သင်နဲ့ကိုက်ညီတဲ့ ရွေးချယ်စရာ အားလုံးကို ရွေးချယ်ပါ ဒါမှမဟုတ် သန္ဓေတားနည်းဆိုင်ရာ ကျွန်ုပ်တို့ရဲ့ မေးခွန်းတွေကို အသုံးပြုပါ
ကျွန်ုပ်တို့ရဲ့ ဆေးဝါး နဲ့ လူမှုဘဝအချက်အလက်များကို သုံးပြီးတော့ သင့်အတွက် ကောင်းမွန်နိုင်မဲ့ သန္ဓေတားနည်းလမ်းများကို ဆုံးဖြတ်မယ်၊ ပြီးရင် အသင့်တော်ဆုံး ဆုံးဖြတ်ချက်ချနိုင်အောင် ရွေးချယ်စရာတွေကို နှိုင်းယှဥ်ရပါမယ်။
သင့်ဦးစားပေးများအပေါ်အခြေခံတဲ့ နည်းလမ်းများ
Find My Method မှာ ရှိတဲ့ အကြောင်းအရာတွေဟာ အချက်အလက်ပံ့ပိုးရန်အတွက်သာ ရည်ရွယ်ပြီး ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်စပ်ထားခြင်း မရှိပါ။
သန္ဓေတား IUD
ဟော်မုန်းပါဝင်သော IUD ဟာ ကိုယ်ဝန်ကာကွယ်ရန် သားအိမ်အတွင်းသို့ထည့်သွင်းရသည့် အင်္ဂလိပ်စာလုံး တီ-ပုံစံ ပလတ်စတစ်ပစ္စည်းဖြစ်သည်။
စူးစမ်းပါဟော်မုန်းမပါသော IUD (သားအိမ်တွင်းထဲ့ကရိယာ)
ဟော်မုန်းမပါဝင်သော IUD ဟာ ကိုယ်ဝန်ကာကွယ်ရန် သားအိမ်အတွင်းသို့ထည့်သွင်းရသည့် အင်္ဂလိပ်စာလုံး တီ-ပုံစံ ပလတ်စတစ် နှင့် ကြေးနီပစ္စည်းဖြစ်သည်။
စူးစမ်းပါသန္ဓေတားဆေး ထည့်သွင်းခြင်း။
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ကိုယ်ဝန်ကာကွယ်ရန် လက်မောင်းအပေါ်ပိုင်းအတွင်းသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးပါးလွှာတဲ့ ပရိုဂျက်စတင်အချောင်းဖြစ်ပါတယ်။
စူးစမ်းပါပရိုဂျက်စတင်သီးသန့်တားဆေး (အသေးစားတားဆေး)
ပရိုဂျက်စတင်သီးသန့်သန္ဓေတားဆေးဟာ ကိုယ်ဝန်ကာကွယ်ရန်သောက်ရတဲ့ သေးငယ်သော ဟော်မုန်း-တစ်ခုပါ ဆေးဖြစ်ပါတယ်။
စူးစမ်းပါသန္ဓေတားသောက်ဆေး
စုပေါင်းသန္ဓေတားသောက်ဆေးဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် တစ်လချင်းစီအလိုက်စီမံထားပြီး နေ့စဥ်သောက်ရသည့် စုပေါင်းဟော်မုန်းများပါဝင်သော သေးငယ်သည့်သောက်ဆေးဖြစ်သည်။
စူးစမ်းပါသန္ဓေတားထိုးဆေး
သန္ဓေတားထိုးဆေးဟာ အမျိုးသမီးခန္ဓာကိုယ်တွင် တွေ့ရသည့် ဟော်မုန်းများ၏ လူလုပ်ဗားရှင်းများပါဝင်သည့် အရည်ဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပါတယ်။
စူးစမ်းပါကပ်ခွာပြား
အပြားဟာ ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ပါဝင်သော ပါးလွှာပြီး လေးထောင့်ဖြစ်တဲ့ ၅ စင်တီမီတာပတ်လည် ဆေးပလာစတာလိုမျိုး ပစ္စည်းဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်မှာ ကပ်ရပါတယ်။
စူးစမ်းပါမွေးဖွားမှုထိန်းချုပ်ရေးကွင်း
မအင်္ဂါအကွင်းဟာ သန္ဓေတားနည်းလမ်းအဖြစ် မအင်္ဂါထဲသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးကွေးဆန့်နိုင်တဲ့ အကွေးဖြစ်ပါတယ်။
စူးစမ်းပါအရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ
စိတ်မချရပဲလိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ကိုတားဆီးပါ
စူးစမ်းပါပြင်ပအမျိုးသားကွန်ဒုံးများ
ပြင်ပကွန်ဒုံးဆိုတာဟာ ကိုယ်ဝန် နဲ့ STI ကူးစက်ခြင်းမှကာကွယ်ရန်အတွက် ထောင်မတ်နေသည့် လိင်တံအပေါ်တွင် စွပ်ရသည့် အစတစ်ခုဖြစ်သည်။
စူးစမ်းပါအမျိုးသမီးအတွင်းကွန်ဒုံးများ
