြောက်ပါစေ။
diaphragmအမြှေးပြားပေါ်ကို ပေါင်ဒါမှုန့်တို့ အဆီပါတဲ့ချောဆီတို့ (Vaseline, လိုးရှင်း, or cold cream) မသုံးပါနဲ့။

သိကောင်းစရာအထာလေးများ

diaphragmအမြှေးပြားကိုထည့်တဲ့အခါ သုတ်ပိုးသေဆေးအများစုဟာ ခေါက်ထားတဲ့အထဲမှာရှိဖို့ သေချာပါစေ ဒါမှ အထိရောက်ဆုံးဖြစ်မှာပါ။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ – diaphragmအမြှေးပြားနှင့် ပတ်သက်၍ သင့်ခန္ဓာကိုယ်အတွက်သာမက သင်၏လိင်ဘဝအတွက် ကောင်းမွန်သောအရာများစွာရှိသည်။ [9]

diaphragmအမြှေးပြားကို နာရီအတော်ကြာ ကြိုထည့်ထားနိုင်တယ်
ဒါထဲ့ထားတဲ့အချိန် (သုတ်ပိုးသေဆေးထပ်ထဲ့ပေးနိုင်ရင်) အကြိမ်ရေကြိုက်သလောက် လိင်ဆက်ဆံနိုင်ပါတယ်
သင်ရောသင့်အဖော်ပါ ဒါကို မခံစားရသင့်ပါ
ဟိုမုန်းကင်းပါတယ်
တင်ပါးဆုံတွင်းရောင်ရမ်းရောဂါနဲ့ မျိုးဥပြွန်ပိတ်တဲ့ရောဂါတွေဖြစ်နိုင်တဲ့ အန္တရာယ် လျော့ကျစေပါတယ်
နို့တိုက်နေစဉ်ကာလ အသုံးပြုနိုင်သည်

မကောင်းတဲ့အချက်များ : [4]

တချို့အမျိုးသမီးတွေမှာ diaphragmအမြှေးပြားထည့်သွင်းရတာခက်နေတတ်ပါတယ်
‌မိန်းမကိုယ်ယားယံတာြဖစ်စေပါတယ်
တချို့အမျိုးသမီးတွေမှာ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်မှု ဖြစ်ပါတယ်
ဘာပဲဖြစ်ဖြစ် လိင်ဆက်ဆံတိုင်းသုံးပါ
သုတ်ပိုးသေဆေး ဒါမှမဟုတ် siliconeနဲ့မတည့်ရင် diaphragmအမြှေးပြားကို မသုံးသင့်ပါ
လိင်တံကြီးမားရင်၊ တအားဆောင့်ထိုးရင် ဒါမှမဟုတ် တချို့လိင်ဆက်ဆံတဲ့ပုံစံအနေအထားတွေမှာ နေရာလွဲဖယ်သွားနိုင်ပါတယ်
ဆေးညွှန်းလိုပါတယ်
အရက်သောက်ထားပါက သုံးဖို့ မေ့သွားနိုင်ပါတယ်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရလိုက်ပါ : အကယ်၍ နည်းလမ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ပါက၊ သင်ပြောင်းနေစဉ် ကာကွယ်ထားရန် သေချာပါစေ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။

diaphragmအမြှေးပြားကယားယံတာဖြစ်လာရင် ဘာလုပ်ရမလဲ [7]

ယားယံတာဟာ သုတ်ပိုးသေဆေးကို မတဲ့လို့ ဖြစ်နိုင်တယ်။ နဲနဲပဲယားယံတာဆိုရင် သုတ်ပိုးသေဆေးနောက်တမျိုးနဲ့ စမ်းကြည့်ပါ။
အလုပ်မဖြစ်သေးဘူးလား။ ယားယံတာနဲနဲပိုဆိုးလာတာ ဒါမှမဟုတ် သုတ်ပိုးသေဆေး အမျိုးအစား အမျိုးမျိုးသုံးလဲ ဆက်ရှိနေတာဆိုရင် အဲဒါတွေမလိုတဲ့ နည်းလမ်းသုံးဖို့ စဥ်းစားရပါမယ်။
အခြားနည်းလမ်းသုံးမယ်-implant; IUD; ကပ်ခွာပြား; ဆေးလုံး; အဝိုင်းကွင်း; ထိုးဆေး

diaphragmအမြှေးပြားဟာ ထည့်သွင်းရ ပြန်ထုတ်ရ သိပ်ခက်နေရင် ဘာလုပ်ရမလဲ? [2]

ဒါဟာ အလေ့အကျင့်ရရင် ပိုလွယ်ကူသွားနိုင်ပါတယ်။ သုံးစွဲနည်းအပိုင်းကို မဖတ်ရသေးဘူးဆိုရင် အဲဒါကို အရင်ဖတ်ကြည့်ပါ။
အလုပ်မဖြစ်သေးဘူးလား။ အလေ့အကျင့်လဲ မရလာပါဘူး ဆိုရင် ကိုယ်ထဲထည့်သွင်းစရာမလိုတဲ့ နည်းကို ရွေးချင်ပါလိမ့်မယ်။ တကယ်လို့ ခြားခံပါတဲ့နည်းလမ်းတစ်ခုခုကို စွဲသုံးနေချင်ရင်တော့ ကိုယ်ထဲထည့်သွင်းစရာမလိုတဲ့နည်း (အမျိုးသားသုံးကွန်ဒုံးလို)ကို သုံးစွဲကြည့်ပါ။
အခြားနည်းလမ်းသုံးမယ်-implant; IUD; condom; ကပ်ခွာပြား; ဆေးလုံး ; အဝိုင်းကွင်း; ထိုးဆေး

ဆီးလမ်းကြောင်းပိုးဝင်တာ ဘာလို့ ခဏခဏဖြစ်နေရတာလဲ ?[7]

တချို့အမျိုးသမီးတွေမှာ diaphragmအမြှေးပြားကိုသုံးရင်း ဆီးလမ်းကြောင်းပိုးဝင်တာတွေရလာပါတယ် diaphragmအမြှေးပြားကိုမထည့်ခင် ဆီးသွားပေးပါက အဆင်ပြေနိုင်ပါတယ်။ လိင်ဆက်ဆံပြီးရင်လည်း ဆီးသွားပေးပါ။
သင့်diaphragmအမြှေးပြား နေရာတကျဖြစ်မဖြစ်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့စစ်ဆေးနိုင်ပါတယ်
အလုပ်မဖြစ်သေးဘူးလား။ ဆီးလမ်းကြောင်းပိုးဝင်တာ ဆက်ဖြစ်နေသေးရင်၊ နည်းလမ်းပြောင်းချင်ရင်တော့ လိင်ဆက်ဆံတိုင်း ကိုယ့်ဖာသာထည့်သွင်းစရာ မလိုတဲ့ နည်းတစ်ခုခုကို စဥ်းစားပါ။
အခြားနည်းလမ်းသုံးမယ်-implant; IUD; ကပ်ခွာပြား; ဆေးလုံး; ထိုးဆေး

ကိုးကားချက်များ

[1] Cornell Health. (2019). Using a Diaphragm. Cornell University , New York . Retrieved from https://health.cornell.edu/sites/health/files/pdf-library/using-a-diaphragm.pdf
[2] CHIJIOKE, M. K. (2016). SPERMICIDES AND DIAPHRAGMS. UNIVERSITY OF BENIN CITY: DEPARTMENT OF HEALTH, SAFETY AND ENVIRONMENTAL EDUCATION. Retrieved fromhttps://www.academia.edu/24646826/SPERMICIDES_AND_DIAPHRAGMS
[3] FPA the sexual health charity. (2015). Your guide to diaphragms and caps. Retrieved from https://www.fpa.org.uk/sites/default/files/diaphragms-and-caps-your-guide.pdf
[4] Family Planning NSW. (s.f). Single-Size Contraceptive Barrier Device – CAYA® DIAPHRAGM. Retrieved from https://www.fpnsw.org.au/sites/default/files/assets/caya_diaphragm_fs_1.pdf
[5] Reproductive Health Access Project. (2019). DIAPHRAGM Caya® and Milex®. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2014/12/factsheet_diaphragm.pdf
[6] Reproductive Health Supplies Coalition. (2013). Diaphragm. Reproductive Health Supplies Coalition, Caucus on New and Underused Reproductive Health Technologies. Retrieved from https://www.rhsupplies.org/fileadmin/uploads/rhsc/Working_Groups/New_Underused_RH_Technologies_Caucus/Documents/Technical_Briefs/rhsc-brief-diaphragm_A4.pdf
[7] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 5: Barrier Methods. JOGC Journal of Obstetrics and Gynaecology Canada , 37. Retrieved from https://www.jogc.com/article/S1701-2163(16)39376-8/pdf
[8] Schwartz, et al. (2015). Contraceptive Efficacy, Safety, Fit, and Acceptability of a Single-Size Diaphragm Developed With End-User Input. The American College of Obstetricians. Wolters Kluwer Health, Inc. Retrieved from https://www.essentialaccess.org/sites/default/files/Contraceptive_Efficacy_Safety_Fit.pdf
[9] Shoupe, D. (2016). Barrier Contraceptives: Male Condoms, Vaginal Spermicides, and Cervical Barrier Methods. En D. Shoupe, The Handbook of Contraception: A Guide for Practical Management. Retrieved from http://eknygos.lsmuni.lt/springer/677/147-177.pdf
[10] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[11] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang Burmese