အတွင်းကွန်ဒုံးဆိုတာဟာ ကိုယ်ဝန် နဲ့ STI ကူးစက်ခြင်းမှကာကွယ်ရန်အတွက် မအင်္ဂါအတွင်းတွင် ထည့်သွင်းရသည့် အစွပ်ဖြစ်ပါတယ်။
စူးစမ်းပါသန္ဓေတားရေမြှုပ်
သန္ဓေတားရေမြှုပ်ဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် မအင်္ဂါထဲသို့ ရေစွတ်ပြီး ထည့်သွင်းရသည့် အဖြူရောင် ပလတ်စတစ်အမြှုပ်တစ်ခုဖြစ်ပါတယ်။
စူးစမ်းပါသားအိမ်ခေါင်းအစွပ်
သားအိမ်ခေါင်းအစွပ်ဟာ သားအိမ်အတွင်းသို့ သုက်ကောင်များဝင်ရောက်ခြင်းမှ ပိတ်ဆို့ရန် မအင်္ဂါအတွင်း ထည့်သွင်းရသည့် ရာဘာစေး သို့မဟုတ် ပလတ်စတစ်ရာဘာအစွပ်ဖြစ်ပါတယ်။
စူးစမ်းပါDiaphragm သန္ဓေတားနည်းလမ်း
Diaphragm ဆိုတာ ကိုယ်ဝန်ကာကွယ်ရန် လိင်မဆက်ဆံခင် သားအိမ်ခေါင်းအပေါ်သို့ ထည့်သွင်းရတဲ့ အခုံးပုံစံ နူးညံ့ပျော့ပျောင်းတဲ့ခွက်ဖြစ်ပါတယ်။
စူးစမ်းပါသုက်သတ်ဆေး
သုက်သတ်ဆေးဆိုတာဟာ သုက်ကောင်များ မျိုးဥနဲ့ထိတွေ့ပြီး သန္ဓေမတည်ခင် သုက်ကောင်ကို သတ်ပေးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီးပေးသည့် ဓာတုပစ္စည်း သို့မဟုတ် ဆေးဖြစ်ပါတယ်။
စူးစမ်းပါသားဥပြွန်ချည်ခြင်း
သားဥပြွန်ချည်ခြင်းဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် သားဥပြွန်များကို ဆေးဝါးဆိုင်ရာပိတ်ခြင်းဖြစ်ပါတယ်။
စူးစမ်းပါသားကြောဖြတ်ခြင်း
သားကြောဖြတ်ခြင်းဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် သုက်ကောင်သယ်ဆောင်သည့် ပြွန်များကို ပိတ်ဆို့သည့် ခွဲစိတ်မှုလုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။
စူးစမ်းပါသန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများ
သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများတွင် သင့်ရဲ့ ဓမ္မတာစက်ဝန်းကို စောင့်ကြည့်ပြီး ကိုယ်ဝန်ရနိုင်မည့်ရက်များကို တွက်ချက်ကာ အဆိုပါရက်များတွင် လိင်မဆက်ဆံခြင်းဖြင့် ကိုယ်ဝန်ကာကွယ်ခြင်းပါဝင်ပါတယ်။
စူးစမ်းပါမိခင်နို့တိုက်ချိန်ဓမ္မတာမလာခြင်းနည်းလမ်း (LAM)
Lactational amenorrhea method (LAM) သည် ကလေးမွေးဖွားပြီး 6 လအတွင်း သီးသန့် သို့မဟုတ် သီးသန့်နီးပါး မိခင်နို့တိုက်ခြင်းတွင် အခြေပြုထားသော ရေတို၊ သဘာဝ သန္ဓေတားဆေးဖြစ်ပြီး၊ သင့်ရာသီသွေးများ ပြန်မလာသေးသရွေ့ ကလေးမွေးဖွားပြီး 6 လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဖြစ်သည်။
စူးစမ်းပါအပြင်ထုတ်နည်းလမ်း (ဆွဲထုတ်ခြင်းနည်းလမ်း)
အပြင်ထုတ်နည်းလမ်းတွင် သုက်ကောင်များ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်ရန် အချိန်မှီ ဆွဲထုတ်ခြင်းပါဝင်ပါတယ်။
စူးစမ်းပါလိင်မဆက်ဆံခြင်း
လိင်မဆက်ဆံခြင်းဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအားလုံး ဒါမှမဟုတ် အချို့ကို နှောင့်နှေးစေခြင်း ဒါမှမဟုတ် ရှောင်ရှားခြင်းဖြစ်ပါတယ်။
စူးစမ်းပါသန္ဓေတားမေးခွန်း
သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား? ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။
ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။